Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 19:31 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 ပေါလု​၏​မိတ်ဆွေများ ဖြစ်ကြသော အာရှပြည်​၏​အရာရှိ​တချို့​ကလည်း ထို​ဇာတ်ရုံ​ထဲသို့ စွန့်စား​၍ မဝင်​ရန် တောင်းပန်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 ပေါ​လု​၏​အ​ဆွေ​ဖြစ်​သော​နယ်​အာ​ဏာ​ပိုင် အ​ချို့​တို့​က​လည်း မြို့​တော်​ခန်း​မ​ကြီး​ထဲ သို့​မ​ဝင်​ရန်​လူ​လွှတ်​၍​တောင်း​ပန်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 မိတ် ဆွေ ဖြစ် သူ သ ဘင် ဝန် တို့ က လည်း ဇာတ် ရုံ ထဲ သို့ မ ဝင် စေ ရန် လူ လွှတ်၍ တောင်း ပန် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ပေါ​လု၏​အ​ဆွေ​ဖြစ်​သော အာ​ရှိ​ပွဲ​မင်း​အ​ချို့ က​လည်း၊ ပွဲ​ခံ​ရာ​ဇ​ရပ်​ထဲ​သို့ ကိုယ်​ကို​မ​အပ်​ပါ​နှင့်​ဟု သူ့​ထံ​သို့​စေ​လွှတ်၍ တောင်း​ပန်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ပေါလု​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​သော အာရှ​ပြည်​အကြီးအကဲ​အချို့​တို့​က​လည်း သူ့​ထံ​လူ​လွှတ်​၍ ဇာတ်ရုံ​ထဲသို့ အရဲစွန့်​လျက်​မ​ဝင်​သွား​ရန် တောင်းပန်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 19:31
8 ပူးပေါင်းရင်းမြစ်များ  

အနာကြီးရောဂါသည် တစ်ဦး​သည် ယေရှု​ရှေ့တော်​သို့ လာ​၍ ဒူးထောက်​လျက် ကုသပေးတော်မူ​ရန် တောင်းပန်၏။ ထို​သူ​က “ကိုယ်တော်​အလိုတော်​ရှိ​ပါက အကျွန်ုပ်​ကို စင်ကြယ်​စေနိုင်ပါသည်” ဟု လျှောက်လေ၏။


သန့်ရှင်းသော​ဝိညာဉ်တော်​သည် သူတို့​အား အာရှပြည်​၌ နှုတ်ကပတ်​တရားတော်​ကို​ဟောပြော​ရန် တားမြစ်​သဖြင့် ဖြူဂိပြည်​နှင့် ဂလာတိပြည်​ကို ဖြတ်သွားကြ၏။


ထိုသို့ နှစ်နှစ်​တိုင်တိုင် ဆွေးနွေး​ပြောဆို​ရာ အာရှပြည်​တွင် နေထိုင်ကြသော ဂျူးလူမျိုး​နှင့် ဂရိလူမျိုးများ​အားလုံးတို့​သည် သခင်ဘုရား​၏​နှုတ်ကပတ်​တရားတော်​ကို ကြားနာကြရ၏။


တစ်မြို့လုံး​ဝရုန်းသုန်းကား​ဖြစ်​လျက် လူတို့​သည် ပေါလု​၏​ခရီးသွားဖော်များ​ဖြစ်ကြသော မာကေဒေါနိပြည်သား ဂါယု​နှင့် အာရိတ္တာခု​တို့​ကို ဖမ်းဆီး​ပြီး​လျှင် ဇာတ်ရုံ​ထဲသို့ တစ်ဟုန်ထိုး​ပြေးဝင်သွားကြ၏။


ပေါလု​သည် လူအုပ်​ထံ သွား​၍ ရင်ဆိုင်​လို​သော်လည်း တပည့်များ​က တားဆီးကြ၏။


ထို​အချိန်​၌ လူ​အစုအဝေးတို့​သည် ရှုပ်ထွေးကြကုန်​၍ တစ်ယောက်​တစ်မျိုး ဟစ်အော်​လျက်​နေကြ၏။ လူ​အများစု​သည် မည်သည့်​အကြောင်း​ကြောင့် မိမိတို့​အတူတကွ​စုဝေးနေသည်​ကိုပင် မသိကြ။


ဤ​စကား​ကို ကြားသော ကျွန်ုပ်တို့​နှင့် ထို​အရပ်​ရှိ​လူတို့​သည် ဂျေရုဆလင်မြို့​သို့ မသွား​ရန် ပေါလု​ကို တောင်းပန်​ပြောဆိုကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ