သို့သော်လည်း သင်တို့သည် ဆရာတော်ဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် ဆရာတစ်ပါးတည်းသာရှိသောကြောင့်ဖြစ်၏။ သင်တို့အားလုံးသည်လည်း ညီအစ်ကိုမောင်နှမများဖြစ်ကြ၏။
၂ ကော 4:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်တော်သည် သခင်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့သည် ယေရှုအတွက် သင်တို့၏ အစေအပါးများဖြစ်ကြောင်းကို ဟောပြောကြခြင်းဖြစ်၏။ Common Language Bible ငါတို့သည်မိမိတို့၏အကြောင်းကိုဟော ပြောကြသည်မဟုတ်။ ယေရှုခရစ်သည်အရှင် သခင်ဖြစ်တော်မူကြောင်း၊ ငါတို့သည်သခင် ယေရှု၏အတွက်သင်တို့၏အစေခံများ ဖြစ်ကြကြောင်းကိုဟောပြောကြ၏။- Garrad Bible မု ချ အား ဖြင့် မှောင် ကျ ရာ မှ အ လင်း တောက် စေ ဟု မိန့် တော် မူ ခဲ့ သော ဘု ရား သ ခင် ကား ခ ရစ် တော် ၏ မျက် နှာ တော် ရှိ ဘု ရား သ ခင့် ဘုန်း တော် ဆိုင် ရာ အ သိ ပ ညာ ရောင် ခြည် ဖြင့် ထွန်း လင်း ကြ စေ ရန် ငါ တို့ စိတ် နှလုံး တွင် တောက် သော အ ရှင် ဖြစ် တော် မူ သော ကြောင့် ယေ ရှု အ တွက် သင် တို့ ကျွန် မျှ သာ ဖြစ် သော ငါ တို့ သည် ကိုယ့် အ ကြောင်း မ ဟုတ်၊ ခ ရစ် တော် ယေ ရှု အ ရှင် ဘု ရား အ ကြောင်း ကြော် ငြာ ကြ ၏။ Judson Bible ငါတို့သည် ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်း ကိုလည်းကောင်း၊ ငါတို့သည် ယေရှုအတွက် သင်တို့၏ကျွန် ဖြစ်ကြောင်းကိုလည်းကောင်း ဟောပြောကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်ဘဲ ယေရှုခရစ်တော်သည် အရှင်သခင်ဖြစ်ကြောင်းကို ဟောပြောကြ၏။ ငါတို့ကိုယ်တိုင်မူကား ယေရှုအတွက် သင်တို့၏အစေအပါးများဖြစ်ကြ၏။ |
သို့သော်လည်း သင်တို့သည် ဆရာတော်ဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် ဆရာတစ်ပါးတည်းသာရှိသောကြောင့်ဖြစ်၏။ သင်တို့အားလုံးသည်လည်း ညီအစ်ကိုမောင်နှမများဖြစ်ကြ၏။
အပြစ်အတွက် နောင်တရ၍ ဘုရားသခင်ထံသို့ ပြန်လာသောသူတို့ကို ငါသည် ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့သော်လည်း ငါ့ထက်ကြီးမြတ်သောအရှင်သည် မကြာမီကြွလာမည်။ ငါသည် ထိုအရှင်၏ဖိနပ်ကိုမျှ သယ်ဆောင်ရန် မထိုက်တန်ပါ။ ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်။
မိမိခံယူချက်အတိုင်း ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ သို့သော် မိမိကို စေလွှတ်တော်မူသောအရှင်၏ ဘုန်းအသရေကို ရှာသောသူသည် ဖြောင့်မှန်သောသူဖြစ်ပြီး မလိမ်ညာတတ်။
ဘုရားသခင်သည် အရာခပ်သိမ်းတို့၏အရှင်သခင်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ငြိမ်းချမ်းခြင်းတရားကိုဟောပြော၍ အစ္စရေးလူမျိုးတို့အား ပေးပို့သည့်နှုတ်တော်ထွက်စကားကို သင်တို့သိကြ၏။
ထို့ကြောင့် အစ္စရေးလူမျိုးအပေါင်းတို့… လက်ဝါးကပ်တိုင်ပေါ်တွင် သင်တို့သတ်သော ထိုယေရှုကို ဘုရားသခင်သည် အရှင်သခင်နှင့်ခရစ်တော်အရာ၌ ခန့်ထားတော်မူသည်ကို သေချာစွာ သိမှတ်ကြလော့” ဟူ၍ ဖြစ်၏။
အစ္စရေးလူမျိုးများအား နောင်တရ၍ အပြစ်တရားမှလွှတ်စေရန် ဘုရားသခင်သည် ထိုအရှင်အား ခေါင်းဆောင်နှင့် ကယ်တင်ရှင်အဖြစ် မိမိ၏လက်ယာတော်ဘက်၌ ချီးမြောက်တော်မူပြီ။
သို့ရာတွင် ကျွန်ုပ်တို့သည် လက်ဝါးကပ်တိုင်တွင် ခရစ်တော်အသေခံသည့်အကြောင်းကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည် ဂျူးလူမျိုးတို့အတွက် ဆူးငြောင့်ခလုတ်ဖြစ်ပြီး လူမျိုးခြားတို့အတွက် အဓိပ္ပာယ်မဲ့သောအရာ ဖြစ်၏။
ထို့ကြောင့် သင်တို့အား ကျွန်ုပ်သိစေလိုသည်မှာ မည်သူကမျှ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ယေရှုကို ကျိန်မည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မဟုတ်လျှင် မည်သူကမျှ ယေရှုသည် သခင်ဖြစ်ကြောင်း ပြောနိုင်မည်မဟုတ်။
ပထမဦးဆုံးလူသည် မြေကြီးက ဖြစ်လာသောကြောင့် မြေကြီးသားဖြစ်၏။ ဒုတိယလူမှာ ကောင်းကင်ဘုံမှ လာသောသူဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ် လက်ဝါးကပ်တိုင်တွင် အသေခံတော်မူခဲ့သော ယေရှုခရစ်တော်၏အကြောင်းမှလွဲ၍ အခြားမည့်သည့်အရာကိုမျှ မသိသကဲ့သို့နေရန် ဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။
သင်တို့အား ခရစ်တော်အကြောင်းကို သင်ပေးမည့်ဆရာပေါင်း တစ်သောင်း ရှိလျှင်ပင် ဝိညာဉ်ရေးရာဖခင်မှာ တစ်ဦးတည်းရှိ၏။ ကျွန်ုပ်သည် သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် ယေရှုခရစ်တော်၌ သင်တို့၏ဖခင်ဖြစ်လာ၏။
ကျွန်ုပ်တို့အတွက်မှာမူ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အဖဘုရားသခင် တစ်ဆူတည်းသာရှိ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်အတွက် အသက်ရှင်ကြ၏။ ထို့ပြင် ကျွန်ုပ်တို့အတွက် ယေရှုခရစ်တော်ဟူသော သခင်တစ်ပါးတည်းသာ ရှိ၍ အရာခပ်သိမ်းသည် ထိုအရှင်အားဖြင့် ဖြစ်လာပြီး ကျွန်ုပ်တို့သည်လည်း ထိုအရှင်အားဖြင့်သာ အသက်ရှင်ကြ၏။
ကျွန်ုပ်မှစ၍ သိလွာနုနှင့် တိမောသေတို့က သင်တို့အား ဟောပြောခဲ့သော ဘုရားသခင်၏ သားတော် ယေရှုခရစ်တော်သည် “ဟုတ်၏” နှင့် “မဟုတ်ပါ” ကြားတွင် ယိမ်းယိုင်သောအရှင် မဟုတ်ပေ။ ထိုအရှင်၌ “ဟုတ်၏” ဟူ၍သာ ရှိ၏။
သို့သော် ကျွန်ုပ်တို့သည် သင်တို့၏ ယုံကြည်ခြင်းကို ချုပ်ကိုင်ထားသည်ဟူ၍ မဆိုလိုပါ။ ကျွန်ုပ်တို့သည် သင်တို့ ဝမ်းမြောက်နိုင်ရန် သင်တို့နှင့်အတူ လက်တွဲလုပ်ဆောင်နေခြင်းသာ ဖြစ်၏။ သင်တို့သည်လည်း ယုံကြည်ခြင်းဖြင့် ခိုင်မြဲစွာ ရပ်တည်နေပြီဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် လွတ်လပ်ခွင့်ရရန်အတွက် ခေါ်တော်မူခြင်းခံရသူများ ဖြစ်၏။ သို့သော် သင်တို့၏ လွတ်လပ်ခွင့်ကို မိမိဗီဇစိတ်အလိုသို့ လိုက်ရန်အတွက် အခွင့်အရေးအဖြစ်အသုံးမပြုဘဲ မေတ္တာဖြင့် အချင်းချင်းအစေခံခြင်းအတွက် အသုံးပြုကြလော့။
အချို့သောသူတို့သည် မနာလိုစိတ်၊ ရန်လိုစိတ်တို့ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ သို့သော် အချို့သောသူတို့မှာမူ စေတနာစိတ်ဖြင့် ဟောပြောကြ၏။
“ယေရှုခရစ်တော်သည် သခင်ဖြစ်တော်မူသည်” ဟု နှုတ်ဖြင့် ဝန်ခံလျက် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားကြစေရန် ဖြစ်၏။
ထို့ကြောင့် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့သည် ယေရှုခရစ်တော်ကို ယုံကြည်၍ ကယ်တင်ခြင်းကို ထာဝရဘုန်းတော်နှင့်အတူ ရရှိနိုင်ရန် ထိုသူတို့အတွက် ဆင်းရဲဒုက္ခအားလုံးကို ကျွန်ုပ်သည်းခံ၏။
ထိုသူတို့ကို နှုတ်ဆိတ်စေရမည်။ သူတို့သည် မသမာနည်းဖြင့် ငွေရှာလိုသောကြောင့် မသွန်သင်သင့်သော အရာများကို သွန်သင်လျက် အချို့မိသားစုများ၏ ယုံကြည်ခြင်းကို ပျက်စီးစေကြ၏။
ထိုသူတို့သည် မိမိတို့၏ လောဘစိတ်နှင့် လုပ်ကြံဇာတ်လမ်းများဖြင့် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ ဘုရားသခင်သည် ထိုသူတို့ ခံရမည့်ပြစ်ဒဏ်ကို ယခင်ကပင် ချမှတ်ထားတော်မူခဲ့၏။ သူတို့၏ ပျက်စီးခြင်းကိုလည်း နှောင့်နှေးစေတော်မူမည် မဟုတ်။