ထိုသို့မဟုတ်ဘဲ သင့်စကားကို နားမထောင်ပါက သင်နှင့်အတူ အသိသက်သေတစ်ဦး၊ သို့မဟုတ် နှစ်ဦးတို့ကိုခေါ်၍ နောက်တစ်ကြိမ်သွားလော့။ သို့မှသာ အမှုကိစ္စမှန်သမျှကို သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ ထွက်ဆိုချက်အရ အတည်ပြုဆုံးဖြတ်နိုင်မည်ဖြစ်၏။
၁ တိ 5:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သက်သေနှစ်ဦး၊ သုံးဦးမရှိလျှင် သင်းအုပ်အပေါ် စွပ်စွဲခြင်းကို လက်မခံနှင့်။ Common Language Bible သက်သေခံသူအနည်းဆုံးနှစ်ဦးသုံးဦးမရှိ လျှင် သင်းအုပ်ဆရာအားပြစ်တင်စွပ်စွဲချက် ကိုနားမထောင်နှင့်။- Garrad Bible နှစ် ဦး သုံး ဦး တို့ သက် သေ မ ခံ လျှင် ဥ က္က ဋ္ဌ အ ပေါ် တွင် စွဲ ဆို ချက် ကို လက် မ ခံ နှင့်။ ပြစ် မှား သူ တို့ ကို ကား ကြွင်း သူ တို့ ပါ ကြောက် ရွံ့ စေ ခြင်း ငှါ ရှိ သ မျှ တို့ မျက် မှောက် တွင် ဆုံး မ လော့။ Judson Bible သက်သေခံနှစ်ဦးသုံးဦး မရှိလျှင်၊ သင်းအုပ်၌ အပြစ်တင်သော စကားကို နားမထောင်နှင့်။- မြန်မာ့စံမီသမ္မာကျမ်း သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးမရှိလျှင် အသင်းတော်အကြီးအကဲအပေါ်စွပ်စွဲချက်ကို လက်မခံနှင့်။ |
ထိုသို့မဟုတ်ဘဲ သင့်စကားကို နားမထောင်ပါက သင်နှင့်အတူ အသိသက်သေတစ်ဦး၊ သို့မဟုတ် နှစ်ဦးတို့ကိုခေါ်၍ နောက်တစ်ကြိမ်သွားလော့။ သို့မှသာ အမှုကိစ္စမှန်သမျှကို သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ ထွက်ဆိုချက်အရ အတည်ပြုဆုံးဖြတ်နိုင်မည်ဖြစ်၏။
ထို့ကြောင့် ဘုရင်ခံပိလတ်မင်းသည် ထိုသူတို့ ရှိရာသို့ ထွက်လာ၍ “သင်တို့သည် ဤလူ အပေါ်၌ မည်သည့်စွဲချက်ကို တင်ကြသနည်း” ဟု မေး၏။
သင်တို့၏ ပညတ်ကျမ်းတွင်လည်း လူနှစ်ဦးထွက်ဆိုသော သက်သေသည် ညီလျှင် ထိုသက်သေ ခိုင်လုံကြောင်း ရေးသားထား၏။
ထိုသို့ဆုံးဖြတ်ခဲ့သည့်အတိုင်း ထိုထောက်ပံ့ငွေကို ဗာနဗနှင့် ရှောလုမှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပို့လိုက်ကြ၏။
ရောမဥပဒေတွင် စွပ်စွဲခံရသောလူတစ်ဦးအနေဖြင့် စွပ်စွဲသူနှင့် မျက်နှာချင်းဆိုင်၍ ထိုစွပ်စွဲချက်ကို ခုခံပြောဆိုခွင့်မရမီ သူ့အားပြစ်ဒဏ်ပေး၍ မရပါဟု အကျွန်ုပ်ဖြေကြားခဲ့ပါ၏။
ယခု ကျွန်ုပ်သည် တတိယအကြိမ် သင်တို့ထံသို့ လာခဲ့မည်။ ကျမ်းစာ၌ “အမှုကိစ္စမှန်သမျှကို သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ ထွက်ဆိုချက်အရ အတည်ပြုဆုံးဖြတ်ရမည်” ဟု ဖော်ပြထား၏။
ပရောဖက်ပြုဟောပြောခြင်းကြောင့် သင်းအုပ်တို့သည် သင့်အပေါ် လက်တင်မင်္ဂလာပေးသောအခါ သင်ရရှိသော ဆုကျေးဇူးကို လျစ်လျူမရှုနှင့်။
အသင်းတော်ကို ကောင်းမွန်စွာ ဦးဆောင်စီမံသောသင်းအုပ်များ၊ အထူးသဖြင့် တရားဟောခြင်းနှင့် သွန်သင်ပေးခြင်းတို့ကို ကြိုးစား၍ ဆောင်ရွက်သော သင်းအုပ်များသည် နှစ်ဆသောထောက်ပံ့ခြင်းကို ရထိုက်၏။
သင်းအုပ်တို့သည် အပြစ်ကင်းသူ၊ မယားတစ်ယောက်တည်းရှိသူ ဖြစ်ရမည်။ သူတို့၏သားသမီးများသည် သခင်ဘုရားကို ယုံကြည်ရမည်။ ပျော်ပါးသောက်စားသူများ၊ မနာခံသူများဟူသော စွပ်စွဲခံရခြင်းနှင့် ကင်းရမည်။
မောရှေ၏ ပညတ်တရားကို နာခံရန် ငြင်းဆန်သောသူသည် သက်သေခံသူ နှစ်ဦး၊ သုံးဦး၏ထွက်ဆိုချက်အရ သက်ညှာခြင်းကို မခံရဘဲ သေဒဏ်ပေးခြင်းကို ခံရ၏။