Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 အိမ်ထောင်ရှိသော​သူများ​အတွက် ကျွန်ုပ်​ထံမှ မဟုတ်ဘဲ သခင်ဘုရား​ထံမှ လာသော ပညတ်ချက်​ရှိ၏။ ဇနီး​သည် မိမိ​ခင်ပွန်း​နှင့် ခွဲမနေရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 အိမ်​ထောင်​သည်​များ​အား​ငါ​ပ​ညတ်​လို​၏။ ယင်း ပ​ညတ်​မှာ​ငါ​၏​ပ​ညတ်​မ​ဟုတ်။ သ​ခင်​ဘု​ရား ၏​ပ​ညတ်​ဖြစ်​၏။ မ​ယား​သည်​မိ​မိ​၏​လင်​နှင့် ခွဲ​ခွာ​၍​မ​နေ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ခင် ပွန်း ရှိ သူ တို့ အား ငါ ဆင့် ဆို ရာ တွင် ငါ မ ဟုတ်၊ အ ရှင် ဘု ရား မိန့် မှာ တော် မူ သည် ကား မ ယား သည် လင့် ထံ မှ မ ခွာ မ သွား စေ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ခင်​ပွန်း​ရှိ​သော သူ​တို့​ကို​လည်း၊ ငါ​ပ​ညတ်​သည် သာ​မ​က၊ သ​ခင်​ဘု​ရား ပ​ညတ်​တော်​မူ​သည်​ကား၊ မ​ယား​သည် မိ​မိ​ခင်​ပွန်း​ကို မ​စွန့်​ပစ်​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အိမ်ထောင်ရှိ​သော​သူ​တို့​အား ငါ့​ထံမှ​မ​ဟုတ်​ဘဲ သခင်​ဘုရား​ထံမှ​ညွှန်ကြား​ချက်​ကို ငါ​ပေး​သည်​ကား မယား​သည် လင်​ယောက်ျား​နှင့်​မ​ကွဲကွာ​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:10
13 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဇနီးဖြစ်သူ​သည် အိမ်ထောင်ရေး​ဖောက်ပြန်မှု​မရှိ​သော်လည်း ခင်ပွန်းဖြစ်သူ​က ထို​ဇနီး​ကို ကွာရှင်း​လျှင် သူ​သည် မိမိ​ဇနီး​ကို အိမ်ထောင်ရေး​ဖောက်ပြန်မှု ကျူးလွန်စေရာ​ရောက်၏။ ကွာရှင်းထားသော​အမျိုးသမီး​ကို လက်ထပ်သော​သူ​သည်​လည်း အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်၏။


ထိုအခါ ဖာရိရှဲ​တချို့​သည် ကိုယ်တော်​ထံသို့ လာ​၍ “လူတစ်ဦး​သည် မိမိ​ဇနီး​ကို ကွာရှင်းသည်​မှာ ပညတ်တော်​နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု စမ်းသပ်လို​သဖြင့် မေးလျှောက်ကြ၏။


မိမိ​ဇနီးသည်​ကို ကွာရှင်း​၍ အခြား​အမျိုးသမီးတစ်ဦး​နှင့် လက်ထပ်သော​သူ​သည် အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်၏။ ထို့အတူ ခင်ပွန်း​နှင့် ကွာရှင်းထားသော​အမျိုးသမီး​ကို လက်ထပ်သော​သူ​သည်လည်း အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို ကျူးလွန်၏။


ခင်ပွန်း​နှင့် ခွဲနေ​လျှင် သူ​သည် နောက်​အိမ်ထောင်​မပြုဘဲ​နေရမည်။ ထိုသို့​မဟုတ်​လျှင် ခင်ပွန်း​နှင့် ပြန်လည်​ပေါင်းသင်းရမည်။ ခင်ပွန်း​သည်လည်း မိမိ​ဇနီး​ကို မကွာရှင်းရ။


သခင်ဘုရား​ထံမှ လာသော ပညတ်​မဟုတ်​သော်လည်း အခြားသော​သူတို့​အား ကျွန်ုပ်​ပြောလို၏။ ယုံကြည်သော​အမျိုးသား​တစ်ဦး​တွင် မယုံကြည်သော​ဇနီး ရှိ​ပြီး ထို​ဇနီး​သည် သူ​နှင့်အတူ ဆက်​၍ ပေါင်းသင်းနေထိုင်​လို​ပါက သူ​သည် ထို​ဇနီး​ကို မကွာရှင်းရ။


သို့သော် မယုံကြည်သော​ခင်ပွန်း၊ သို့မဟုတ် ဇနီး​က ကွာရှင်း​လို​လျှင် ကွာရှင်းပါစေ။ ထို​အခြေအနေ​မျိုး​တွင် ယုံကြည်သော​ခင်ပွန်း​ဖြစ်စေ၊ ဇနီး​ဖြစ်စေ ထို​သူ​နှင့် မသက်ဆိုင်တော့ပေ။ ဘုရားသခင်​သည် သင်တို့​အား ငြိမ်းချမ်း​စွာ နေထိုင်​ရန် ရွေးကောက်တော်မူ၏။


အိမ်ထောင်​မပြုသေးသူများ​နှင့်​ပတ်သက်၍ သခင်ဘုရား​ထံမှ လာသော​ပညတ်​ကို ကျွန်ုပ်​မရ​သော်လည်း သခင်ဘုရား​၏ ကျေးဇူးတော်​ကို ခံစားရသည့် ယုံကြည်ထိုက်သူ​တစ်ဦး​အနေဖြင့် ကျွန်ုပ်​၏ ထင်မြင်ချက်​ကို ပေးပါမည်။


မည်သို့ပင်​ဖြစ်စေ ကျွန်ုပ်​၏ ထင်မြင်ချက်​အရ သူ​သည် နောက်ထပ်​အိမ်ထောင်​မပြုဘဲ​နေလျှင် ပို၍ ကောင်း၏။ ဤသို့ ကျွန်ုပ်​ပြောဆို​ရာတွင် ဘုရားသခင်​၏ ဝိညာဉ်တော်​အားဖြင့် သင်တို့​ကို အကြံပေး​ပြောဆိုခြင်း​ဖြစ်ကြောင်း ကျွန်ုပ်​မှတ်ယူပါ၏။


ဤသို့ ကျွန်ုပ်​ပြောဆိုသည်​မှာ အမိန့်ပေးခြင်း​မဟုတ်ဘဲ အခွင့်ပေးခြင်း​သာ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ