သို့ရာတွင် ငါသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ထိုနတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံသို့ ရောက်လေပြီ။
၁ ယော 3:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အပြစ်ကျူးလွန်နေသောသူသည် မာရ်နတ်၏သားသမီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် အစဦးကပင် အပြစ်ကျူးလွန်သောကြောင့်ဖြစ်၏။ ဘုရားသခင်၏သားတော် ကြွလာရခြင်းမှာ မာရ်နတ်၏ လုပ်ဆောင်မှုကို ချေဖျက်ရန် ဖြစ်၏။ Common Language Bible အြုပစ်တရားကိုကျင့်သုံးသူသည်မာရ်နတ် ၏ဘက်သားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် မူလအစကတည်းကပင်လျှင် အပြစ်ကူးသူဖြစ်သောကြောင့်တည်း။ ဘုရား သခင်၏သားတော်ပေါ်ထွန်းတော်မူသည့် အကြောင်းမှာ မာရ်နတ်ပြုခဲ့သည့်အမှုကို ချေဖျက်ရန်ပင်ဖြစ်ပေသည်။ Garrad Bible အ ပြစ် ပြု ကျင့် သူ သည် အ စ အ ဦး က ပြစ် မှား လေ့ ရှိ သော မာရ် နတ် ဘက် သား ဖြစ်၏။ မာရ် နတ်၏ အ မှု အ ရာ များ ကို ဖြို ဖျက် ရန် ဘု ရား သ ခင့် သား တော် ထင် ရှား တော် မူ ခဲ့၏။ Judson Bible မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူ ဖြစ်သောကြောင့်၊ အကြင်သူသည် ဒုစရိုက်ကို ပြု၏။ ထိုသူသည် မာရ်နတ်နှင့် ဆိုင်၏။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှာ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အပြစ်ကိုပြုနေသောသူသည် မာရ်နတ်နှင့်စပ်ဆိုင်သောသူဖြစ်၏။ အကြောင်းမူကား မာရ်နတ်သည် အစအဦးကပင် အပြစ်ပြုလျက်ရှိ၏။ ဘုရားသခင်၏သားတော်ပေါ်ထွန်းတော်မူခဲ့သည်မှာ မာရ်နတ်၏လုပ်ဆောင်မှုတို့ကို ပယ်ဖျက်ရန်အတွက်ဖြစ်၏။ |
သို့ရာတွင် ငါသည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ထိုနတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံသို့ ရောက်လေပြီ။
လယ်မှာမူ ဤလောကဖြစ်၏။ ကောင်းသော မျိုးစေ့မှာ ဘုရားသခင်၏နိုင်ငံတော်သားများဖြစ်၏။ ပေါင်းပင်များမှာ မာရ်နတ်၏ သားသမီးများဖြစ်၏။
ထိုအခါ မာရ်နတ်သည် လာ၍ “သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် ဤကျောက်ခဲများကို စားစရာဖြစ်စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။
“နာဇရက်မြို့သားယေရှု… ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် မည်သို့သက်ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးရန် ကြွလာတော်မူသလော။ ကိုယ်တော်သည် မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏ သန့်ရှင်းတော်မူသောသူ ဖြစ်ပါ၏” ဟု အော်ဟစ်ပြောဆိုလေ၏။
ကိုယ်တော်က “စာတန်မာရ်နတ်သည် လျှပ်စီးလက်သကဲ့သို့ ကောင်းကင်မှ ကျလာသည်ကို ငါမြင်၏။
ယခုအချိန်သည် ဤလောကကို တရားစီရင်သည့်အချိန်ဖြစ်၏။ ဤလောက၏ မင်းဖြစ်သော စာတန်မာရ်နတ်သည် နှင်ထုတ်ခြင်းခံရလိမ့်မည်။
တရားစီရင်တော်မူခြင်းအကြောင်းကို ဖော်ပြရခြင်းမှာ လောကကို အုပ်စိုးသောမင်းသည် တရားစီရင်ခြင်းခံရပြီဖြစ်သောကြောင့်ပင်။
သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။
ငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်သည် မကြာမီ စာတန်ကို သင်တို့၏ ခြေအောက်တွင် ကြေမွစေတော်မူလိမ့်မည်။ ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူ ရှိပါစေသော။
ထိုသို့ သင်တို့သည် ဘုရားသခင်ကို မနာခံသောသူတို့ထဲ၌ သက်ဝင်လှုပ်ရှားလျက်ရှိသော ဝိညာဉ် ဖြစ်သည့် အာကာသဆိုင်ရာ တန်ခိုးများကို ကြီးစိုးသောမင်းကို နာခံ၍ လောကီသားများ၏လမ်းစဉ်အတိုင်း အပြစ်ပြုလျက် နေထိုင်ကြ၏။
အုပ်စိုးမှုနှင့် အာဏာစက်များ၏ တန်ခိုးကို ဖယ်ရှားပြီးလျှင် လက်ဝါးကပ်တိုင်တွင် အောင်ပွဲခံ၍ လူရှေ့သူရှေ့တွင် အရှက်ရစေတော်မူ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
ထိုသားသမီးတို့သည် အသွေးအသားရှိသဖြင့် ကိုယ်တော်သည် အသွေးအသားကို ခံယူတော်မူ၏။ ဤသို့ဖြင့် ကိုယ်တိုင်အသေခံ၍ သေခြင်းကို အစိုးရသော မာရ်နတ်၏တန်ခိုးကို ဖျက်ဆီးကာ
ထိုသို့ပူဇော်ရန် လိုအပ်လျှင် ကိုယ်တော်သည် ကမ္ဘာတည်ချိန်ကတည်းက အကြိမ်ကြိမ် ဒုက္ခခံရလိမ့်မည်။ ယခုတွင်မူ ကိုယ်တော်သည် မိမိကိုယ်မိမိ ယဇ်ပူဇော်၍ အပြစ်များကို ပယ်ရှင်းရန် ကမ္ဘာကုန်ဆုံးချိန်၌ တစ်ကြိမ်တည်းနှင့်အပြီး ပေါ်ထွန်းတော်မူ၏။
ဘုရားသခင်သည် အပြစ်ကျူးလွန်သောကောင်းကင်တမန်များကိုပင်လျှင် ချမ်းသာပေးတော်မမူဘဲ ငရဲထဲသို့ ပစ်ချ၍ တရားစီရင်မည့်နေ့တိုင်အောင် အမှောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ကာ ထိန်းသိမ်းထားတော်မူ၏။
ထိုအသက်တော်သည် ထင်ရှားခဲ့ပြီ။ ကျွန်ုပ်တို့သည်လည်း မြင်ကြပြီး ထိုအကြောင်းကို သင်တို့အား သက်သေခံကြ၏။ ခမည်းတော်နှင့်အတူရှိ၍ ကျွန်ုပ်တို့အား ဖော်ပြခြင်းခံရသည့် ထိုထာဝရအသက်တော်အကြောင်းကို သင်တို့အား ကျွန်ုပ်တို့ဟောပြောကြ၏။
ဤသို့ဖြင့် ဘုရားသခင်၏ သားသမီးများနှင့် မာရ်နတ်၏သားသမီးများကို ခွဲခြား၍ သိနိုင်ကြ၏။ ဖြောင့်မတ်စွာ မပြုမူသောသူ၊ မိမိညီအစ်ကိုမောင်နှမကို မချစ်သောသူသည် ဘုရားသခင်၏ သားသမီးမဟုတ်။
ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို ချေဖျက်ရန် ကြွလာတော်မူသည်ကို သင်တို့သိကြ၏။ ကိုယ်တော်၌ မည်သည့်အပြစ်မျှ မရှိ။
ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်းနှင့် လောကီသားအပေါင်းတို့သည် မာရ်နတ်၏ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ကျွန်ုပ်တို့သိကြ၏။
ထို့ပြင် မိမိတို့ရရှိထားသည့်အခွင့်အာဏာနှင့် မတင်းတိမ်ဘဲ နေရင်းအရပ်ကို စွန့်ခွာသွားကြသော ကောင်းကင်တမန်များအား ကိုယ်တော်သည် တရားစီရင်တော်မူမည့်နေ့ရက်ကြီးအတွက် ထာဝရအချုပ်အနှောင်ဖြင့် အမှောင်ထဲ၌ သံကြိုးနှင့် ချည်နှောင်ကာ ထိန်းသိမ်းထားတော်မူ၏။
သူတို့ကို လှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့် ပရောဖက်အတုအယောင်တို့ ပစ်ချခံရသည့် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခံရ၏။ သူတို့သည် နေ့ညမပြတ် အစဉ်ထာဝရ ညှဉ်းဆဲခြင်းကို ခံကြရလိမ့်မည်။