ငါ့ကိုချစ်သည်ထက် မိမိ၏ဖခင်၊ သို့မဟုတ် မိခင်ကို ပို၍ချစ်သောသူသည် ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။ ငါ့ကိုချစ်သည်ထက် မိမိ၏သားသမီးကို ပို၍ချစ်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
၁ ကော 16:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သူမဆို သခင်ဘုရားကို မချစ်လျှင် ထိုသူသည် ကျိန်ဆိုခြင်းကို ခံပါစေ။ သခင်ဘုရား ကြွလာတော်မူပါ။ Common Language Bible မည်သူမဆိုသခင်ဘုရားကိုမချစ်ပါမူ ကျိန်စာသင့်ပါစေသတည်း။ သခင်ဘုရား ကြွလာတော်မူပါ။- Garrad Bible မည် သူ မ ဆို အ ရှင် ဘု ရား ကို မ ချစ် လျှင် အ မင်္ဂ လာ ခံ စေ။ အ ရှင် ဘု ရား သည် ကြွ လာ တော် မူ တော့ မည်။ Judson Bible အကြင်သူသည် သခင်ယေရှုခရစ်ကို မချစ်၊ ထိုသူသည် အနသေမာဖြစ်စေသတည်း။ သခင်ဘုရားသည် ကြွလာတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း မည်သူမဆို သခင်ဘုရားကိုမချစ်လျှင် ကျိန်ခြင်းကိုခံပါစေ။ သခင်ဘုရား၊ ကြွလာတော်မူပါ။ |
ငါ့ကိုချစ်သည်ထက် မိမိ၏ဖခင်၊ သို့မဟုတ် မိခင်ကို ပို၍ချစ်သောသူသည် ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။ ငါ့ကိုချစ်သည်ထက် မိမိ၏သားသမီးကို ပို၍ချစ်သောသူသည်လည်း ငါ့တပည့်ဖြစ်ရန် မထိုက်တန်ပါ။
ငါ့ပညတ်ကို လိုက်နာသောသူသည် ငါ့ကို ချစ်သောသူဖြစ်၏။ ထိုသူသည် ငါ့ကို ချစ်သောကြောင့် ငါ့ခမည်းတော်သည် သူ့ကို ချစ်လိမ့်မည်။ ငါသည်လည်း သူ့ကို ချစ်၍ သူ့ကို ကိုယ်ထင်ပြတော်မူမည်” ဟု မိန့်တော်မူ၏။
ယေရှုက “ငါ့ကို ချစ်သောသူသည် ငါ့စကားကို လိုက်နာလိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကို ချစ်လိမ့်မည်။ ငါ့ခမည်းတော်နှင့် ငါသည်လည်း ထိုသူထံသို့ လာ၍ သူနှင့်အတူ နေထိုင်မည်။
ငါသည် သူတို့ရှေ့တွင် မည်သူမျှမပြုနိုင်သည့် နိမိတ်လက္ခဏာများကို မပြုဘဲနေခဲ့လျှင် သူတို့၌ အပြစ်ရှိမည်မဟုတ်။ ယခုမှာမူ သူတို့သည် ငါပြုသည့် နိမိတ်လက္ခဏာများကို တွေ့မြင်လျက်နှင့် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မုန်းကြ၏။
ထိုဝိညာဉ်တော်သည် ငါ့ထံမှ ရရှိသောသမ္မာတရားကို သင်တို့အား ဖော်ပြပေးခြင်းအားဖြင့် ငါ့ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။
ယေရှုက “ဘုရားသခင်သည် သင်တို့၏ အဖဖြစ်ပါက သင်တို့သည် ငါ့ကို ချစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ဘုရားသခင်ထံမှ လာ၏။ မိမိသဘောအတိုင်း လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကို စေလွှတ်တော်မူ၏။
ထိုသူတို့သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများထံသို့ သွား၍ “ကျွန်ုပ်တို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ဘဲနေရန် အလေးအနက်သစ္စာဆိုထားကြပါ၏။
လူ့အသွေးသားအရ ကျွန်ုပ်၏ အမျိုးသားချင်းဖြစ်သော ဂျူးညီအစ်ကိုမောင်နှမများ၏ အကျိုးအတွက် ကျွန်ုပ်ကိုယ်တိုင် ခရစ်တော်နှင့် ကင်းကွာလျက် ကျိန်ဆိုခြင်းကိုပင် ခံရန် အလိုရှိ၏။
ထို့ကြောင့် သင်တို့အား ကျွန်ုပ်သိစေလိုသည်မှာ မည်သူကမျှ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ယေရှုကို ကျိန်မည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မဟုတ်လျှင် မည်သူကမျှ ယေရှုသည် သခင်ဖြစ်ကြောင်း ပြောနိုင်မည်မဟုတ်။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို မပျက်ပြယ်သော ချစ်ခြင်းဖြင့် ချစ်သောသူအပေါင်းတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရပါစေသော။ ဧဖက်ဩဝါဒစာ ပြီးပါပြီ။
သင်တို့၏ ထောက်ထားညှာတာသော သဘောထားကို လူအပေါင်းတို့အား သိစေကြလော့။ သခင်ဘုရား ကြွလာမည့်အချိန် နီးပြီ။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မဖြောင့်မတ်သောအရှင် မဟုတ်။ ဘုရားသခင်သည် သင်တို့ပြုသောအမှုကိုလည်းကောင်း၊ ယုံကြည်သူတို့ကို ယခင်က အစေခံသကဲ့သို့ ယခုဆက်လက် အစေခံရာတွင် ထားသောသင်တို့၏ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အသိအမှတ်မပြုဘဲ နေတော်မူမည်မဟုတ်။
သင်တို့သည် ကိုယ်တော်ကို မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခု ကိုယ်တော်ကို မတွေ့ရသေးသော်လည်း ယုံကြည်ကြ၏။ သင်တို့တွင် ဘုန်းအသရေနှင့်ပြည့်စုံသည့် ပြောမပြနိုင်လောက်သော ဝမ်းမြောက်ခြင်းရှိ၏။
ထို့ကြောင့် ယုံကြည်သောသင်တို့အတွက် ဤကျောက်သည် ဂုဏ်သရေရှိ၏။ မယုံကြည်သောသူတို့အတွက်မှာမူ “တိုက်ဆောက်သူတို့ပယ်ထားသည့်ကျောက်သည် အရေးပါသောထောင့်ချုပ်ကျောက်ဖြစ်လာ၏” ဟု ဆို၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဦးစွာ ချစ်တော်မူသောကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချစ်ကြ၏။
ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူဖြစ်ပြီး အဖဘုရားသခင်ကိုချစ်သောသူတိုင်းသည် အဖဘုရားသခင်၏သားသမီးများကိုလည်း ချစ်တတ်၏။
ဤအကြောင်းအရာများကို သက်သေခံတော်မူသောအရှင်က “ဧကန်အမှန်ပင် ငါသည် မကြာမီလာမည်” ဟု မိန့်တော်မူ၏။ အာမင်။ သခင်ယေရှု… ကြွလာတော်မူပါ။