ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ပြီးနောက် ဂျူးဝတ်ပြုဆောင်မှူးများက “ညီအစ်ကိုတို့… သင်တို့ထံတွင် ပရိသတ်များအတွက် အားပေးတိုက်တွန်းစကားရှိပါကဝေမျှပေးပါ” ဟု လူလွှတ်၍ ပြောစေ၏။
၁ သက် 2:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် မှားယွင်းခြင်း၊ မကောင်းသော စိတ်သဘောထားရှိခြင်း၊ လိမ်လည်လှည့်ဖြားလိုခြင်းတို့အပေါ် အခြေခံ၍ တိုက်တွန်းဟောပြောကြသည်မဟုတ်။ Common Language Bible သင်တို့အားငါတို့၏ဟောပြောတိုက်တွန်း ချက်သည်အမှားအယွင်းအပေါ်၌သော် လည်းကောင်း၊ မသမာသောရည်ရွယ်ချက် အပေါ်၌သော်လည်းကောင်း၊ မူတည်သည် မဟုတ်။ ငါတို့သည်မည်သူ့ကိုမျှလည်း လိမ်လည်လှည့်စားရန်မကြိုးစား။- Garrad Bible ငါ တို့ နှိုး ဆော် ချက် သည် ယောင် မှား ခြင်း၊ ညစ် ညူး ခြင်း မှ မ ဖြစ်၊ လှည့် ဖြား ခြင်း နှင့် လည်း မ ဆိုင်။ Judson Bible ငါတို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်း၊ လှည့်ဖြားခြင်းအားဖြင့် သင်တို့ကို တိုက်တွန်းသွေးဆောင်ကြသည် မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်းနှင့် ပရိယာယ်တို့အားဖြင့် သင်တို့ကိုတိုက်တွန်းဟောပြောကြသည်မဟုတ်။ |
ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ပြီးနောက် ဂျူးဝတ်ပြုဆောင်မှူးများက “ညီအစ်ကိုတို့… သင်တို့ထံတွင် ပရိသတ်များအတွက် အားပေးတိုက်တွန်းစကားရှိပါကဝေမျှပေးပါ” ဟု လူလွှတ်၍ ပြောစေ၏။
ထိုသူတို့တွင် ယောသပ်အမည်ရှိသူတစ်ယောက် ရှိ၏။ တမန်တော်များက သူ့အား ဗာနဗဟု ခေါ်ကြ၏။ ထိုအမည်မှာ “နှစ်သိမ့်ခြင်း၏သား” ဟူ၍ အဓိပ္ပာယ်ရ၏။ ထိုသူသည် လေဝိမျိုးနွယ်တစ်ဦးဖြစ်၍ ဆိုက်ပရပ်ကျွန်းသားလည်းဖြစ်၏။
ထိုသူတို့သည် တမန်တော်အတုအယောင်များ ဖြစ်ကြ၏။ မိမိတို့ကိုယ်မိမိ ခရစ်တော်၏ တမန်တော်များအဖြစ် အယောင်ဆောင်လျက် လှည့်ဖြားသောလုပ်ဆောင်သူများသာ ဖြစ်ကြ၏။
ကျွန်ုပ်တို့သည် လူများစွာကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မိမိကိုယ်ကျိုးအတွက် လှည့်လည်ရောင်းစားသောသူများမဟုတ်ကြပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ စေလွှတ်ခံရသူများအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏ အခွင့်နှင့် ရိုးသားစွာ ဟောပြောကြ၏။
ကျွန်ုပ်တို့သည် ဆိတ်ကွယ်ရာ၌ ပြုသော ရှက်ရွံ့ဖွယ်အမှုတို့ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်ကို မသုံးကြ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း မှောက်လှန်၍ မဟောပြောကြ။ ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သူတို့စိတ်ထဲက သိနိုင်ရန် အမှန်တရားကိုသာ အတိအလင်းဖော်ပြကြ၏။
ကျွန်ုပ်တို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်တော်သည် သခင်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့သည် ယေရှုအတွက် သင်တို့၏ အစေအပါးများဖြစ်ကြောင်းကို ဟောပြောကြခြင်းဖြစ်၏။
ချီးမွမ်းခံရခြင်းနှင့် ကဲ့ရဲ့ခံရခြင်း၊ အကောင်းပြောခံရခြင်းနှင့် မကောင်းပြောခံရခြင်းအားဖြင့်လည်းကောင်း အရာရာတို့၌ ဘုရားသခင်၏ အစေခံများဖြစ်ကြောင်း ပေါ်လွင်စေကြ၏။ ကျွန်ုပ်တို့သည် လှည့်ဖြားသူများအဖြစ် သတ်မှတ်ခံရသော်လည်း ဖြောင့်မှန်သောသူများဖြစ်ကြ၏။
ကျွန်ုပ်တို့အပေါ်ထားသော သင်တို့၏မေတ္တာကို ကြီးမားစေကြလော့။ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ မပြစ်မှားခဲ့။ မည်သူ့ကိုမျှ မဖျက်ဆီးခဲ့။ မည်သူ့ကိုမျှ အမြတ်မထုတ်ခဲ့။
သင်တို့သိကြသည့်အတိုင်း ဖခင်သည် သားသမီးများအပေါ် ပြုမူဆက်ဆံသကဲ့သို့ ကျွန်ုပ်တို့သည် သင်တို့ တစ်ယောက်ချင်းစီတိုင်းအပေါ် ပြုမူဆက်ဆံကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ညစ်ညူးစေရန် ခေါ်တော်မူသည် မဟုတ်ဘဲ သန့်ရှင်းစေရန် ခေါ်တော်မူသောကြောင့်ဖြစ်၏။
ထိုအတွက်ကြောင့် ဘုရားသခင်သည် သူတို့ကို အလှည့်ဖြားခံစေတော်မူမည်ဖြစ်ပြီး သူတို့သည်လည်း ထိုလိမ်လည်မှုကို ယုံကြည်ကြလိမ့်မည်။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် တန်ခိုးနှင့် ကြွလာမည့်အကြောင်းကို သင်တို့အား ပြောပြရာတွင် လိမ္မာပါးနပ်စွာ ဖန်တီးထားသောဒဏ္ဍာရီပုံပြင် များကို ပြောပြခြင်းမဟုတ်။ ကျွန်ုပ်တို့သည် ထိုအရှင်၏ ကြီးမြတ်သောတန်ခိုးတော်ကို ကိုယ်တိုင်ဖူးမြင်ရသူများဖြစ်ကြ၏။