သခင်ဘုရား၏ အမှုတော်ကို ကြိုးစားလုပ်ဆောင်ကြသည့် အမျိုးသမီးများဖြစ်သော တရုဖဲနနှင့် တရုဖောသကိုလည်းကောင်း၊ အလုပ်အလွန်ကြိုးစားသည့် ချစ်သော ပေရသိကိုလည်းကောင်း နှုတ်ဆက်ပေးကြလော့။
၁ ကော 16:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ဆက်ကပ်ထားသော သူများမှစ၍ သူတို့နှင့်အတူ လုပ်ကိုင်လျက် ကြိုးစားအားထုတ်နေကြသောသူအားလုံး၏ ဦးဆောင်မှုကို လိုက်နာကြရန် သင်တို့ကို ကျွန်ုပ်တိုက်တွန်းနှိုးဆော်ပါ၏။ Garrad Bible ထို သို့ သော သူ တို့ မှ စ၍ ကူ ညီ ဆောင် ရွက် သူ တိုင်း၏ အ နော် အ တာ ကို ခံ ကြ စေ ရန် ငါ နှိုး ဆော်၏။ Judson Bible ထိုသို့သော သူတို့၏ အုပ်စိုးခြင်းကိုလည်းကောင်း၊ ငါတို့နှင့် အတူလုပ်ကိုင်၍ အမှုဆောင်သောသူရှိသမျှတို့၏ အုပ်စိုးခြင်းကိုလည်းကောင်း၊ သင်တို့ဝန်ခံကြမည်အကြောင်း ငါတောင်းပန်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့သောသူတို့မှစ၍ သူတို့နှင့်အတူလုပ်ဆောင်လျက် ကြိုးစားအားထုတ်နေသောသူအားလုံးတို့ကိုနာခံကြရန် သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။ |
သခင်ဘုရား၏ အမှုတော်ကို ကြိုးစားလုပ်ဆောင်ကြသည့် အမျိုးသမီးများဖြစ်သော တရုဖဲနနှင့် တရုဖောသကိုလည်းကောင်း၊ အလုပ်အလွန်ကြိုးစားသည့် ချစ်သော ပေရသိကိုလည်းကောင်း နှုတ်ဆက်ပေးကြလော့။
ယေရှုခရစ်တော်၏ အမှုတော်ကို ဆောင်ရွက်သည့် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ပြစ်ကိလနှင့် အာကုလတို့ကို နှုတ်ဆက်ပေးကြလော့။
ခရစ်တော်၏ အမှုတော်ကို ဆောင်ရွက်သည့် ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ဥရဗန်နှင့် ကျွန်ုပ်ချစ်သောမိတ်ဆွေ သတာခုကို နှုတ်ဆက်ပေးကြလော့။
အသင်းတော်အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများမှာ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် အံ့ဖွယ်တန်ခိုးကို ပြသူများ၊ ရောဂါပျောက်ကင်းစေနိုင်သော ဆုကျေးဇူးကို ရရှိထားသူများ၊ အများကို ကူညီဖေးမသူများ၊ ဦးဆောင်လမ်းပြနိုင်သူများ၊ ဘာသာစကားအမျိုးမျိုးကို ပြောနိုင်သူများ စသည်တို့ဖြစ်ကြ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုတော်လုပ်ငန်းတွင် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ ဥယျာဉ်ဖြစ်ကြ၏။ ဘုရားသခင်၏ အဆောက်အအုံလည်း ဖြစ်ကြ၏။
ကျွန်ုပ်၏ စစ်မှန်သောလုပ်ဖော်ကိုင်ဖက်… ဤအမျိုးသမီးနှစ်ဦး သင့်မြတ်ရန် ကူညီပါလော့ ဟု သင့်ကို ကျွန်ုပ် တောင်းဆိုပါ၏။ သူတို့သည် အသက်စာစောင်တွင် အမည်ပါရှိသော ကလေမင်မှစ၍ အခြားလုပ်ဖော်ကိုင်ဖက်များနှင့်တကွ သတင်းကောင်းကို ဟောပြောရာတွင် ကျွန်ုပ်နှင့်အတူ လက်တွဲကြိုးပမ်းခဲ့ကြသူများ ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ မည်မျှပင်ပန်းစွာ လုပ်ဆောင်ကြသည်ကို သင်တို့ မှတ်မိကြ၏။ ကျွန်ုပ်တို့သည် သင်တို့ကို ဘုရားသခင်၏ သတင်းကောင်း ဟောပြောသည့်အချိန်တွင် မိမိတို့၏ ဝမ်းစာအတွက် မည်သူ့ကိုမျှ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် နေ့ရောညပါ အလုပ်လုပ်ခဲ့ကြ၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ တိုက်တွန်းလို၏။ သင်တို့အထဲတွင် အမှုတော်ကို ကြိုးစားဆောင်ရွက်၍ ဝိညာဉ်ရေးရာ၌ ဦးဆောင်ပြီး သင်တို့ကို သတိပေးဆုံးမသွန်သင်နေသောသူများကို ရိုသေလေးစားကြလော့။
အသင်းတော်ကို ကောင်းမွန်စွာ ဦးဆောင်စီမံသောသင်းအုပ်များ၊ အထူးသဖြင့် တရားဟောခြင်းနှင့် သွန်သင်ပေးခြင်းတို့ကို ကြိုးစား၍ ဆောင်ရွက်သော သင်းအုပ်များသည် နှစ်ဆသောထောက်ပံ့ခြင်းကို ရထိုက်၏။
သင်တို့ခေါင်းဆောင်များ၏စကားကို နာခံ၍ နားထောင်ကြလော့။ သူတို့သည် မိမိတို့ပြုသည့်အမှုကို ဘုရားသခင်ထံ အစီရင်ခံရမည်ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကို အစဉ်စောင့်ရှောက်ကြ၏။ သင်တို့နာခံလျှင် သူတို့သည် ဝမ်းမြောက်စွာ လုပ်ဆောင်ကြလိမ့်မည်။ မလိုက်နာလျှင် သူတို့ဝမ်းနည်းရသဖြင့် သင်တို့အတွက် မည်သည့်အကျိုးမျှ ရှိမည်မဟုတ်။
သင်တို့၏ ခေါင်းဆောင်များနှင့် ယုံကြည်သူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။ အီတလီပြည်မှ လာသောသူတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မဖြောင့်မတ်သောအရှင် မဟုတ်။ ဘုရားသခင်သည် သင်တို့ပြုသောအမှုကိုလည်းကောင်း၊ ယုံကြည်သူတို့ကို ယခင်က အစေခံသကဲ့သို့ ယခုဆက်လက် အစေခံရာတွင် ထားသောသင်တို့၏ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အသိအမှတ်မပြုဘဲ နေတော်မူမည်မဟုတ်။
ထိုနည်းတူ ငယ်ရွယ်သောသူတို့… အသင်းတော်အကြီးအကဲတို့ကို နာခံကြလော့။ တစ်ဦးကိုတစ်ဦး အချင်းချင်း ဆက်ဆံရာ၌ နှိမ့်ချသောစိတ်ကို တန်ဆာဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “မာနထောင်လွှားသောသူတို့ကို ဘုရားသခင်သည် ဆန့်ကျင်၍ နှိမ့်ချသောသူတို့ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထားသောကြောင့်ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် သမ္မာတရားအတွက် ထိုသူတို့၏ လုပ်ဖော်ကိုင်ဖက်ဖြစ်နိုင်ရန် ထိုသို့သောသူများကို ကူညီထောက်ပံ့သင့်၏။