Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 1:7 - Common Language Bible

7 သို့​ဖြစ်​၍​သင်​တို့​အ​တွက်​မ​ယိမ်း​မ​ယိုင်​သော မျှော်​လင့်​ခြင်း​ငါ​တို့​၌​ရှိ​၏။ သင်​တို့​သည်​ငါ တို့​ခံ​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို​ခံ​ရ​ကြ သည့်​နည်း​တူ​ငါ​တို့​ရ​ရှိ​သည့်​နှစ်​သိမ့်​မှု​မျိုး ကို​လည်း​ရ​ရှိ​ကြ​ကြောင်း​ငါ​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ထို ဒု က္ခ ကို သင် တို့ ဆက် ဆံ ခံ ရ သည့် အ လျောက် နှစ် သိမ့် ခွင့် ကို လည်း ဆက် ဆံ ခံ ရ ကြောင်း သိ ကြ သ ဖြင့် ငါ တို့ သည် သင် တို့ နှင့် စပ်၍ ခိုင် ခံ့ စွာ မြော် လင့် ခွင့် ရ ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 သင်​တို့​အ​တွက်​ကြောင့် ငါ​တို့​သည် မ​ရွေ့​နိုင်​သော မျှော်​လ​င့်​ခြင်း​ရှိ၏။ သင်​တို့​သည် ဆင်း​ရဲ​ခြင်း​ကို​ဆက်​ဆံ​သ​ကဲ့​သို့၊ ထို​နည်း​တူ သက်​သာ​ခြင်း​ကို ဆက်​ဆံ​ကြ၏​ဟု ငါ​တို့​သည်​သိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သင်​တို့​အတွက် ငါ​တို့​၏​မျှော်လင့်​ခြင်း​သည်​လည်း ခိုင်မြဲ​လျက်​ရှိ​၏။ အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ဒုက္ခ​ဝေဒနာ​ကို မျှဝေ​ခံစား​ရ​သကဲ့သို့ နှစ်သိမ့်​ခြင်း​ကို​လည်း မျှဝေ​ခံစား​ရ​မည်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 သင်တို့ ဆက်လက်​၍ သည်းခံနိုင်မည်​ဟု ကျွန်ုပ်တို့ ခိုင်မြဲ​စွာ မျှော်လင့်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ဆင်းရဲဒုက္ခ​ကို ကျွန်ုပ်တို့​နှင့်အတူ မျှဝေခံစားရ​သကဲ့သို့ နှစ်သိမ့်ခြင်း​ကိုလည်း မျှဝေခံစားရမည်​ကို ကျွန်ုပ်တို့ သိ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 1:7
16 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သင်​တို့​က `ငါ​တို့​သာ​ဘိုး​ဘေး​တို့​၏​ခေတ် က​အ​သက်​ရှင်​ခဲ့​မည်​ဆို​ပါ​က၊ ပ​ရော​ဖက်​များ​ကို သတ်​ဖြတ်​သည့်​အ​မှု​တွင်​ပါ​ဝင်​ခဲ့​ကြ​မည်​မ​ဟုတ်' ဟု​ဆို​ကြ​၏။-


သင်​တို့​တွေ့​ကြုံ​ရ​သည့်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း များ​သည်​လူ​အ​ပေါင်း​တို့​တွေ့​ကြုံ​နေ​ကြ၊ သာ မန်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​သာ​ဖြစ်​၏။ ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​သော​အ​ရှင်​ဖြစ် တော်​မူ​သ​ဖြင့် သင်​တို့​အား​မိ​မိ​တို့​ခံ​နိုင်​သည် ထက်​ပို​၍​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​စေ​တော် မူ​လိမ့်​မည်​မ​ဟုတ်။ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ခံ​ရ ချိန်​၌​ခံ​နိုင်​သော​ခွန်​အား​ကို​ပေး​တော်​မူ​သ​ဖြင့် ထို​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​မှ​လွတ်​မြောက်​ရန် လမ်း​ဖွင့်​ပေး​တော်​မူ​လိမ့်​မည်။


ငါ​တို့​၏​အ​ရှင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ရာ​နေ့ ၌​ငါ​တို့​သည်​သင်​တို့​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား နိုင်​သည့်​နည်း​တူ သင်​တို့​သည်​လည်း​ငါ​တို့ အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ကြ​စေ​ရန် သင် တို့​သည်​ယ​ခု​တစ်​စိတ်​တစ်​ဒေ​သ​အား​ဖြင့် သာ သိ​ရှိ​နား​လည်​ကြ​သည့်​အ​ကြောင်း​အ​ရာ များ​ကို​ပြည့်​ဝ​စုံ​လင်​စွာ​သိ​ရှိ​နား​လည် လာ​ကြ​လိမ့်​မည်​ဟု​ငါ​မျှော်​လင့်​၏။


သင်​တို့​ထံ​ရောက်​သော​အ​ခါ​ငါ​တွေ့​မြင် လို​သည့်​အ​ခြေ​အ​နေ​မျိုး​တွင်​သင်​တို့ အား​မ​တွေ့​ရ​မည်​ကို​လည်း​ကောင်း၊ သင် တို့​သည်​လည်း​မိ​မိ​တို့​မြင်​လို​သည့်​အ​ခြေ အ​နေ​တွင်​ငါ​တို့​အား​မ​တွေ့​ရ​ကြ​မည် ကို​လည်း​ကောင်း​စိုး​ရိမ်​မိ​၏။ ခိုက်​ရန်​ဖြစ် ခြင်း၊ မ​နာ​လို​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ဂုဏ် ပြိုင်​ခြင်း၊ စော်​ကား​ပြော​ဆို​ခြင်း၊ တီး​တိုး ဂုံး​ချော​ခြင်း၊ မောက်​မာ​ထောင်​လွှား​ခြင်း၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​တို့​ကို​ငါ တွေ့​ရ​မည်​ကို​စိုး​ရိမ်​မိ​၏။-


ယ​ခု​ဝမ်း​မြောက်​၏။ သင်​တို့​အား​စိတ်​မ​ချမ်း မ​သာ​အောင်​ပြု​ခဲ့​သည့်​အ​တွက်​ကြောင့်​မ​ဟုတ်။ စိတ်​မ​ချမ်း​မ​သာ​မှု​က​သင်​တို့​အား​နောင်​တ တ​ရား​ရ​စေ​သည့်​အ​တွက်​ကြောင့်​ဝမ်း​မြောက် ရ​ခြင်း​ဖြစ်​ပေ​သည်။ ဘု​ရား​သ​ခင်​သည်​ထို စိတ်​မ​ချမ်း​မ​သာ​မှု​ကို​အ​သုံး​ပြု​တော်​မူ သည်​ဖြစ်​ရာ​ငါ​တို့​သည်​သင်​တို့​ကို​အ​ဘယ် သို့​မျှ​မ​နစ်​နာ​စေ​ခဲ့။-


ခံ​နိုင်​ရည်​ရှိ​လျှင်​ကိုယ်​တော်​နှင့်​အ​တူ​စိုး​စံ​ရ လိမ့်​မည်။ ကိုယ်​တော်​အား​စွန့်​ပယ်​လျှင်​ကိုယ်​တော်​သည် ငါ​တို့​အား​စွန့်​ပယ်​တော်​မူ​လိမ့်​မည်။


ငါ​ခံ​ရ​သည့်​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဒုက္ခ​ဆင်း​ရဲ များ​ကို​သင်​သည်​တွေ့​မြင်​ခဲ့​ပေ​သည်။ အန္တိ​အုတ် မြို့၊ ဣ​ကော​နိ​မြို့​နှင့်​လုတ္တိ​ရ​မြို့​တို့​တွင်​ညှဉ်း​ဆဲ နှိပ်​စက်​ခြင်း​အ​မျိုး​မျိုး​တို့​ကို​ငါ​ခံ​ခဲ့​ရ​ကြောင်း သင်​သိ​၏။ သို့​ရာ​တွင်​သ​ခင်​ဘု​ရား​သည်​ငါ့ အား​ထို​ဒုက္ခ​အ​ပေါင်း​မှ​ကယ်​တော်​မူ​ခဲ့​၏။-


စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ကြံ့​ကြံ့​ခံ​နိုင်​သော သူ​သည်​မင်္ဂ​လာ​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​သူ​သည်​ယင်း​သို့​ခံ​နိုင်​သည်​ရှိ​သော် ဘု​ရား သ​ခင်​ကို​ချစ်​သော​သူ​တို့​အား​ကိုယ်​တော်​က​တိ ထား​တော်​မူ​သည့်​အ​သက်​တည်း​ဟူ​သော​ဆု ကို​ရ​ရှိ​မည်​ဖြစ်​သော​ကြောင့်​တည်း။-


ငါ​ကား​နိုင်​ငံ​တော်​သား​များ​ခံ​ရ​သည့်​ဆင်း ရဲ​ဒုက္ခ​ကို သင်​တို့​နှင့်​အ​တူ​သည်း​ခံ​နေ​ရ​သူ၊ သင်​တို့​၏​အစ်​ကို​ယော​ဟန်​ဖြစ်​၏။ ငါ​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​နှင့်​သ​ခင် ယေ​ရှု​ဖော်​ပြ​သက်​သေ​ခံ​သည့်​သမ္မာ​တ​ရား ကို​ဟော​ပြော​ကြေ​ညာ​သည့်​အ​တွက်​ပတ်​မု ကျွန်း​သို့​အ​ပို့​ခံ​ရ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ