၁ ကော 3:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း
13 ထိုသူအသီးသီးတို့၏ လုပ်ဆောင်မှုသည် ပေါ်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တရားစီရင်ရာနေ့၌ ထိုသူတို့၏ လုပ်ဆောင်မှုကို မီးသည် ဖော်ပြမည်ဖြစ်သောကြောင့်ပင်။ ထိုမီးသည် လူအသီးသီးတို့၏ လုပ်ဆောင်မှုအရည်အသွေးရှိမရှိကို စစ်ဆေးလိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
13 ထိုသူတစ်ယောက်စီ၏တည်ဆောက်မှုအရည် အသွေးသည် ခရစ်တော်ကြွလာတော်မူရာနေ့ ၌သိသာထင်ရှားလိမ့်မည်။ ထိုနေ့၌မီးလျှံ သည်လူတိုင်း၏အလုပ်ကိုထင်ပေါ်စေလိမ့်မည်။ ထိုမီးသည်လူအသီးသီးတို့၏အလုပ် အရည်အသွေးကိုစစ်ဆေးပေးလိမ့်မည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
13 အ သီး အ သီး၏ အ လုပ် သည် ပေါ် ရ လ တ္တံ့။ အ သီး အ သီး ၏ အ လုပ် ကို မည် သည့် အ ရည် ဖြစ် ကြောင်း နေ့ တော် မီး စံ ချ သည့် အ လျောက် မီး၌ ထင် ရှား မည့် နေ့ ရက် တော် သည် ဖော် ပြ လိမ့် မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
13 အသီးအသီးလုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဖော်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်းလိမ့်မည်။-
အခန်းကိုကြည့်ပါ။ ကော်ပီ
13 ထိုသူပြုလုပ်သောအရာသည် ထင်ရှားလာလိမ့်မည်။ အကြောင်းမူကား ထိုနေ့ရက်သည် ၎င်းကိုထင်ရှားစေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့ရက်သည် မီးအားဖြင့်ပေါ်ထွန်းလာ၍ လူတစ်ဦးစီပြုလုပ်သောအရာသည် မည်ကဲ့သို့ပြုလုပ်ထားသည်ကို မီးသည်စစ်ဆေးလိမ့်မည်။
အခန်းကိုကြည့်ပါ။ ကော်ပီ