၂ ကော 4:5 - မြန်မာ့စံမီသမ္မာကျမ်း5 အကြောင်းမူကား ငါတို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်ဘဲ ယေရှုခရစ်တော်သည် အရှင်သခင်ဖြစ်ကြောင်းကို ဟောပြောကြ၏။ ငါတို့ကိုယ်တိုင်မူကား ယေရှုအတွက် သင်တို့၏အစေအပါးများဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible5 ငါတို့သည်မိမိတို့၏အကြောင်းကိုဟော ပြောကြသည်မဟုတ်။ ယေရှုခရစ်သည်အရှင် သခင်ဖြစ်တော်မူကြောင်း၊ ငါတို့သည်သခင် ယေရှု၏အတွက်သင်တို့၏အစေခံများ ဖြစ်ကြကြောင်းကိုဟောပြောကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible5-6 မု ချ အား ဖြင့် မှောင် ကျ ရာ မှ အ လင်း တောက် စေ ဟု မိန့် တော် မူ ခဲ့ သော ဘု ရား သ ခင် ကား ခ ရစ် တော် ၏ မျက် နှာ တော် ရှိ ဘု ရား သ ခင့် ဘုန်း တော် ဆိုင် ရာ အ သိ ပ ညာ ရောင် ခြည် ဖြင့် ထွန်း လင်း ကြ စေ ရန် ငါ တို့ စိတ် နှလုံး တွင် တောက် သော အ ရှင် ဖြစ် တော် မူ သော ကြောင့် ယေ ရှု အ တွက် သင် တို့ ကျွန် မျှ သာ ဖြစ် သော ငါ တို့ သည် ကိုယ့် အ ကြောင်း မ ဟုတ်၊ ခ ရစ် တော် ယေ ရှု အ ရှင် ဘု ရား အ ကြောင်း ကြော် ငြာ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible5 ငါတို့သည် ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်း ကိုလည်းကောင်း၊ ငါတို့သည် ယေရှုအတွက် သင်တို့၏ကျွန် ဖြစ်ကြောင်းကိုလည်းကောင်း ဟောပြောကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ကျွန်ုပ်တို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်တော်သည် သခင်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့သည် ယေရှုအတွက် သင်တို့၏ အစေအပါးများဖြစ်ကြောင်းကို ဟောပြောကြခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။