ကျမ်းစာ၌ ရေးထားသည့်အတိုင်း လူသားသည် အသေခံရမည်။ သို့ရာတွင် လူသားကို သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားမလာခဲ့လျှင် ပို၍ကောင်းသည်” ဟု မိန့်တော်မူ၏။
၁ ကော 15:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ကိုယ်တိုင် ခံယူရရှိခဲ့သည့် အရေးကြီးဆုံးသောအရာကို သင်တို့အား ကျွန်ုပ်လက်ဆင့်ကမ်းခဲ့၏။ ထိုအရာမှာ ကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း ခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသေခံတော်မူသည့်အကြောင်း၊ Common Language Bible ငါသည်မိမိခံယူရရှိ၍သင်တို့အားပေး အပ်သည့်အရေးကြီးလှသောအကြောင်း အရာများမှာ ကျမ်းစာလာသည့်အတိုင်း ခရစ်တော်သည်ငါတို့အတွက်အသေခံ တော်မူကြောင်း၊- Garrad Bible ဦး စွာ ငါ နာ ခံ ရ သည့် အ တိုင်း သင် ကြား ခဲ့ သည် မှာ ခ ရစ် တော် သည် ကျမ်း ဂန် အ ရ ငါ တို့ အ ပြစ် တွက် အ သေ ခံ တော် မူ ကြောင်း၊ Judson Bible ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါကိုယ်တိုင်ခံယူရရှိသည့် အဓိကအကျဆုံးသောအရာကို သင်တို့အား ငါပေးအပ်ခဲ့၏။ ၎င်းမှာ ကျမ်းစာနှင့်အညီ ခရစ်တော်သည် ငါတို့၏အပြစ်များအတွက် အသေခံတော်မူခဲ့ကြောင်း၊ |
ကျမ်းစာ၌ ရေးထားသည့်အတိုင်း လူသားသည် အသေခံရမည်။ သို့ရာတွင် လူသားကို သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားမလာခဲ့လျှင် ပို၍ကောင်းသည်” ဟု မိန့်တော်မူ၏။
ဤစပျစ်ရည်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန်အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြားဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။
ထိုအခါ ယေရှုက “အို မိုက်မဲ၍ ပရောဖက်များဟောပြောခဲ့သမျှကို ယုံကြည်ရန် နှေးကွေးသောစိတ်နှလုံးရှိသည့်သူတို့…
နောက်တစ်နေ့တွင် မိမိထံသို့ ယေရှုကြွလာသည်ကို မြင်သောအခါ ယောဟန်က “ဤကမ္ဘာလောက၏ အပြစ်ကို ချေဖျက်သော ဘုရားသခင်၏ သိုးသငယ်တော်ကို ကြည့်လော့။
ပေါလုသည် မိမိပြုလေ့ရှိသည့်အတိုင်း ဝတ်ပြုဆောင်သို့သွား၍ ဥပုသ်နေ့သုံးရက်တိုင် ကျမ်းစာကိုအမှီပြုကာ ထိုသူတို့နှင့်အတူ ဆွေးနွေးပြောဆို၏။
သို့ရာတွင် ခရစ်တော်သည် ဆင်းရဲဒုက္ခခံစားရမည်ဟု ပရောဖက်အပေါင်းတို့၏နှုတ်အားဖြင့် ဘုရားသခင်ကြိုတင်မှာကြားခဲ့သောအမှုများကို ဤသို့ဖြစ်လာစေတော်မူခဲ့၏။
ထိုသူ ဖတ်နေသောကျမ်းစာပိုဒ်မှာ “သတ်ရန် ခေါ်ယူသွားသည့် သိုးကဲ့သို့ သူသည် ခေါ်ဆောင်သွားခြင်းခံရ၏။ သိုးသငယ်သည် သိုးမွေးညှပ်သူရှေ့တွင် တိတ်ဆိတ်စွာ နေသကဲ့သို့ သူသည် မိမိနှုတ်ကို မဖွင့်ဘဲနေ၏။
ဘုရားသခင်သည် ယေရှုခရစ်တော်အား အပြစ်ဖြေရာယဇ်အဖြစ် သတ်မှတ်တော်မူ၏။ ယေရှုအသွေးသွန်း၍ အသေခံတော်မူခြင်းကို ယုံကြည်သောသူတို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရကြ၏။ ဘုရားသခင်သည် ခရစ်တော်ကို ယဇ်အဖြစ် သတ်မှတ်တော်မူရခြင်းမှာ မိမိ၏ဖြောင့်မတ်ခြင်းကို ပြသရန်ဖြစ်၏။ ထိုသို့ ဘုရားသခင်သည် သည်းခံတော်မူ၍ လူတို့ကျူးလွန်ခဲ့သောအပြစ်များကို ပြစ်ဒဏ်မပေးဘဲနေတော်မူ၏။
ထိုအရှင်သည် ကျွန်ုပ်တို့၏ အပြစ်များကြောင့် အသေခံရန် အပ်နှံခြင်းကို ခံတော်မူခဲ့၏။ ထို့ပြင် ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရစေရန်လည်း ရှင်ပြန်ထမြောက်တော်မူခဲ့၏။
သင်တို့သည် ကျွန်ုပ်ကို အစဉ်သတိရ၍ ကျွန်ုပ်လက်ဆင့်ကမ်းခဲ့သော သွန်သင်ချက်များကို လိုက်နာကြသောကြောင့် သင်တို့ကို ကျွန်ုပ်ချီးမွမ်း၏။
ကျွန်ုပ်သည် သခင်ဘုရားထံတော်မှ ခံယူရရှိသောအရာကို သင်တို့အား လက်ဆင့်ကမ်း၏။ ထိုအရာမှာ သခင်ယေရှုသည် သစ္စာဖောက်ခံရသောညတွင် မုန့်ကို ယူ၍
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် အပြစ်ကင်းသောအရှင်ကို အပြစ်ဖြစ်စေတော်မူ၏။ ဤသို့ ဖြစ်စေတော်မူခြင်းမှာ ထိုအရှင်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန်ဖြစ်၏။
ထိုသတင်းကောင်းကို မည်သူတစ်ဦးတစ်ယောက်ထံကမျှ ကျွန်ုပ်လက်ခံရရှိသည်မဟုတ်။ သင်ယူခဲ့ရသည်လည်း မဟုတ်။ ယေရှုခရစ်တော်၏ ဗျာဒိတ်တော်ဖွင့်ပြခြင်းမှ ရရှိခဲ့ခြင်းဖြစ်၏။
ခရစ်တော်သည် ကျွန်ုပ်တို့ အဖဘုရားသခင်၏ အလိုတော်အတိုင်း ဤဆိုးညစ်သောကာလထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ရန် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသက်ပေးတော်မူ၏။
“သစ်တိုင်ပေါ်တွင် ဆွဲထားခြင်းခံရသောသူတိုင်း ကျိန်စာသင့်သူဖြစ်၏” ဟု ကျမ်းစာ၌ ရေးသားထားသည့်အတိုင်း ခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား ကျိန်စာသင့်သူအဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့ကို ပညတ်တရား၏ ကျိန်စာသင့်ခြင်းထဲမှ လွတ်မြောက်စေတော်မူ၏။
ဘုရားသခင်၏ ကျေးဇူးတော် ကြွယ်ဝလှသဖြင့် ကျွန်ုပ်တို့သည် သားတော်နှင့် သားတော်၏ အသွေးတော်အားဖြင့် ရွေးနုတ်ခံကြရ၏။ ထိုရွေးနုတ်ခြင်းသည် အပြစ်ခွင့်လွှတ်ခြင်းပင် ဖြစ်၏။
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
လူတို့ထဲမှ ဘုရားသခင်ရွေးချယ်တော်မူသော ယဇ်ပုရောဟိတ်မင်းဟူသည်မှာ ပူဇော်စရာများနှင့် အပြစ်ဖြေရာယဇ်ကို လူတို့ကိုယ်စား ဘုရားသခင်အား ပူဇော်ရန် ခန့်အပ်ခံရသူဖြစ်၏။
ထိုပရောဖက်တို့ထဲ၌ ရှိသော ခရစ်တော်၏ဝိညာဉ်သည် ခရစ်တော်၏ ဆင်းရဲဒုက္ခများအကြောင်းကိုလည်းကောင်း၊ ထိုဆင်းရဲဒုက္ခခံရပြီးနောက် စံစားရမည့်ဘုန်းအသရေအကြောင်းကိုလည်းကောင်း ကြိုတင်သက်သေခံသောအခါ မည်သည့်အချိန်နှင့် မည်သည့်အခြေအနေ၌ဖြစ်ပျက်မည်ကို ရည်ညွှန်းကြောင်း ထိုပရောဖက်တို့က စူးစမ်းခဲ့ကြ၏။
ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်တော့ဘဲ ဖြောင့်မတ်စွာ ပြုမူနေထိုင်နိုင်ရန် ကိုယ်တော်သည် သစ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ကိုယ်ခန္ဓာတော်၌ ကျွန်ုပ်တို့၏အပြစ်များအတွက် ပြစ်ဒဏ်ခံတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်များကြောင့် သင်တို့သည် အနာပျောက်ကင်းကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူသောကြောင့်ဖြစ်၏။ သင်တို့ကို ဘုရားသခင်ထံ ပို့ဆောင်ရန် ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာအားဖြင့် သေသော်လည်း ဝိညာဉ်အားဖြင့် ပြန်ရှင်တော်မူ၏။
ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များအတွက်သာမက လောကီသားအပေါင်းတို့၏အပြစ်များအတွက်လည်း အပြစ်ဖြေရာယဇ်ဖြစ်တော်မူ၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။