၂ ကော 1:7 - မြန်မာ့စံမီသမ္မာကျမ်း7 သင်တို့အတွက် ငါတို့၏မျှော်လင့်ခြင်းသည်လည်း ခိုင်မြဲလျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဒုက္ခဝေဒနာကို မျှဝေခံစားရသကဲ့သို့ နှစ်သိမ့်ခြင်းကိုလည်း မျှဝေခံစားရမည်ဖြစ်ကြောင်း ငါတို့သိကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible7 သို့ဖြစ်၍သင်တို့အတွက်မယိမ်းမယိုင်သော မျှော်လင့်ခြင်းငါတို့၌ရှိ၏။ သင်တို့သည်ငါ တို့ခံရသည့်ဆင်းရဲဒုက္ခမျိုးကိုခံရကြ သည့်နည်းတူငါတို့ရရှိသည့်နှစ်သိမ့်မှုမျိုး ကိုလည်းရရှိကြကြောင်းငါတို့သိကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 ထို ဒု က္ခ ကို သင် တို့ ဆက် ဆံ ခံ ရ သည့် အ လျောက် နှစ် သိမ့် ခွင့် ကို လည်း ဆက် ဆံ ခံ ရ ကြောင်း သိ ကြ သ ဖြင့် ငါ တို့ သည် သင် တို့ နှင့် စပ်၍ ခိုင် ခံ့ စွာ မြော် လင့် ခွင့် ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible7 သင်တို့အတွက်ကြောင့် ငါတို့သည် မရွေ့နိုင်သော မျှော်လင့်ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲခြင်းကိုဆက်ဆံသကဲ့သို့၊ ထိုနည်းတူ သက်သာခြင်းကို ဆက်ဆံကြ၏ဟု ငါတို့သည်သိကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း7 သင်တို့ ဆက်လက်၍ သည်းခံနိုင်မည်ဟု ကျွန်ုပ်တို့ ခိုင်မြဲစွာ မျှော်လင့်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဆင်းရဲဒုက္ခကို ကျွန်ုပ်တို့နှင့်အတူ မျှဝေခံစားရသကဲ့သို့ နှစ်သိမ့်ခြင်းကိုလည်း မျှဝေခံစားရမည်ကို ကျွန်ုပ်တို့ သိသောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့ခံနိုင်သည်ထက် ပိုလွန်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အားခံစေတော်မူလိမ့်မည်မဟုတ်။ ထို့ပြင် သင်တို့ခံနိုင်မည့်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းနှင့်တကွ ထွက်မြောက်ရာလမ်းကိုလည်း ပြင်ဆင်ပေးတော်မူလိမ့်မည်။
ငါရောက်လာသောအခါ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့ကို ငါတွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရသကဲ့သို့ ငါ့ကိုလည်း သင်တို့တွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရမည်ကိုလည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ အတင်းအဖျင်းပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းများ ရှိမည်ကိုလည်းကောင်း ငါစိုးရိမ်၏။
ယခု ငါဝမ်းမြောက်လျက်ရှိ၏။ ထိုသို့ဆိုသော် သင်တို့ကိုဝမ်းနည်းစေခဲ့သောကြောင့် ငါဝမ်းမြောက်သည်မဟုတ်။ သင်တို့၏ဝမ်းနည်းခြင်းသည် သင်တို့ကို နောင်တရစေသောကြောင့်သာဖြစ်၏။ အမှန်စင်စစ် သင်တို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီ ဝမ်းနည်းကြရသည်ဖြစ်၍ ငါတို့ကြောင့် မည်သည့်ဆုံးရှုံးမှုကိုမျှ မခံစားရချေ။