Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 6:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ဤသို့ အချင်းချင်း တရားစွဲခြင်း​ပင်လျှင် သင်တို့​အတွက် ဆုံးရှုံးမှုကြီး​ဖြစ်၏။ တရားစွဲမည့်​အစား မတရားပြုမှု​ကို ခံလိုက်ခြင်း​က ပို​၍ ကောင်းသည်​မဟုတ်လော။ လှည့်စား​လိမ်ယူမှု​ကို ခံလိုက်ခြင်း​က ပို​၍ ကောင်းသည်​မဟုတ်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ဤ​သို့​အ​ချင်း​ချင်း​တ​ရား​စွဲ​ဆို​ခြင်း​သည် သင် တို့​၏​အ​တွက်​ဆုံး​ရှုံး​မှု​ဖြစ်​စေ​၏။ တ​ရား​စွဲ​ဆို မည့်​အ​စား မ​တ​ရား​ပြု​ခြင်း​ကို​ခံ​သည်​က​ပို ၍​မ​ကောင်း​ပါ​လော။ လု​ယက်​ခြင်း​ခံ​ရ​သည် က​ပို​၍​မ​ကောင်း​ပါ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 အ ချင်း ချင်း တ ရား တွေ့ ကြ သည် မှာ သင် တို့၌ မု ချ အ သ ရေ ပျက် လေ ပြီ။ ထို သို့ မ တွေ့ ဘဲ မ တ ရား ရာ၊ လိမ် လည် ရာ ကို အ ဘယ့် ကြောင့် မ ခံ ကြ သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထို​သို့​သင်​တို့​သည် အ​ချင်း​ချင်း တ​ရား​တွေ့​သည်​အ​မှု​မှာ အ​လွန်​ကြီး​စွာ​သော အ​ပြစ်​ရှိ​ကြ၏။ တ​ရား​မ​တွေ့​ဘဲ ညှဉ်း​ဆဲ​ခြင်း​ကို အ​ဘယ်​ကြောင့် မ​ခံ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အမှန်စင်စစ် သင်​တို့​အချင်းချင်း​တရားတွေ့​ခြင်း​အမှု​သည် သင်​တို့​အတွက် လုံးလုံး​ရှုံးနိမ့်​ခြင်း​ပင်​ဖြစ်​၏။ ထိုသို့​တရားတွေ့​မည့်​အစား မတရား​ပြု​ခြင်း​ကို​သာ အဘယ်ကြောင့်​မ​ခံ​ကြ​သနည်း။ လိမ်ညာ​လုယူ​ခြင်း​ကို​သာ အဘယ်ကြောင့်​မ​ခံ​ကြ​သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 6:7
12 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ဇက္ခဲ​သည် ရပ်​၍ သခင်ဘုရား​အား “သခင်… အကျွန်ုပ်​၏​စည်းစိမ်ဥစ္စာ​တစ်ဝက်​ကို ဆင်းရဲသားများ​အား ပေးပါမည်။ အကယ်၍ တစ်စုံတစ်ဦး​ထံမှ မတရား​ကောက်ခံထားသော​ငွေ​ရှိ​ပါက လေးဆ​ပြန်လျော်ပါမည်” ဟု လျှောက်လေ၏။


တစ်စုံတစ်ယောက်​က သင်​၏​ပါး​တစ်ဖက်​ကို ရိုက်​လျှင် ကျန်သည့်​ပါး​တစ်ဖက်​ကိုလည်း ရိုက်ခွင့်​ပေးလော့။ သင်​၏​ဝတ်ရုံ​ကို ယူသော​သူ​အား အတွင်း​အင်္ကျီ​ကိုပါ ပေးလော့။


အဆိုး​ကို အဆိုး​ဖြင့် မတုံ့ပြန်ကြနှင့်။ အချင်းချင်း​အတွက်​ဖြစ်စေ၊ လူ​တိုင်း​အတွက်​ဖြစ်စေ အကျိုး​ရှိသော​အရာများ​ကို အမြဲ​ကြိုးစား​လုပ်ဆောင်ကြလော့။


အဆိုး​ကို အဆိုး​ဖြင့်​လည်းကောင်း၊ ကဲ့ရဲ့ခြင်း​ကို ကဲ့ရဲ့ခြင်း​ဖြင့်​လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီး​ကို​သာ ပေးကြလော့။ သင်တို့​သည် ဤသို့​ပြု​ရန် ရွေးကောက်တော်မူခြင်း​ခံရ၏။ သို့ပြုလျှင် သင်တို့​သည် ကောင်းချီး​မင်္ဂလာ​ကို ခံစားရ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ