တစ်မြို့လုံးဝရုန်းသုန်းကားဖြစ်လျက် လူတို့သည် ပေါလု၏ခရီးသွားဖော်များဖြစ်ကြသော မာကေဒေါနိပြည်သား ဂါယုနှင့် အာရိတ္တာခုတို့ကို ဖမ်းဆီးပြီးလျှင် ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
၁ ကော 4:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် တမန်တော်ဖြစ်သော ကျွန်ုပ်တို့အား လူသတ်ကွင်း၌ အသေခံရန်အတွက် ပြစ်ဒဏ်ချခံရထားသောသူတို့ကဲ့သို့ နောက်ဆုံးတွင် ထား၍ ထုတ်ပြတော်မူပြီဟု ကျွန်ုပ်ထင်မြင်မိပါ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ကောင်းကင်တမန်တို့ရှေ့၌ဖြစ်စေ၊ လူတို့ရှေ့၌ ဖြစ်စေ တစ်လောကလုံးအတွက် ရှုစားစရာမြင်ကွင်း ဖြစ်လာသောကြောင့်ဖြစ်၏။ Common Language Bible လူထုအားထုတ်ပြရာတွင်သေဒဏ်သင့် သူများအားနောက်ဆုံးမှလိုက်ပါစေသကဲ့ သို့ ဘုရားသခင်သည်လူတို့နှင့်ကောင်းကင် တမန်တို့ရှုစားကြစေရန် ငါတို့တမန် တော်များအားနောက်ဆုံးနေရာတွင်ထား တော်မူသည်ဟုငါထင်မှတ်၏။- Garrad Bible ငါ ထင် သည့် အ တိုင်း ဘု ရား သ ခင် သည် ကျုံး သွင်း၍ အ သေ ခံ ရ သူ တို့ သ ဖွယ် ဤ လော က တည်း ဟူ သော လူ နတ် တို့ ရှေ့ တ မန် တော် ဖြစ် သော ငါ တို့ ကို နောက် ဆုံး ထုတ် ပြ တော် မူ လေ စွ တ ကား။ Judson Bible သတ်ဖို့ရာထားသောသူကဲ့သို့ အခြားသောသူများနောက်၌ တမန်တော်တည်းဟူသော ငါတို့ကို ဘုရားသခင်ထုတ်ပြတော်မူသည်ဟု ငါထင်၏။ အကြောင်းမူကား၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များမျက်မှောက်၌ ပွဲဝင်သောသူ ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် တမန်တော်ဖြစ်ကြသောငါတို့ကို နောက်ဆုံးတွင်ထား၍ အသေသတ်ခြင်းခံရမည့်သူများကဲ့သို့ ထုတ်ပြတော်မူပြီဟု ငါထင်မှတ်၏။ အဘယ်ကြောင့်ဆိုသော် ငါတို့သည် ကောင်းကင်တမန်များရှေ့၌ဖြစ်စေ၊ လူတို့ရှေ့၌ဖြစ်စေ တစ်လောကလုံးအတွက် ရှုစားစရာဖြစ်လာကြ၏။ |
တစ်မြို့လုံးဝရုန်းသုန်းကားဖြစ်လျက် လူတို့သည် ပေါလု၏ခရီးသွားဖော်များဖြစ်ကြသော မာကေဒေါနိပြည်သား ဂါယုနှင့် အာရိတ္တာခုတို့ကို ဖမ်းဆီးပြီးလျှင် ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
ပေါလု၏မိတ်ဆွေများ ဖြစ်ကြသော အာရှပြည်၏အရာရှိတချို့ကလည်း ထိုဇာတ်ရုံထဲသို့ စွန့်စား၍ မဝင်ရန် တောင်းပန်ကြ၏။
ကျမ်းစာ၌ “ကျွန်ုပ်တို့သည် အရှင့်အတွက် တစ်နေ့လုံးသေဘေးနှင့် ရင်ဆိုင်ကြရ၏။ သူတစ်ပါးတို့သည် အကျွန်ုပ်တို့ကို သတ်ရန် လျာထားသည့် သိုးများကဲ့သို့ သတ်မှတ်ကြ၏” ဟု ဖော်ပြထား၏။
အကယ်၍ ကျွန်ုပ်တို့အား ခရစ်တော်ပေးသော မျှော်လင့်ချက်သည် ဤဘဝအတွက်သာ ဖြစ်လျှင် ကျွန်ုပ်တို့သည် ဤကမ္ဘာပေါ်ရှိ လူအပေါင်းတို့ထဲမှ သနားစရာအကောင်းဆုံးသောသူများဖြစ်ပေမည်။
သူတို့သည် ခရစ်တော်၏ အစေခံများဖြစ်ကြသလော။ ကျွန်ုပ်သည် ပို၍ပင် ဖြစ်သည်ဟူ၍ အရူးကဲ့သို့ ပြောလို၏။ ကျွန်ုပ်သည် ပို၍အလုပ်ကြိုးစားခဲ့၏။ ခရစ်တော်အကြောင်း ဟောပြောသောကြောင့် အကြိမ်ပေါင်းများစွာ ထောင်ချခံခဲ့ရ၏။ အကြိမ်ပေါင်းများစွာ ကြိမ်ဒဏ်ခံခဲ့ရ၏။ မကြာခဏ သေဘေးနှင့် ရင်ဆိုင်ခဲ့ရ၏။
တချို့သည် ကျွန်ုပ်တို့ကို တမန်တော်အဖြစ် အသိအမှတ်မပြုကြသော်လည်း ကျွန်ုပ်တို့သည် ထင်ပေါ်ကျော်ကြားသောသူများ ဖြစ်ကြ၏။ သေလူကဲ့သို့ဖြစ်သော်လည်း အသက်ရှင်ကြ၏။ ရိုက်နှက်ခံရသူများကဲ့သို့ဖြစ်သော်လည်း အသတ်မခံရကြ။
ထို့ပြင် ဤဆင်းရဲဒုက္ခများကြောင့် သင်တို့တစ်ဦးတစ်ယောက်မျှ ယိမ်းယိုင်မသွားစေရန် ဖြစ်၏။ ထိုဆင်းရဲဒုက္ခများ တွေ့ကြုံရခြင်းသည် ဘုရားသခင်၏ အလိုတော်အရဖြစ်ကြောင်း သင်တို့သိကြ၏။
သို့ဖြစ်လျှင် ကောင်းကင်တမန်များသည် ကယ်တင်ခြင်းအမွေခံမည့်သူများကို အစေခံရန် ဘုရားသခင်စေလွှတ်တော်မူသော အစေခံဝိညာဉ်များ ဖြစ်ကြသည်မဟုတ်လော။
တစ်ခါတစ်ရံတွင် သင်တို့သည် လူရှေ့သူရှေ့၌ ကဲ့ရဲ့ရှုတ်ချခြင်းနှင့် ညှဉ်းဆဲခြင်းတို့ကို ခံကြရ၏။ တစ်ခါတစ်ရံ ထိုသို့ခံရသူများကို ကူညီပေးကြရ၏။
အချို့မှာမူ လှောင်ပြောင်ခြင်း၊ ရိုက်ပုတ်ခြင်းကို ခံရပြီး သံကြိုးနှင့် ချည်နှောင်ခံရကာ ထောင်ချခံကြရ၏။