၁ ပေ 1:10 - မြန်မာ့စံမီသမ္မာကျမ်း10 သင်တို့ခံစားရမည့်ကျေးဇူးတော်နှင့်ပတ်သက်၍ ဟောပြောခဲ့သည့်ပရောဖက်တို့သည် ထိုကယ်တင်ခြင်းအကြောင်းကို ရှာဖွေစူးစမ်းခဲ့ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible10 ပရောဖက်များသည်ယင်းကယ်တင်ခြင်းနှင့် ပတ်သက်၍အသေအချာစုံစမ်းရှာဖွေခဲ့ ကြ၏။ သင်တို့အားဘုရားသခင်ပေးတော် မူမည့်ဤဆုကျေးဇူးအကြောင်းကိုဟော ကြားခဲ့ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible10 သင် တို့ ထံ ရောက် လာ မည့် ကျေး ဇူး တော် အ ကြောင်း တင် ကူး ဟော ပြော သော ပ ရော ဖက် တို့ ပင် ထို ကယ် တင် ခြင်း နှင့် စပ်၍ စီ စစ် ရှာ ဖွေ ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible10 ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့ စစ်ကြောမေးမြန်းရှာဖွေ၍၊ သင်တို့ ခံရသော ကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 သင်တို့ခံစားရမည့်ကျေးဇူးတော်အကြောင်းကို ဟောပြောသောပရောဖက်တို့သည် ဤကယ်တင်ခြင်းနှင့်ပတ်သက်၍ ဂရုတစိုက်ရှာဖွေစူးစမ်းခဲ့ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။