၁ ကော 1:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း23 သို့ရာတွင် ကျွန်ုပ်တို့သည် လက်ဝါးကပ်တိုင်တွင် ခရစ်တော်အသေခံသည့်အကြောင်းကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည် ဂျူးလူမျိုးတို့အတွက် ဆူးငြောင့်ခလုတ်ဖြစ်ပြီး လူမျိုးခြားတို့အတွက် အဓိပ္ပာယ်မဲ့သောအရာ ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible23 ငါတို့ကမူလက်ဝါးကပ်တိုင်တွင်အသေခံ တော်မူသောခရစ်တော်၏အကြောင်းကိုဟော ပြောကြေညာကြ၏။ ထိုအကြောင်းအရာသည် ယုဒအမျိုးသားတို့အတွက်မနှစ်မြို့စရာ၊ လူမျိုးခြားတို့အတွက်အနက်အဋ္ဌိပ္ပါယ်မရှိ သည့်အရာဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible23-24 ယု ဒ လူ မျိုး တို့၌ ခ လုတ်၊ လူ မျိုး ခြား တို့၌ အ မိုက် သ ဖွယ် ဖြစ် သော် လည်း ယု ဒ လူ မျိုး ဖြစ် စေ၊ ဂ ရိတ် လူ မျိုး ဖြစ် စေ၊ ခေါ် ထား တော် မူ သူ တို့၌ ဘု ရား သ ခင့် တန် ခိုး တော်၊ ဘု ရား သ ခင့် ပ ညာ တော် ဖြစ် သော ကား တင် ခံ တော် မူ ခဲ့ သည့် ခ ရစ် တော် အ ကြောင်း ကို ငါ တို့ ဟော ပြော ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible23 ငါတို့မူကား၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ခရစ်တော်၏ အကြောင်းအရာကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည်ကား၊ ယုဒအမျိုးသား ထိမိ၍ လဲစရာအကြောင်းဖြစ်၏။ တစ်ပါးအမျိုးသား၌ကား၊ မိုက်မဲခြင်းဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 ငါတို့မူကား လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည် ဂျူးလူမျိုးတို့အတွက် မှားယွင်းစရာအကြောင်းဖြစ်ပြီး လူမျိုးခြားတို့အတွက် မိုက်မဲသောအရာဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။