၁ ကော 7:9 - Common Language Bible9 သို့သော်သင်တို့၏စိတ်ကိုမချုပ်တည်းနိုင်လျှင်မူ ကား အိမ်ထောင်ပြုကြလော့။ စိတ်ပူလောင်ခြင်းရှိ သည်ထက်အိမ်ထောင်ပြုခြင်းကပို၍ကောင်းလိမ့် မည်။ အခန်းကိုကြည့်ပါ။Garrad Bible9 သို့ ရာ တွင် အိမ် ထောင် ပြု ခြင်း သည် ပူ လောင် ခြင်း ထက် ကောင်း သည် ဖြစ်၍ မ ချုပ် တည်း နိုင် လျင် အိမ် ထောင် ပြု ကြ စေ။ အခန်းကိုကြည့်ပါ။Judson Bible9 သို့သော်လည်း၊ ကာမဂုဏ်ကို မချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဖက်ခြင်းကို ပြုကြစေ။ ကိလေသာစိတ် ပူပန်ခြင်းရှိသည်ထက် ထိမ်းမြားစုံဖက်ခြင်း ပြုသော် သာ၍ကောင်း၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 သို့သော် မိမိကိုယ်ကိုမချုပ်တည်းနိုင်လျှင် အိမ်ထောင်ပြုကြစေ။ အကြောင်းမူကား ကိလေသာစိတ်ပူလောင်ခြင်းရှိသည်ထက် အိမ်ထောင်ပြုသော် သာ၍ကောင်း၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း9 သို့သော် သူတို့သည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်လျှင် အိမ်ထောင်ပြုသင့်၏။ တဏှာမီးတောက်လောင်နေခြင်းထက် အိမ်ထောင်ပြုလိုက်ခြင်းက ပို၍ ကောင်း၏။ အခန်းကိုကြည့်ပါ။ |
သို့သော်အိမ်ထောင်ပြုလျှင်လည်းအပြစ်တစ်စုံ တစ်ရာကူးလွန်ခြင်းမဟုတ်။ အိမ်ထောင်မရှိ သည့်အမျိုးသမီးသည်အိမ်ထောင်ပြုခဲ့သော် မည်သည့်အပြစ်ကိုမျှမကူးလွန်။ သို့ရာတွင် အိမ်ထောင်သည်တို့နေ့စဉ်တွေ့ကြုံကြရမည့် ဆင်းရဲဒုက္ခများနှင့် သင်တို့အားကင်းဝေးစေ လို၍ဤသို့ငါပြောရခြင်းဖြစ်၏။
ဇနီးဖြစ်သူသည်မိမိ၏ခင်ပွန်းအသက်ရှင် သမျှကာလပတ်လုံးချည်နှောင်မှုရှိ၏။ ခင်ပွန်း သေဆုံးသွားသောအခါ၌မူ မိမိနှစ်သက်သူ မည်သူနှင့်မဆိုထိမ်းမြားလက်ထပ်နိုင်၏။ သို့ ရာတွင်ထိုထိမ်းမြားလက်ထပ်မှုသည်ယုံကြည် သူအချင်းချင်းထိမ်းမြားလက်ထပ်မှုသာ လျှင်ဖြစ်ရမည်။-
စေ့စပ်ကြောင်းလမ်းပြီးနောက်ထိမ်းမြားမင်္ဂလာ မပြုရန် သဘောတူစိတ်ပိုင်းဖြတ်ထားသူနှစ်ဦး နှင့်ပတ်သက်၍ပြောရသော် အမျိုးသားသည် အမျိုးသမီးအပေါ်တွင် မိမိပြုမူပုံမလျောက် ပတ်သည်ကိုသိသောအခါ၌သော်လည်းကောင်း၊ မိမိစိတ်ကိုမထိန်းချုပ်နိုင်သောအခါ၌သော် လည်းကောင်းထိမ်းမြားမင်္ဂလာပြုရာ၏။ ဤသို့ ပြုခြင်း၌အဘယ်အပြစ်မျှမရှိ။-