Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 5:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 အဘယ်ကြောင့်ဆိုသော် ကျမ်းစာ​၌ “စပါး​နယ်နေသည့် နွား​၏​နှုတ်​ကို ပါးချုပ်​မတပ်နှင့်” ဟူ၍​လည်းကောင်း၊ “အလုပ်လုပ်သူ​သည် အခကြေးငွေ​ကို ရထိုက်၏” ဟူ၍​လည်းကောင်း ဆိုထား​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 အ​ဘယ်​ကြောင့်​ဆို​သော်​ကျမ်း​စာ​တော်​က``စ​ပါး နယ်​နေ​သော​နွား​ကို​ပါး​ချုပ်​မ​တပ်​ရ'' ဟူ​၍ လည်း​ကောင်း၊ ``အ​လုပ်​သ​မား​သည်​လုပ်​အား​ခ ကို​ခံ​ထိုက်​ပေ​၏'' ဟူ​၍​လည်း​ကောင်း​ဖော်​ပြ သော​ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 အ​ကြောင်း​မူ​ကား၊ စ​ပါး​နင်း​နယ်​သော​နွား၏​နှုတ်​ကို မ​ချုပ်​တည်း​ရ​ဟု ကျမ်း​စာ​လာ၏။ တစ်​ချက်​ကား၊ လုပ်​ဆောင်​သော​သူ​သည် အ​ခ​ကို ခံ​ထိုက်​ပေး​သည်​ဟု လာ​ပြန်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 အကြောင်းမူကား ကျမ်းစာ​က “စပါး​နယ်​နေ​သည့်​နွား​ကို ပါးချုပ်​မ​တပ်​ရ”​ဟူ၍​လည်းကောင်း၊“အလုပ်​လုပ်​သော​သူ​သည် လုပ်အားခ​ကို ရ​ထိုက်​၏”​ဟူ၍​လည်းကောင်း ဆို​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 5:18
13 ပူးပေါင်းရင်းမြစ်များ  

ခရီးဆောင်အိတ်၊ အင်္ကျီ​အပို၊ ဖိနပ်​အပို၊ တောင်ဝှေး​တို့​ကို ယူမသွားကြနှင့်။ ဧည့်ခံကျွေးမွေးသည်​ကိုလည်း လက်ခံ​ရန် မတွန့်ဆုတ်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူ​သည် စားစရာ​ကို ရထိုက်​သောကြောင့်​ဖြစ်၏။


တစ်အိမ်​မှ တစ်အိမ်​သို့ မပြောင်းရွှေ့ကြဘဲ အိမ်​တစ်အိမ်တည်း​၌သာ တည်းခို​၍ အိမ်ရှင်​ကျွေးမွေးဧည့်ခံ​သမျှ​ကို စားသောက်ကြလော့။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူ​သည် အခကြေးငွေ​ကို ရထိုက်​သောကြောင့်​ဖြစ်၏။


ကျမ်းစာ​ကလည်း “ထို​အရှင်​ကို ယုံကြည်သောသူ​သည် အရှက်ရ​လိမ့်မည်​မဟုတ်” ဟု ဆိုထား၏။


ဘုရားသခင်​သည် ကနဦး​ကတည်းက​ပင် ရွေးကောက်ထားတော်မူသော မိမိ​လူမျိုးတော်​ကို စွန့်ပယ်တော်မမူခဲ့ပေ။ ပရောဖက်​ဧလိယ​သည် အစ္စရေးလူမျိုးတို့​ကို ဘုရားသခင်​ထံ တိုင်တန်းခဲ့၏။ ထို​အကြောင်း​နှင့်​ပတ်သက်၍ ကျမ်းစာ​၌ မည်သို့​ဖော်ပြထားသည်​ကို သင်တို့​မသိကြသလော။


ကျမ်းစာ​၌ “အာဗြဟံ​သည် ဘုရားသခင်​ကို ယုံကြည်​သဖြင့် ထို​ယုံကြည်ခြင်း​ကို ထောက်​၍ ဘုရားသခင်​သည် အာဗြဟံ​အား ဖြောင့်မတ်သူ​အဖြစ် သတ်မှတ်တော်မူ၏” ဟု ဖော်ပြထား၏။


ကျမ်းစာ​၌ ဘုရားသခင်​က ဖာရောဘုရင်​အား “သင့်​ကို ဘုရင်​အဖြစ် ခန့်အပ်သော ရည်ရွယ်ချက်​မှာ ငါ့​တန်ခိုး​ကို ပြ​ရန်အတွက်​နှင့် ကမ္ဘာ​တစ်ဝန်းလုံး​တွင် ငါ့​အမည်​နာမ ကျော်စော​ရန်အတွက် ဖြစ်၏” ဟု မိန့်တော်၏။


ထို​နည်းတူ သတင်းကောင်း​ကို ဟောပြောသော​သူတို့​သည် ထို​သတင်းကောင်း​အားဖြင့် အသက်​မွေးခွင့်​ရှိကြောင်း သခင်ဘုရား​မိန့်တော်မူခဲ့၏။


ကျမ်းစာ​၌ ဘုရားသခင်​သည် လူမျိုးခြားတို့​အား သူတို့​၏ ယုံကြည်ခြင်း​အားဖြင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်တော်မူမည်​ဖြစ်ကြောင်း ကြိုတင်​သိမြင်တော်မူသည်​ကို ဖော်ပြထား၏။ ထို့ကြောင့် အာဗြဟံ​အား “လူမျိုးအပေါင်းတို့​သည် သင့်​ထံမှ​တစ်ဆင့် ကောင်းချီး​မင်္ဂလာ ခံစားရ​လိမ့်မည်” ဟူသော သတင်းကောင်း​ကို ကျမ်းစာ​၌ ကြိုတင်​ဟောပြောတော်မူ၏။


“ဘုရားသခင်​သည် ကျွန်ုပ်တို့​အထဲ​၌ ရှင်သန်စေတော်မူသည့် လူ့​စိတ်ဝိညာဉ်​အား မိမိ​ကိုသာ ကိုးကွယ်​စေလိုသော​သဝန်တိုစိတ်​ဖြင့် တောင့်တတော်မူ၏” ဟူ၍ ကျမ်းစာ​၌ အကြောင်းမဲ့ ဖော်ပြသည်​ဟု သင်တို့​ထင်သလော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ