Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ တိ 6:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ကျွန်များ​သည် မိမိတို့​၏ သခင်များ​ကို ရိုသေ​ထိုက်သူများ​ဟု မှတ်ယူ​သင့်၏။ သို့မှသာ အခြား​သူတို့​သည် ဘုရားသခင်​၏ နာမတော်​နှင့် ကျွန်ုပ်တို့​၏​သွန်သင်ချက်များ​ကို စော်ကား​ပြောဆိုကြမည် မဟုတ်ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ကျွန်​ဖြစ်​သူ​တို့​သည်​မိ​မိ​တို့​၏​သ​ခင်​များ အား​ရို​သေ​လေး​စား​ထိုက်​သူ​များ​ဟု​ခံ​ယူ ရ​ကြ​မည်။ သို့​မှ​သာ​လျှင်​မည်​သူ​မျှ​ဘု​ရား သ​ခင်​၏​နာ​မ​တော်​နှင့် ငါ​တို့​တ​ရား​တော် ကို​ကဲ့​ရဲ့​ပြော​ဆို​လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ထမ်း ပိုး အောက် တွင် ရှိ နေ သ မျှ သော ကျွန် တို့ သည် ဘု ရား သ ခင့် နာ မ တော် နှင့် ဒေ သ နာ တော် အား ပုတ် ခတ် ခွင့် မ ရ စေ ခြင်း ငှါ ကိုယ့် သ ခင် များ ကို စုံ လင် စွာ ရို သေ သ မှု ပြု ထိုက် သည် ဟု မှတ် ယူ ကြ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ဘု​ရား​သ​ခင်၏ နာ​မ​တော်​နှင့်​တ​ရား​တော်​သည် ကဲ့​ရဲ့​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​စေ​ခံ​ကျွန် မည်​သည်​ကား၊ မိ​မိ​သ​ခင်​ကို အ​လွန်​ရို​သေ​ထိုက်​သော​သူ ဟူ၍ မှတ်​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ဘုရားသခင်​၏​နာမ​တော်​နှင့်​သွန်သင်​ချက်​တို့​သည် စော်ကား​ပြောဆို​ခြင်း​မ​ခံရ​စေရန် ကျွန်​ထမ်းပိုး​အောက်၌​ရှိ​သမျှ​သော​သူ​တို့​သည် မိမိ​တို့​သခင်​များ​ကို အပြည့်အဝ​ရိုသေ​ထိုက်​သူ​များ​ဟု မှတ်ယူ​ကြ​ပါစေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ တိ 6:1
35 ပူးပေါင်းရင်းမြစ်များ  

အဘယ်ကြောင့်ဆိုသော် ငါ့​ထမ်းပိုး​သည် ထမ်း​လွယ်​ပြီး ငါ့​ဝန်​သည်လည်း ပေါ့​သောကြောင့်​ဖြစ်၏” ဟု မိန့်တော်မူ၏။


သို့ဖြစ်လျှင် မည်ကဲ့သို့သော​သူ​ကို​ရှာ​ရန် သွားကြသနည်း။ ပရောဖက်​တစ်ပါး​ကို​လော။ မှန်ပါ၏။ ထို​သူ​သည် ပရောဖက်​ထက် ပို၍​ကြီးမြတ်သော​သူ​ဖြစ်သည်​ဟု ငါ​ဆို၏။


တစ်နေ့​တွင် ယေရှု​က တပည့်တော်တို့​အား “အပြစ်​ကျူးလွန်​စေရန် ဖြားယောင်း​သွေးဆောင်သော​အရာများ​သည် ဧကန်အမှန်​ရှိမည်။ သို့ရာတွင် အပြစ်​ကျူးလွန်စရာ​အကြောင်း​ကို ဖြစ်စေသော​သူ​သည် အမင်္ဂလာ​ရှိ၏။


ထို​သူတို့​က “ကျွန်ုပ်တို့​ကို တပ်မှူး​ကော်နေလိ​က လွှတ်လိုက်ပါ၏။ သူ​သည် ဘုရားသခင်​ကို​ကြောက်ရွံ့​၍ သမာသမတ်ကျသူ​ဖြစ်ပြီး ဂျူးလူမျိုး​တစ်ရပ်လုံး​၏​ချီးမွမ်းခြင်း​ခံရသော​သူ​လည်း ဖြစ်၏။ သူ​၏​အိမ်​သို့ သင့်​ကို ဖိတ်ခေါ်​၍ သင်​ဟောပြောမည့်​အကြောင်း​ကို​ကြားနာ​ရန် သန့်ရှင်းသော​ကောင်းကင်တမန်​သည် သူ့​အား ညွှန်ကြားလိုက်ပါ၏” ဟု တုံ့ပြန်ကြ၏။


ထိုသို့​ပြောဆိုသော ကောင်းကင်တမန် ထွက်ခွာသွား​သောအခါ ကော်နေလိ​သည် အိမ်စေ​နှစ်ဦး​နှင့် မိမိ​ထံ၌ အမြဲ​အစေခံသော​တပ်​ထဲမှ ဘုရားတရား​ကိုင်းရှိုင်းသည့် စစ်သား​တစ်ဦး​ကို ခေါ်​၍


ထို့ကြောင့် ယခု​သင်တို့​သည် ကျွန်ုပ်တို့​၏​ဘိုးဘေးများ​နှင့် ကျွန်ုပ်တို့​ပင် မထမ်းနိုင်သော​ထမ်းပိုး​ကို တပည့်တော်တို့​၏​လည်ပင်း​ပေါ်​တွင်​တင်ခြင်း​အားဖြင့် အဘယ်ကြောင့် ဘုရားသခင်​ကို စမ်းသပ်ကြသနည်း။


ဤ​အရာ​မှာ ကျမ်းစာ​၌ “လူမျိုးခြားတို့​သည် သင်တို့​အကျင့်​ကို ထောက်​၍ ဘုရားသခင်​၏​အမည်​နာမတော်​ကို စော်ကား​ပြောဆိုတတ်ကြ၏” ဟု ရေးထားသည့်​အတိုင်း​ဖြစ်၏။


ကျွန်ုပ်​သည် လူများစွာ ကယ်တင်ခံရ​စေလို​သောကြောင့် ကိုယ်ကျိုး​ကို​မရှာဘဲ အများ​အကျိုး​ကိုသာ ရှာ​လျက် လုပ်ဆောင်လေ​ရာရာ​တွင် လူတိုင်း​၏ ကျေနပ်​နှစ်သက်မှု​ကို ရ​စေရန် ကြိုးစား၏။ သင်တို့​သည်လည်း ကျွန်ုပ်​ကဲ့သို့ ပြုကြလော့။ ဂျူးလူမျိုး၊ လူမျိုးခြား၊ ဘုရားသခင်​၏​အသင်းတော် စသည်တို့​ကို ထိမိ​၍ လဲစရာ မဖြစ်​စေရန် ကြိုးစားကြလော့။


ပညတ်တရား​မှ လွတ်လပ်ခွင့်​ရ​စေရန် ခရစ်တော်​သည် ကျွန်ုပ်တို့​ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများ​အဖြစ် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ ကျွန်​ထမ်းပိုး​ကို နောက်တစ်ဖန် မထမ်းကြနှင့်။


ထို့ကြောင့် လမ်းလွဲ​၍ စာတန်​နောက်သို့ လိုက်ပါသွားကြသော အချို့​မုဆိုးမတို့​ကို ထောက်​၍ ငယ်ရွယ်သော​မုဆိုးမတို့​သည် ရန်သူ​အား ကဲ့ရဲ့ခွင့်​ကို မပေးဘဲ ထပ်မံ​အိမ်ထောင်ပြု​ရန်၊ သားသမီးများ​ယူ​ရန်၊ အိမ်မှု​ကိစ္စများ​ထိန်းသိမ်း​ရန် ကျွန်ုပ်​အကြံပေး​လို၏။


မိမိကိုယ်ကိုယ်​ချုပ်တည်းသူ၊ စင်ကြယ်သူ၊ အိမ်မှုကိစ္စ​ကို ကောင်းစွာ ထိန်းသိမ်းနိုင်သူ၊ ကြင်နာတတ်သူ၊ ခင်ပွန်းသည်​ကို နာခံသူ​များ ဖြစ်​ရန် သင်ပေးနိုင်​လိမ့်မည်။ သို့မှသာ မည်သူမျှ ဘုရားသခင်​၏​တရားတော်​ကို စော်ကား​နိုင်မည်​မဟုတ်။


ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​အလယ်တွင် ကောင်းမွန်စွာ​ပြုမူနေထိုင်ကြလော့။ သို့ပြုလျှင် ထို​သူတို့​သည် သင်တို့​ကို မကောင်းမှု​ပြုသူများ​ဟု အသရေဖျက်ကြ​သော်လည်း သင်တို့​၏ ကောင်းသော​အကျင့်​ကို ထောက်​၍ ဘုရားသခင် ကြည့်ရှု​စီရင်တော်မူသော​နေ့​၌ ကိုယ်တော်​၏​ဘုန်းတော်​ကို ချီးမွမ်းကြ​လိမ့်မည်။


သို့သော် နူးညံ့သိမ်မွေ့သော​စိတ်​နှင့် တလေးတစား​ဖြေဆိုကြလော့။ သင်တို့​ကို ကဲ့ရဲ့​ရှုတ်ချကြသော​သူတို့​သည် ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော​သင်တို့​၏ ကောင်းမွန်​စွာ ပြုမူနေထိုင်ပုံ​ကို မြင်​၍ အရှက်ရကြ​စေရန် လိပ်ပြာသန့်​စွာ ပြုမူနေထိုင်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ