သို့သော်လည်း သင်တို့အား ငါပြောဆိုသည်မှာ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ ပါးတစ်ဖက်ကို ရိုက်သောသူအား အခြားတစ်ဖက်ကိုလည်း လှည့်ပေးလော့။
၁ သက် 5:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဆိုးကို အဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ အချင်းချင်းအတွက်ဖြစ်စေ၊ လူတိုင်းအတွက်ဖြစ်စေ အကျိုးရှိသောအရာများကို အမြဲကြိုးစားလုပ်ဆောင်ကြလော့။ Common Language Bible အဘယ်သူမျှရန်တုံ့မမူစေနှင့်။ အချင်းချင်း တို့၏ကောင်းကျိုးနှင့်လူခပ်သိမ်းတို့၏ကောင်း ကျိုးကို အစဉ်အမြဲရှာရန်ကြိုးစားအား ထုတ်လော့။ Garrad Bible မည် သူ မျှ အ ဆိုး အ တွက် အ ဆိုး မ တုံ့ ပြန် ရန် သ တိ မူ၍ အ ချင်း ချင်း တို့ ကောင်း ကျိုး၊ လူ ခပ် သိမ်း တို့ ကောင်း ကျိုး ကို သာ ရှာ ကြ လော့။ Judson Bible သူတစ်ပါး၌ အဘယ်သူမျှ ရန်တုံ့မမူစေခြင်းငှာ သတိပြု၍၊ အချင်းချင်းတို့၌လည်းကောင်း၊ ခပ်သိမ်းသောသူတို့၌ လည်းကောင်း၊ ကာလအစဉ်ကြိုးစား၍ ကျေးဇူးပြုကြလော့။- မြန်မာ့စံမီသမ္မာကျမ်း မည်သူမျှ သူတစ်ပါးအပေါ် အဆိုးကိုအဆိုးဖြင့်မတုံ့ပြန်ကြစေရန် သတိပြုကြလော့။ အချင်းချင်းအတွက်လည်းကောင်း၊ လူအပေါင်းတို့အတွက်လည်းကောင်း ကောင်းကျိုးကိုသာ အစဉ်ကြိုးစားပြုကြလော့။ |
သို့သော်လည်း သင်တို့အား ငါပြောဆိုသည်မှာ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ ပါးတစ်ဖက်ကို ရိုက်သောသူအား အခြားတစ်ဖက်ကိုလည်း လှည့်ပေးလော့။
သို့သော် သင်တို့သည် ရန်သူများကို ချစ်လော့။ သူတို့အားကောင်းကျိုးပြုလော့။ တစ်စုံတစ်ရာကို ပြန်လည်ရရှိမည်ဟု မမျှော်လင့်ဘဲ ချေးငှားလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံမှ ရရှိမည့် သင်တို့၏ဆုလာဘ်သည် ကြီးမား၍ သင်တို့သည်လည်း အမြင့်မြတ်ဆုံးသော ဘုရားသခင်၏သားသမီးများ ဖြစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျေးဇူးကန်းသောသူများနှင့် ဆိုးသွမ်းသောသူများကို သနားကြင်နာတော်မူသောကြောင့်ဖြစ်၏။
ထိုအခါ ပေါလုက “မိမိကိုယ်ကိုယ် အန္တရာယ်မပြုနှင့်။ ကျွန်ုပ်တို့အားလုံး ဤနေရာတွင် ရှိကြပါ၏” ဟု ကျယ်လောင်သောအသံနှင့် ပြော၏။
သူတစ်ပါးကို ချစ်ခင်ဟန် မဆောင်နှင့်။ စစ်မှန်စွာ ချစ်လော့။ မကောင်းမှုကို မုန်းတီး၍ ကောင်းမှုကို စွဲလမ်းကြလော့။
သို့ဖြစ်၍ အသင်းတော်၌ ငြိမ်းချမ်းစွာ နေစေရန်နှင့် အပြန်အလှန်ဆောက်တည်ဖွယ်ဖြစ်စေရန် ကြိုးပမ်းကြပါစို့။
ချစ်ခြင်းမေတ္တာတရားကို ကြိုးစား၍ ကျင့်သုံးကြလော့။ ဝိညာဉ်ဆုကျေးဇူးများကိုလည်း အလွန်လိုချင်သောစိတ် ရှိကြလော့။ အထူးသဖြင့် ပရောဖက်ပြုဟောပြောနိုင်သောဆုကျေးဇူးကို လိုချင်သောစိတ် ရှိကြလော့။
သင်တို့ထံ တိမောသေ ရောက်လာလျှင် သူ့ကို မစိုးထိတ်စေနှင့်။ သူသည် ကျွန်ုပ်ကဲ့သို့ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်နေသူဖြစ်၏။
ဤသို့ အချင်းချင်း တရားစွဲခြင်းပင်လျှင် သင်တို့အတွက် ဆုံးရှုံးမှုကြီးဖြစ်၏။ တရားစွဲမည့်အစား မတရားပြုမှုကို ခံလိုက်ခြင်းက ပို၍ ကောင်းသည်မဟုတ်လော။ လှည့်စားလိမ်ယူမှုကို ခံလိုက်ခြင်းက ပို၍ ကောင်းသည်မဟုတ်လော။
ထို့ကြောင့် ကျွန်ုပ်တို့သည် အခွင့်သာတိုင်း လူအပေါင်းတို့အပေါ်၊ အထူးသဖြင့် ယုံကြည်သူမိသားစုတို့အပေါ် ကောင်းမှုပြုကြစို့။
ထို့ကြောင့် သင်တို့ မည်ကဲ့သို့ ပြုမူနေထိုင်သည်ကို သတိပြုကြလော့။ ပညာမဲ့ကဲ့သို့ မဟုတ်ဘဲ ပညာရှိကဲ့သို့ ပြုမူနေထိုင်ကြလော့။
မည်သို့ပင်ဆိုစေ ခင်ပွန်းသည် တစ်ဦးချင်းစီတိုင်းသည်လည်း မိမိကိုယ်မိမိ ချစ်သကဲ့သို့ မိမိဇနီးသည်ကို ချစ်ကြလော့။ ဇနီးသည်တို့ကလည်း မိမိခင်ပွန်းသည်ကို ရိုသေကြလော့။
မိမိနိုင်ငံတော်နှင့် ဘုန်းတော်အတွက် သင်တို့ကို ခေါ်တော်မူသော ဘုရားသခင်၏လူဖြစ်သည့်အလျောက် ဘုရားသခင်၏လူပီသစွာ ပြုမူနေထိုင်ရန် အားပေးနှစ်သိမ့်၍ တိုက်တွန်းနှိုးဆော်ကြ၏။
သို့သော် အရာအားလုံးကို မှန်မမှန် စစ်ဆေးပြီး ကောင်းမွန်သည့် အရာတို့ကို လက်ခံကြလော့။
သို့သော် တိမောသေ… သင်သည် ဘုရားသခင်၏လူဖြစ်သောကြောင့် ထိုအရာတို့ကို ရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားတရားကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ ရှိနိုင်ရန် အမြဲကြိုးစားလော့။
သခင်ဘုရား၏ အစေအပါးသည် ခိုက်ရန်မဖြစ်ဘဲ လူအပေါင်းတို့အပေါ် နူးညံ့သိမ်မွေ့စွာ ဆက်ဆံတတ်ပြီး သင်ကြားပေးတတ်သူ၊ သည်းခံနိုင်စွမ်းရှိသူ ဖြစ်ရမည်။
သူတို့သည် မည်သူ့ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်း မပြုဘဲ လူတိုင်းအပေါ် ထောက်ထားညှာတာသော စိတ်နှင့် နူးညံ့သိမ်မွေ့စွာ ဆက်ဆံရမည်။
လူတိုင်းနှင့် သဟဇာတဖြစ်ရန်၊ သန့်ရှင်းသောဘဝနှင့်နေထိုင်ရန် အစွမ်းကုန်ကြိုးစားလော့။ မသန့်ရှင်းသောသူတို့သည် ထာဝရဘုရားကို ဖူးမြင်ရမည်မဟုတ်။
သင်တို့သည် သမ္မာတရားကို နာခံခြင်းဖြင့် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီဖြစ်၍ သင်တို့၏ညီအစ်ကိုမောင်နှမများကို စိတ်ရင်းအမှန်ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းအကြွင်းမဲ့ချစ်ကြလော့။
လူတိုင်းကိုလေးစားကြလော့။ ယုံကြည်သူညီအစ်ကိုမောင်နှမတို့ကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်ကို ရိုသေကြလော့။
အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကို ကဲ့ရဲ့ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီးကိုသာ ပေးကြလော့။ သင်တို့သည် ဤသို့ပြုရန် ရွေးကောက်တော်မူခြင်းခံရ၏။ သို့ပြုလျှင် သင်တို့သည် ကောင်းချီးမင်္ဂလာကို ခံစားရလိမ့်မည်။
ချစ်ခင်ရသောသူ… မကောင်းမှုကို အတုမယူဘဲ ကောင်းမှုကိုသာ အတုယူလော့။ ကောင်းမှုကို ပြုသောသူသည် ဘုရားသခင်၏သားသမီး ဖြစ်၏။ မကောင်းမှုကို ပြုသောသူသည် ဘုရားသခင်ကို မမြင်ဖူး။
ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများ၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။
သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ သင်၏ညီအစ်ကို ပရောဖက်တို့နှင့် ဤစာစောင်ကို လိုက်နာသောသူအားလုံး၏ အစေခံချင်းဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့” ဟု ဆိုလေ၏။