Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကော 15:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 အကယ်၍ ကျွန်ုပ်တို့​အား ခရစ်တော်​ပေးသော မျှော်လင့်ချက်​သည် ဤ​ဘဝ​အတွက်​သာ ဖြစ်​လျှင် ကျွန်ုပ်တို့​သည် ဤ​ကမ္ဘာ​ပေါ်ရှိ လူအပေါင်းတို့​ထဲမှ သနားစရာ​အကောင်းဆုံးသော​သူများ​ဖြစ်ပေမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ခ​ရစ်​တော်​ကို​အ​မှီ​ပြု​၍​ငါ​တို့​သည်​ယ​ခု ဘ​ဝ​အ​တွက်​သာ​မျှော်​လင့်​စ​ရာ​ရှိ​ပါ​မူ ကမ္ဘာ​ပေါ်​တွင်​ငါ​တို့​လောက်​သ​နား​စ​ရာ ကောင်း​သူ​များ​မ​ရှိ​တော့​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ယ ခု အ သက် တာ တွင် ခ ရစ် တော် ကို မျှော် လင့် ရုံ မျှ ရှိ လျှင် ငါ တို့ သည် လူ ခပ် သိမ်း တို့ ထက် သ နား ဖွယ် ကောင်း လေ စွ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ငါ​တို့​သည် ခ​ရစ်​တော်​ကို အ​မှီ​ပြု၍ ယ​ခု​ဘ​ဝ၌​သာ မျှော်​လ​င့်​စ​ရာ​ရှိ​လျှင်၊ အ​ခြား​သော သူ​အ​ပေါင်း​တို့​ထက် သာ၍ ဆင်း​ရဲ​သော​သူ ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ငါ​တို့​သည် ခရစ်တော်​၌ ယခု​ဘဝ​အတွက်​သာ မျှော်လင့်​စရာ​ရှိ​ခဲ့​လျှင် လူ​အပေါင်း​တို့​ထက် ပို၍​သနား​စရာ​ကောင်း​သော​သူ​ဖြစ်​ပေ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:19
19 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် “ဤ​အရာ​ကို ရေးမှတ်ထားလော့။ ယခု​မှစ၍ သခင်ဘုရား​ကို သစ္စာရှိ​စွာ ယုံကြည်​လျက် သေလွန်သော​သူတို့​သည် မင်္ဂလာ​ရှိကြ၏” ဟု ကောင်းကင်ဘုံ​မှ ပြောဆိုသံ​ကို ကျွန်ုပ်​ကြားရ၏။ ဝိညာဉ်တော်​ကလည်း “မှန်ပေ၏။ သူတို့​ပြုခဲ့သော​အမှုများ​အတွက် ဆုပေးခံကြရ​သဖြင့် သူတို့​သည် ပင်ပန်း​ဆင်းရဲ​စွာ လုပ်ဆောင်ခြင်း​မှ အနားယူခွင့် ရကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ကိုယ်တော်​ကို သေခြင်း​မှ ထမြောက်စေ​၍ ဘုန်းအသရေ​ကို ပေးတော်မူသော ဘုရားသခင်​ကို သင်တို့​သည် ခရစ်တော်​အားဖြင့်​ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့​သည် ဘုရားသခင်​ကို ယုံကြည်​၍ မျှော်လင့်ကြ၏။


ထို​အကြောင်း​ကြောင့် ဤ​ဆင်းရဲဒုက္ခ​ကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်​မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် မိမိ​ယုံကြည်သော​အရှင်​ကို သိ​ပြီး ကိုယ်တော်​ထံ၌ မိမိ​အပ်ထားသော​အရာ​ကိုလည်း ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်းတော်မူမည်​ဟု စိတ်ချ​သောကြောင့်​ဖြစ်၏။


သူတို့​က “ကျွန်ုပ်တို့​သည် ဆင်းရဲဒုက္ခ​များစွာ​ခံရခြင်း​အားဖြင့် ဘုရားသခင်​၏​နိုင်ငံတော်​သို့ ဝင်ရောက်ကြရမည်” ဟု ဆို​လျက် ထို​မြို့များ​ရှိ တပည့်တော်တို့​၏ စိတ်​ကို ကြံ့ခိုင်​စေကြ၏။ ယုံကြည်ခြင်း​တွင်လည်း ဆက်လက်​ရပ်တည်​ရန် ခွန်အားပေးကြ၏။


အမှန်ပင် ယေရှု​ခရစ်တော်​ကို ယုံကြည်​၍ ဘုရားတရား​ကိုင်းရှိုင်း​လျက် နေထိုင်​လိုသူ​တိုင်း ညှဉ်းပန်း​နှိပ်စက်​ခံရ​လိမ့်မည်။


ငါ့​ကြောင့် သင်တို့​ငြိမ်းချမ်းခြင်း​ရှိ​စေရန် ဤ​အကြောင်းအရာများ​ကို ငါ​ပြောပြီ။ ဤ​ကမ္ဘာလောက​၌ သင်တို့​သည် ဆင်းရဲဒုက္ခ​နှင့် ကြုံတွေ့ကြရ​လိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါ​သည် ဤ​လောက​ကို အောင်ပြီ” ဟု မိန့်တော်မူ၏။


အပျော်အပါး​လိုက်စား​၍ သောက်စား​မူးယစ်ခြင်း၊ လောကီ​ဘဝ​အတွက် စိုးရိမ်ပူပန်ခြင်းတို့​ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်း​စေရန် သတိပြုကြလော့။ ထိုသို့​မဟုတ်​ပါက ထို​နေ့ရက်​သည် ထောင်ချောက်​ကဲ့သို့ သင်တို့​အပေါ် ရုတ်တရက်​ကျရောက်လာ​လိမ့်မည်။


ဆူးပင်​ကြား​တွင် ကျသော​မျိုးစေ့​မှာ တရားစကား​ကို ကြား​သော်လည်း သူတို့​၏​စိုးရိမ်​ပူပန်ခြင်း၊ ချမ်းသာ​ကြွယ်ဝခြင်း၊ အပျော်အပါး​လိုက်စားခြင်းတို့​သည် ကြီးထွားခြင်း​ကို ပိတ်ဆို့ထား​သဖြင့် အသီး​မသီးနိုင်သော​သူတို့​ကို ဆိုလို၏။


ထို့နောက် သင်တို့​သည် ငါ​၏ နောက်လိုက်များ​ဖြစ်သောကြောင့် ကမ္ဘာတစ်ဝန်း​တွင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း​နှင့် မုန်းတီးခြင်း​ကို ခံကြရ​လိမ့်မည်။


စစ်သား​သည် မိမိ​ကို စစ်သူရဲ​နေရာ​၌ ခန့်ထားသောသူ​အား နှစ်သက်​စေရန် စစ်မှု​ဆိုင်ရာ​မဟုတ်သော​လောကီမှု​ကိစ္စများ​တွင် ပါဝင်​ပတ်သက်ခြင်း​မရှိတတ်။


လူတို့​သည် သင်တို့​ကို ဂျူး​ဝတ်ပြုဆောင်များ​မှ ထုတ်ပယ်ကြ​လိမ့်မည်။ သင်တို့​ကို သတ်သောသူများ​က ထိုသို့​သတ်ခြင်း​သည် ဘုရားသခင်​၏​အမှုတော်​ကို ဆောင်ရွက်ခြင်း​ဖြစ်သည်​ဟု ခံယူသည့်​အချိန်ကာလ ရောက်လာ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ