ဤသို့ ယခင်အချိန်ကာလများတွင် လူတို့၏မသိနားမလည်ခြင်းကို ဘုရားသခင်သည် အမှုမထားခဲ့သော်လည်း ယခုမှာ နေရာအသီးသီးတွင်ရှိသော လူအပေါင်းတို့ကို နောင်တရရန် အမိန့်ပေးတော်မူ၏။
၁ တိ 2:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် လူသားအားလုံးအတွက် အသနားခံခြင်း၊ ဆုတောင်းပေးခြင်း၊ ကိုယ်စားပြုတောင်းလျှောက်ပေးခြင်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းတို့ကို ဦးစားပေးဆောင်ရွက်ရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်၏။ Common Language Bible သို့ဖြစ်၍ပထမဦးစွာလူအပေါင်းတို့ အတွက် ဘုရားသခင်အားလျှောက်ထား အသနားခံခြင်း၊ ဆုတောင်းပတ္ထနာပြုခြင်း၊ တောင်းခံခြင်း၊ ကျေးဇူးတော်ကိုချီးမွမ်း ခြင်းတို့ကိုပြုကြရန်ငါတိုက်တွန်း၏။- Garrad Bible ထို ကြောင့် ငါ ဦး စွာ နှိုး ဆော် သည် မှာ ငါ တို့ သည် ဘု ရား တ ရား ကို လုံး လုံး ကြည် ညို လျက် ငြိမ် ဝပ် ချမ်း သာ စွာ နေ ခွင့် ရ စေ ရန် ဘု ရင် မင်း များ၊ အ စိုး ရ မင်း များ မှ စ ၍ ခပ် သိမ်း တို့ အ ဖို့ မေ တ္တာ ပို့ ခြင်း၊ တောင်း လျှောက် ခြင်း၊ အ သ နား တော် ခံ ခြင်း၊ ကျေး ဇူး တော် ချီး မွမ်း ခြင်း များ ကို ပြု ကြ လော့။ Judson Bible ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာ ကျင့်ခြင်းအမျိုးမျိုးကိုပြု၍၊ ငြိမ်ဝပ်ဆိတ်ညံစွာ နေရမည်အကြောင်း၊ ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသော သူအပေါင်းတို့နှင့် လူအမျိုးမျိုးတို့အဖို့ ဆုတောင်းပတ္ထနာပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေ့ဦးစွပြုစေခြင်းငှာ ငါတိုက်တွန်း သွေးဆောင်၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ လူအပေါင်းတို့အတွက်လည်းကောင်း၊ ရှင်ဘုရင်များနှင့် အထက်အာဏာပိုင်အားလုံးတို့အတွက်လည်းကောင်း အသနားခံခြင်း၊ ဆုတောင်းခြင်း၊ ကြားခံတောင်းလျှောက်ခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းတို့ကိုပြုရန် ပထမဦးစွာ ငါတိုက်တွန်းနှိုးဆော်ပါ၏။ |
ဤသို့ ယခင်အချိန်ကာလများတွင် လူတို့၏မသိနားမလည်ခြင်းကို ဘုရားသခင်သည် အမှုမထားခဲ့သော်လည်း ယခုမှာ နေရာအသီးသီးတွင်ရှိသော လူအပေါင်းတို့ကို နောင်တရရန် အမိန့်ပေးတော်မူ၏။
သင်တို့၏ယုံကြည်ခြင်းသတင်းသည် ကမ္ဘာတစ်ဝန်းလုံးသို့ ပျံ့နှံ့လျက်ရှိသဖြင့် ယေရှုခရစ်တော်ပြုခဲ့သောအမှုကို အကြောင်းပြု၍ သင်တို့အားလုံးအတွက် ကျွန်ုပ်၏ဘုရားသခင်ကို ဦးစွာကျေးဇူးတင်ပါ၏။
သင်တို့သည် တစ်ချိန်က အပြစ်တရား၏ကျွန် ဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် သင်တို့သင်ယူခဲ့သော တရားတော်ကို စိတ်နှလုံးအပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ကျွန်ုပ်ကိုယ်တိုင် ခံယူရရှိခဲ့သည့် အရေးကြီးဆုံးသောအရာကို သင်တို့အား ကျွန်ုပ်လက်ဆင့်ကမ်းခဲ့၏။ ထိုအရာမှာ ကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း ခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသေခံတော်မူသည့်အကြောင်း၊
ထို့ကြောင့် တိတုသည် သင်တို့အထဲ၌ ဤလှူဒါန်းခြင်းကို စတင်ဆောင်ရွက်ခဲ့သည့်အားလျော်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် သူ့အား ကျွန်ုပ်တို့တိုက်တွန်းခဲ့၏။
သို့ဖြစ်၍ သင်တို့အတွက် ကျွန်ုပ် ခံရသော ဆင်းရဲဒုက္ခကြောင့် စိတ်ပျက်အားလျော့ခြင်း မရှိကြရန် ကျွန်ုပ် တောင်းပန်လို၏။ ထိုအရာများအတွက် သင်တို့ ဂုဏ်ယူသင့်၏။
ကျွန်ုပ်တို့သခင် ယေရှုခရစ်တော်၏ အမည်နာမတော်ကို အမှီပြု၍ အရာအားလုံးအတွက် ခမည်းတော်ဘုရားသခင်အား အစဉ် ကျေးဇူးတင်ကြလော့။
အမျိုးမျိုးသော ဆုတောင်းခြင်းနှင့် အသနားခံခြင်းတို့ဖြင့် ဝိညာဉ်တော် ညွှန်ကြားတော်မူသည့်အတိုင်း အချိန်အခါတိုင်းတွင် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းနိုင်ရန် နိုးနိုးကြားကြား နေ၍ ယုံကြည်သူအပေါင်းတို့အတွက် ဇွဲမလျှော့ဘဲ ဆုတောင်းကြလော့။
မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အခြေအနေတိုင်း၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့ဖြင့် သင်တို့ လိုအပ်သောအရာများကို ဘုရားသခင်ထံ တောင်းလျှောက်ကြလော့။
ကျွန်ုပ်တို့၏ မေတ္တာသည် သင်တို့အပေါ်တွင် ပွားများသကဲ့သို့ သင်တို့၏ မေတ္တာသည်လည်း သင်တို့အချင်းချင်းနှင့် လူတိုင်းအပေါ်တွင် ပို၍ ပွားများရန် သခင်ဘုရား ပြုတော်မူပါစေသော။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် ပြုသင့်သည့်အတိုင်း သင်တို့အတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွားကာ အချင်းချင်းအပေါ် ထားသော ချစ်ခြင်းမေတ္တာသည်လည်း ပွားများလာသောကြောင့် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားအားလုံး ကယ်တင်ခြင်းခံရပြီး သမ္မာတရားကို သိရှိနားလည်စေလိုတော်မူသောကြောင့် ဖြစ်၏။
အမှန်တကယ်ခိုကိုးရာမဲ့ပြီး စောင့်ရှောက်သူမရှိသော မုဆိုးမသည် ဘုရားသခင်ကို မျှော်လင့်လျက် နေ့ညမပြတ် အသနားခံ၍ ဆုတောင်းတတ်၏။
သခင်ဘုရား၏ အစေအပါးသည် ခိုက်ရန်မဖြစ်ဘဲ လူအပေါင်းတို့အပေါ် နူးညံ့သိမ်မွေ့စွာ ဆက်ဆံတတ်ပြီး သင်ကြားပေးတတ်သူ၊ သည်းခံနိုင်စွမ်းရှိသူ ဖြစ်ရမည်။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့ကို ကယ်တင်ရန် ဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှားလာသောကြောင့် ဖြစ်၏။
သူတို့သည် မည်သူ့ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်း မပြုဘဲ လူတိုင်းအပေါ် ထောက်ထားညှာတာသော စိတ်နှင့် နူးညံ့သိမ်မွေ့စွာ ဆက်ဆံရမည်။
သင်တို့တစ်ဦးစီတိုင်းသည် အဆုံးတိုင်အောင် စိတ်အားထက်သန်မှုကို ယခုအတိုင်း ပြသနိုင်ရန် ကျွန်ုပ်တို့အလိုရှိ၏။ သို့မှသာ သင်တို့မျှော်လင့်သည့်အရာကို အသေအချာ ရရှိနိုင်လိမ့်မည်။
ထို့ကြောင့် သင်တို့သည် ကျန်းမာခွင့်ရရန် မိမိတို့၏အပြစ်များကို အချင်းချင်း ဖွင့်ဟဝန်ခံလျက် အချင်းချင်းအတွက် ဆုတောင်းပေးကြလော့။ ဖြောင့်မတ်သောသူ၏ဆုတောင်းခြင်းသည် အလွန်တန်ခိုးကြီး၍ ထိရောက်၏။