ထို့ကြောင့် အချင်းချင်း အပြစ်မတင်ဘဲ နေကြပါစို့။ အပြစ်တင်မည့်အစား အခြားယုံကြည်သောသူတစ်ယောက်အတွက် ဆူးငြောင့်ခလုတ် သို့မဟုတ် ထိမိ၍ လဲစရာမဖြစ်စေရန် ဆင်ခြင်ကြပါစို့။
၁ တိ 5:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် လမ်းလွဲ၍ စာတန်နောက်သို့ လိုက်ပါသွားကြသော အချို့မုဆိုးမတို့ကို ထောက်၍ ငယ်ရွယ်သောမုဆိုးမတို့သည် ရန်သူအား ကဲ့ရဲ့ခွင့်ကို မပေးဘဲ ထပ်မံအိမ်ထောင်ပြုရန်၊ သားသမီးများယူရန်၊ အိမ်မှုကိစ္စများထိန်းသိမ်းရန် ကျွန်ုပ်အကြံပေးလို၏။ Common Language Bible သို့ဖြစ်၍ရန်သူတို့သည်ငါတို့အကြောင်း မကောင်းမပြောနိုင်စေရန် အသက်အရွယ်ငယ် သေးသည့်မုဆိုးမတို့သည် အိမ်ထောင်သားမွေး မှုကိုပြုလျက် မိမိတို့၏အိမ်မှုကိစ္စများကို ကြည့်ရှုစောင့်ထိန်းကြသည်ကိုငါလိုလား၏။- Garrad Bible ထို ကြောင့် စာ တန် နောက် သို့ အ ချို့ တို့ လွှဲ သွား ကြ သည် ကို ထောက်၍ ထို ပျို ရွယ် သော မု ဆိုး မ တို့ သည် ရန် သူ ကဲ့ ရဲ့ ခွင့် ကို အား မ ပေး ဘဲ အိမ် ထောင် ပြု လျက်၊ သား ဖွား လျက်၊ အိမ် မှု ကို စီ မံ လျက် နေ ကြ စေ ရန် ငါ အ လို ရှိ၏။ Judson Bible ထိုကြောင့်၊ အသက်အရွယ်နုပျိုသော မုဆိုးမတို့သည် အိမ်သင့်ခြင်း၊ သားဖွားခြင်း၊ အိမ်မှုကို ကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူအား မပေးဘဲနေခြင်း အမှုများကို ပြုစေခြင်းငှာ ငါအလိုရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငယ်ရွယ်သောမုဆိုးမတို့သည် အိမ်ထောင်ပြုလျက် သားသမီးများမွေးဖွားကာ အိမ်မှုကိစ္စကိုစီမံကွပ်ကဲ၍ ရန်သူအား ကဲ့ရဲ့ပြစ်တင်ခြင်းအခွင့်ကိုမပေးရန် ငါအလိုရှိ၏။ |
ထို့ကြောင့် အချင်းချင်း အပြစ်မတင်ဘဲ နေကြပါစို့။ အပြစ်တင်မည့်အစား အခြားယုံကြည်သောသူတစ်ယောက်အတွက် ဆူးငြောင့်ခလုတ် သို့မဟုတ် ထိမိ၍ လဲစရာမဖြစ်စေရန် ဆင်ခြင်ကြပါစို့။
သို့ရာတွင် ကျွန်ုပ်တို့ကဲ့သို့ လုပ်ဆောင်သည်ဟူသော တန်းတူကြွားဝါခွင့်ကို ရလိုသောသူတို့အား ထိုအခွင့်ကို မရစေရန် ဆက်၍ သင်တို့ထံမှ ထောက်ပံ့ငွေကို ကျွန်ုပ်လက်ခံမည်မဟုတ်။
ကိုးကွယ်သည့်နေရာတိုင်း၌ အမျိုးသားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ သန့်ရှင်းစွာ နေထိုင်၍ မိမိတို့၏ လက်ကို မြှောက်လျက် ဆုတောင်းကြရန် ကျွန်ုပ်အလိုရှိ၏။
သူတို့သည် အိမ်ထောင်မပြုရ ဟူ၍လည်းကောင်း၊ အချို့သောအစားအစာများကို မစားရ ဟူ၍လည်းကောင်း တားမြစ်ကြ၏။ အမှန်တွင် ယုံကြည်၍ သမ္မာတရားကို သိသောသူတို့သည် ကျေးဇူးတော်ချီးမွမ်းလျက် စားနိုင်ကြစေရန် ထိုအစားအစာများကို ဘုရားသခင် ဖန်ဆင်းတော်မူ၏။
ငယ်ရွယ်သော မုဆိုးမများကိုမူ စာရင်းမသွင်းနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ကာမဂုဏ်တပ်မက်ခြင်းသည် ခရစ်တော်ထံ ဆက်ကပ်ခြင်းထက် အားကြီးလာသောအခါ ထပ်မံအိမ်ထောင်ပြုလိုစိတ်ရှိလာသောကြောင့် ဖြစ်၏။
ကျွန်များသည် မိမိတို့၏ သခင်များကို ရိုသေထိုက်သူများဟု မှတ်ယူသင့်၏။ သို့မှသာ အခြားသူတို့သည် ဘုရားသခင်၏ နာမတော်နှင့် ကျွန်ုပ်တို့၏သွန်သင်ချက်များကို စော်ကားပြောဆိုကြမည် မဟုတ်ပေ။
မိမိကိုယ်ကိုယ်ချုပ်တည်းသူ၊ စင်ကြယ်သူ၊ အိမ်မှုကိစ္စကို ကောင်းစွာ ထိန်းသိမ်းနိုင်သူ၊ ကြင်နာတတ်သူ၊ ခင်ပွန်းသည်ကို နာခံသူများ ဖြစ်ရန် သင်ပေးနိုင်လိမ့်မည်။ သို့မှသာ မည်သူမျှ ဘုရားသခင်၏တရားတော်ကို စော်ကားနိုင်မည်မဟုတ်။
အပြစ်ဆိုဖွယ်မရှိသည့် မှန်ကန်သောစကားကို ပြောဆိုခြင်းတို့ဖြင့် သွန်သင်လော့။ ထိုအခါ သင့်ကို ဆန့်ကျင်သောသူတို့သည် ကဲ့ရဲ့စရာအကြောင်းမရှိသဖြင့် အရှက်ကွဲကြလိမ့်မည်။
ထိမ်းမြားလက်ထပ်ခြင်းကို လူတိုင်းတန်ဖိုးထားလေးစားရမည်။ အိမ်ထောင်ရေးတွင် တစ်ဦးကိုတစ်ဦး သစ္စာရှိရမည်။ ဘုရားသခင်သည် တရားနှင့်မညီသော မေထုန်ကို ပြုသူတို့နှင့် အိမ်ထောင်ရေးဖောက်ပြန်သောသူတို့ကို စီရင်တော်မူလိမ့်မည်။