ထို့နောက် ‘ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိခဲ့ပါက ပရောဖက်တို့ကို သတ်သောအမှုတွင် ပူးပေါင်းမည်မဟုတ်ပါ’ ဟု ဆိုကြ၏။
၂ ကော 1:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ ဆက်လက်၍ သည်းခံနိုင်မည်ဟု ကျွန်ုပ်တို့ ခိုင်မြဲစွာ မျှော်လင့်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဆင်းရဲဒုက္ခကို ကျွန်ုပ်တို့နှင့်အတူ မျှဝေခံစားရသကဲ့သို့ နှစ်သိမ့်ခြင်းကိုလည်း မျှဝေခံစားရမည်ကို ကျွန်ုပ်တို့ သိသောကြောင့်ဖြစ်၏။ Common Language Bible သို့ဖြစ်၍သင်တို့အတွက်မယိမ်းမယိုင်သော မျှော်လင့်ခြင်းငါတို့၌ရှိ၏။ သင်တို့သည်ငါ တို့ခံရသည့်ဆင်းရဲဒုက္ခမျိုးကိုခံရကြ သည့်နည်းတူငါတို့ရရှိသည့်နှစ်သိမ့်မှုမျိုး ကိုလည်းရရှိကြကြောင်းငါတို့သိကြ၏။ Garrad Bible ထို ဒု က္ခ ကို သင် တို့ ဆက် ဆံ ခံ ရ သည့် အ လျောက် နှစ် သိမ့် ခွင့် ကို လည်း ဆက် ဆံ ခံ ရ ကြောင်း သိ ကြ သ ဖြင့် ငါ တို့ သည် သင် တို့ နှင့် စပ်၍ ခိုင် ခံ့ စွာ မြော် လင့် ခွင့် ရ ကြ၏။ Judson Bible သင်တို့အတွက်ကြောင့် ငါတို့သည် မရွေ့နိုင်သော မျှော်လင့်ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲခြင်းကိုဆက်ဆံသကဲ့သို့၊ ထိုနည်းတူ သက်သာခြင်းကို ဆက်ဆံကြ၏ဟု ငါတို့သည်သိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့အတွက် ငါတို့၏မျှော်လင့်ခြင်းသည်လည်း ခိုင်မြဲလျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဒုက္ခဝေဒနာကို မျှဝေခံစားရသကဲ့သို့ နှစ်သိမ့်ခြင်းကိုလည်း မျှဝေခံစားရမည်ဖြစ်ကြောင်း ငါတို့သိကြ၏။ |
ထို့နောက် ‘ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိခဲ့ပါက ပရောဖက်တို့ကို သတ်သောအမှုတွင် ပူးပေါင်းမည်မဟုတ်ပါ’ ဟု ဆိုကြ၏။
သင်တို့ဘဝတွင် ကြုံတွေ့ရသော စုံစမ်းနှောင့်ယှက်မှုများသည် အခြားသူများ ကြုံတွေ့ရသောစုံစမ်းနှောင့်ယှက်မှုများနှင့် မခြားနားပါ။ ဘုရားသခင်သည် သစ္စာရှိတော်မူသည်ဖြစ်၍ သင်တို့ ခံနိုင်သည်ထက် ပိုသော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အား ခံစေတော်မူမည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့ကြုံတွေ့ရသောအခါ ဘုရားသခင်သည် သင်တို့ခံနိုင်ရန်အတွက် လွတ်မြောက်မည့်လမ်းကို ပြင်ဆင်ပေးတော်မူလိမ့်မည်။
ထို့ကြောင့် သင်တို့သည် ကျွန်ုပ်တို့ကို တစ်စိတ်တစ်ဒေသ သိထားသည်နှင့်အညီ သခင်ယေရှု ပြန်လည်ကြွလာမည့် နေ့ရက်၌ ကျွန်ုပ်တို့သည် သင်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်သကဲ့သို့ သင်တို့သည်လည်း ကျွန်ုပ်တို့အတွက် ဂုဏ်ယူဝင့်ကြွားစရာဖြစ်ကြောင်းကို သင်တို့ စုံလင်စွာ သိကြလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်၏။
ကျွန်ုပ်ရောက်လာသောအခါ သင်တို့ကို ကျွန်ုပ်မြင်တွေ့လိုသည့်အတိုင်း မဖြစ်သကဲ့သို့ ကျွန်ုပ်ကိုလည်း သင်တို့မြင်တွေ့လိုသည့်အတိုင်း မဖြစ်မည်ကို ကျွန်ုပ်စိုးရိမ်၏။ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အသရေဖျက်ခြင်း၊ ကောလာဟလပြောခြင်း၊ ဘဝင်မြင့်ခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းစသည်တို့ရှိမည်ကို စိုးရိမ်၏။
ယခု ကျွန်ုပ်ဝမ်းမြောက်၏။ သင်တို့ဝမ်းနည်းခဲ့ရသည့်အတွက်မဟုတ်။ သင်တို့၏ ဝမ်းနည်းခြင်းသည် သင်တို့ကို နောင်တရစေသောကြောင့် ဝမ်းမြောက်ခြင်းဖြစ်၏။ သင်တို့သည် ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းကြရသည်ဖြစ်၍ ကျွန်ုပ်တို့ကြောင့် နာကျင်ရသည်ဟူ၍ မရှိခဲ့ပေ။
ဆင်းရဲဒုက္ခကို ခံနိုင်လျှင် ကိုယ်တော်နှင့်အတူ စိုးစံရလိမ့်မည်။ ကိုယ်တော်ကို ငြင်းပယ်လျှင် ကိုယ်တော်သည်လည်း ကျွန်ုပ်တို့ကို ငြင်းပယ်လိမ့်မည်။
အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့တွင် ကျွန်ုပ်မည်သို့ညှဉ်းပန်းနှိပ်စက် ခံရ၍ ဆင်းရဲဒုက္ခကြုံခဲ့ရသည်ကိုလည်း သင်သိ၏။ သို့သော် သခင်ဘုရားသည် ထိုဆင်းရဲဒုက္ခအပေါင်းမှ ကျွန်ုပ်ကို ကယ်တင်တော်မူ၏။
ဒုက္ခဆင်းရဲတို့ဖြင့် စမ်းသပ်ခြင်းကို အဆုံးတိုင်အောင် ကြံ့ကြံ့ခံသောသူသည် မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုစမ်းသပ်ခြင်းကို အောင်မြင်သောအခါ ဘုရားသခင်ကို ချစ်သောသူတို့အတွက် ကတိထားတော်မူသည့် အသက်ဆုသရဖူကို ရမည်ဖြစ်သောကြောင့်ပင်။
သင်တို့၏ညီအစ်ကိုဖြစ်သော ကျွန်ုပ်ယောဟန်သည် သင်တို့နည်းတူ ယေရှု၏နောက်လိုက်ဖြစ်သည်နှင့်အညီ ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ဘုရားသခင်၏နိုင်ငံတော်သားဖြစ်ခွင့်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံရခြင်းကိုလည်းကောင်း မျှဝေခံစားသည့် သင်တို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောပြီး သခင်ယေရှုအကြောင်းကို သက်သေခံသောကြောင့် ပတ်မုကျွန်းသို့ ရောက်နေ၏။