Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 16:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 သခင်ဘုရား​၏ အမှုတော်​ကို ကြိုးစား​လုပ်ဆောင်ကြသည့် အမျိုးသမီးများ​ဖြစ်သော တရုဖဲန​နှင့် တရုဖောသ​ကို​လည်းကောင်း၊ အလုပ်​အလွန်​ကြိုးစားသည့် ချစ်သော ပေရသိ​ကို​လည်းကောင်း နှုတ်ဆက်ပေးကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သူ တ​ရု​ဖဲ​န​နှင့်​တ​ရု​ဖော​သ​ကို​နှုတ်​ဆက်​လိုက်​၏။ ငါ​၏​ရင်း​နှီး​သော​မိတ်​ဆွေ​ပေ​ရ​သိ​ကို​နှုတ်​ဆက် ကြ​လော့။ သူ​သည်​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို အ​လွန်​ကြိုး​စား​ဆောင်​ရွက်​သူ​ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 အ ရှင် ဘု ရား အ မှု တော်၌ ကြိုး စား အား ထုတ် သူ တ ရု ဖဲ န နှင့် တ ရု ဖော သ တို့ ကို နှုတ် ဆက် ကြ လော့။ အ ရှင် ဘု ရား အ မှု တော်၌ များ စွာ ကြိုး စား အား ထုတ် ခဲ့ သူ ချစ် ဆွေ ပေ ရ တိ ကို နှုတ် ဆက် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ကြိုး​စား​သော​မိန်း​မ၊ တ​ရု​ဖဲ​န​နှင့် တ​ရု​ဖော​သ​ကို​လည်း​ကောင်း၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို အ​လွန်​ကြိုး​စား၍ ချစ်​အပ်​သော​မိန်း​မ ပေ​ရ​သိ​ကို​လည်း​ကောင်း နှုတ်​ဆက်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သခင်​ဘုရား​၌​ကြိုးစား​လုပ်ဆောင်​နေ​သူ တရုဖဲန​နှင့်​တရုဖောသ​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။ သခင်​ဘုရား​၌​အလွန်​ကြိုးစား​လုပ်ဆောင်​သူ ငါ​ချစ်​သော​ပေရသိ​ကို နှုတ်ဆက်​ပေး​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 16:12
14 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် သင်တို့​၏ မိတ်ဆွေများ​ကိုသာ နှုတ်ဆက်​လျှင် အခြားသူများ​နှင့် မည်သို့​ခြားနားမှု​ရှိမည်နည်း။ ဘုရားသခင်​ကို မကိုးကွယ်သော​သူများ​ပင် ထိုသို့​ပြုကြသည် မဟုတ်လော။


ထို့ကြောင့် ရိတ်သိမ်းသူများ​ကို လယ်​သို့ စေလွှတ်ပေး​ရန် လယ်ရှင်​ထံ တောင်းလျှောက်ကြလော့” ဟု မိန့်တော်မူ၏။


ကျွန်ုပ်​၏​အမျိုးသားချင်း​ဖြစ်သော ဟေရောဒျုန်​ကို နှုတ်ဆက်ပေးကြလော့။ သခင်ဘုရား​၏ တပည့်တော်များ​ဖြစ်သော နာကိသု​၏​အိမ်သူအိမ်သားတို့​ကို နှုတ်ဆက်ပေးကြလော့။


သခင်ဘုရား​၏ အမှုတော်​အတွက် သခင်ဘုရား​ကိုယ်တိုင် ရွေးကောက်တော်မူသော ရုဖု​နှင့် ကျွန်ုပ်​အတွက် မိခင်​သဖွယ်​ဖြစ်သောသူ​၏​မိခင်​ကို နှုတ်ဆက်ပေးကြလော့။


သို့ရာတွင် ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့် ကျွန်ုပ်​သည် တမန်တော်​ဖြစ်​လာခဲ့၏။ ကျွန်ုပ်​အပေါ် ထားရှိသော ကိုယ်တော်​၏ ကျေးဇူးတော်​သည်လည်း အချည်းနှီး​မဖြစ်ဘဲ ကျွန်ုပ်​သည် အခြား​တမန်တော်များ​ထက် သာ​၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်း​မှာ ကျွန်ုပ်​ကြောင့်​မဟုတ်ဘဲ ကျွန်ုပ်​နှင့်အတူ လုပ်ဆောင်သော​ဘုရားသခင်​၏ ကျေးဇူးတော်​ကြောင့်သာ​ဖြစ်၏။


ထို့ကြောင့် ချစ်သော ညီအစ်ကို​မောင်နှမတို့… မြဲမြံ​စွာ ရပ်တည်​၍ မရွေ့လျား​မပြောင်းလဲကြနှင့်။ ဘုရားသခင်​အတွက် သင်တို့ လုပ်ဆောင်​သမျှ​သည် အချည်းနှီး​မဖြစ်ကြောင်း သင်တို့​သိကြသည့်​အတိုင်း ဘုရားသခင်​အတွက် အစဉ်အမြဲ စိတ်အားထက်သန်​စွာ လုပ်ဆောင်ကြလော့။


ထိုသို့​ဆက်ကပ်ထားသော သူများ​မှစ၍ သူတို့​နှင့်အတူ လုပ်ကိုင်​လျက် ကြိုးစားအားထုတ်​နေကြသောသူ​အားလုံး​၏ ဦးဆောင်မှု​ကို လိုက်နာကြ​ရန် သင်တို့​ကို ကျွန်ုပ်​တိုက်တွန်းနှိုးဆော်ပါ၏။


ထို​အတွက်​ကြောင့် ကျွန်ုပ်​အထဲ​၌ သက်ဝင်လှုပ်ရှားနေသော ခရစ်တော်​၏ တန်ခိုးကြီးသော လုပ်ဆောင်မှု​အပေါ် မူတည်​၍ ကျွန်ုပ်​ကြိုးပမ်းလုပ်ဆောင်နေ၏။


ယေရှု​ခရစ်တော်​၏ အစေအပါး​ဖြစ်၍ သင်တို့​ထဲက တစ်ဦး​ဖြစ်သည့် ဧပဖြ​သည်လည်း သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။ သင်တို့​သည် ရင့်ကျက်သောသူများ​အဖြစ် ရပ်တည်​ပြီး ဘုရားသခင်​၏ အလိုတော်​အားလုံး​ကို လိုက်နာကြောင်း စိတ်ချမှု​အပြည့် ရှိ​နိုင်ရန် သူသည်​သင်တို့​အတွက် အစဉ် စိတ်အားထက်သန်​စွာ ဆုတောင်းပေးနေ၏။


သို့ဖြစ်၍ လူအပေါင်းတို့​၏ ကယ်တင်ရှင်၊ အထူး​သဖြင့် ယုံကြည်သူတို့​၏ ကယ်တင်ရှင် ဖြစ်တော်မူပြီး အသက်ရှင်​တော်မူသော​ဘုရားသခင်​ကို ကိုးစား​မျှော်လင့်သည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် အားထုတ်​လုပ်ဆောင်​၍ ကြိုးစားကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ