ဤအကြောင်းအရာများသည် မငြင်းဆန်နိုင်သောအရာများ ဖြစ်သောကြောင့် သင်တို့သည် တိတ်ဆိတ်စွာနေ၍ မဆင်မခြင်မပြုသင့်ပါ။
၁ ကော 7:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သူတို့သည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်လျှင် အိမ်ထောင်ပြုသင့်၏။ တဏှာမီးတောက်လောင်နေခြင်းထက် အိမ်ထောင်ပြုလိုက်ခြင်းက ပို၍ ကောင်း၏။ Common Language Bible သို့သော်သင်တို့၏စိတ်ကိုမချုပ်တည်းနိုင်လျှင်မူ ကား အိမ်ထောင်ပြုကြလော့။ စိတ်ပူလောင်ခြင်းရှိ သည်ထက်အိမ်ထောင်ပြုခြင်းကပို၍ကောင်းလိမ့် မည်။ Garrad Bible သို့ ရာ တွင် အိမ် ထောင် ပြု ခြင်း သည် ပူ လောင် ခြင်း ထက် ကောင်း သည် ဖြစ်၍ မ ချုပ် တည်း နိုင် လျင် အိမ် ထောင် ပြု ကြ စေ။ Judson Bible သို့သော်လည်း၊ ကာမဂုဏ်ကို မချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဖက်ခြင်းကို ပြုကြစေ။ ကိလေသာစိတ် ပူပန်ခြင်းရှိသည်ထက် ထိမ်းမြားစုံဖက်ခြင်း ပြုသော် သာ၍ကောင်း၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် မိမိကိုယ်ကိုမချုပ်တည်းနိုင်လျှင် အိမ်ထောင်ပြုကြစေ။ အကြောင်းမူကား ကိလေသာစိတ်ပူလောင်ခြင်းရှိသည်ထက် အိမ်ထောင်ပြုသော် သာ၍ကောင်း၏။ |
ဤအကြောင်းအရာများသည် မငြင်းဆန်နိုင်သောအရာများ ဖြစ်သောကြောင့် သင်တို့သည် တိတ်ဆိတ်စွာနေ၍ မဆင်မခြင်မပြုသင့်ပါ။
သို့သော် တရားနှင့်မညီသော မေထုန်ကိုပြုခြင်းတို့ကြောင့် အမျိုးသားတိုင်း၌ ဇနီးရှိသင့်ပြီး အမျိုးသမီးတိုင်း၌လည်း ခင်ပွန်း ရှိသင့်၏။
သို့သော် အိမ်ထောင်ပြုလျှင်လည်း ၎င်းသည် အပြစ်မဟုတ်ပါ။ အပျိုစင်တစ်ယောက်အိမ်ထောင်ပြုလျှင်လည်း အပြစ်မဟုတ်ပါ။ သို့ရာတွင် ဤကာလ၌ အိမ်ထောင်ပြုသူတို့သည် ဆင်းရဲဒုက္ခနှင့် ကြုံရမည်ဖြစ်၍ ကျွန်ုပ်သည် သင်တို့ကို ထိုဒုက္ခများမှ ကင်းလွတ်ရန် ပြောရခြင်းဖြစ်၏။
တစ်စုံတစ်ယောက်သည် သူနှင့် စေ့စပ်ထားသောမိန်းမပျိုကို အရွယ်လွန်စေလျှင် မသင့်တော်ဟု ထင်မှတ်၍ သူ၏ဆန္ဒကို မထိန်းချုပ်နိုင်လျှင် ဆန္ဒရှိသည့်အတိုင်း အိမ်ထောင်ပြုသင့်၏။ ထိုအရာသည် အပြစ်မဟုတ်ပါ။
ဇနီးသည် မိမိခင်ပွန်း အသက်ရှင်နေသမျှကာလပတ်လုံး ထိုခင်ပွန်းနှင့် နှောင်ဖွဲ့ထား၏။ ခင်ပွန်းကွယ်လွန်လျှင် မိမိနှစ်သက်သောသူနှင့် လက်ထပ်ခွင့်ရှိ၏။ သို့သော်လည်း ထိုသူသည် သခင်ဘုရားကို ယုံကြည်သောသူဖြစ်ရမည်။
သင်တို့ တစ်ဦးချင်းစီတိုင်းသည် သန့်ရှင်းမြင့်မြတ်ပြီး ဂုဏ်သိက္ခာရှိသောနည်းလမ်းဖြင့် မိမိတို့ကိုယ်ခန္ဓာကို ချုပ်တည်းတတ်ရမည်။
ငယ်ရွယ်သော မုဆိုးမများကိုမူ စာရင်းမသွင်းနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ကာမဂုဏ်တပ်မက်ခြင်းသည် ခရစ်တော်ထံ ဆက်ကပ်ခြင်းထက် အားကြီးလာသောအခါ ထပ်မံအိမ်ထောင်ပြုလိုစိတ်ရှိလာသောကြောင့် ဖြစ်၏။
ထို့ကြောင့် လမ်းလွဲ၍ စာတန်နောက်သို့ လိုက်ပါသွားကြသော အချို့မုဆိုးမတို့ကို ထောက်၍ ငယ်ရွယ်သောမုဆိုးမတို့သည် ရန်သူအား ကဲ့ရဲ့ခွင့်ကို မပေးဘဲ ထပ်မံအိမ်ထောင်ပြုရန်၊ သားသမီးများယူရန်၊ အိမ်မှုကိစ္စများထိန်းသိမ်းရန် ကျွန်ုပ်အကြံပေးလို၏။