Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:4 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 သင်္ဂြိုဟ်ခြင်း​ကို ခံတော်မူ​ပြီးနောက် ကျမ်းစာ​၌ ဖော်ပြထားသည့်​အတိုင်း သုံးရက်မြောက်သော​နေ့​၌ သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူခဲ့သည့်​အကြောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ကိုယ်​တော်​သည်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပြီး​နောက် ကျမ်း​စာ​လာ​သည်​အ​တိုင်း​သုံး​ရက်​မြောက် သော​နေ့​၌ သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် တော်​မူ​ကြောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 သင်္ဂြိုဟ် ခံ တော် မူ၍ ကျမ်း ဂန် အ ရ သုံး ရက် လည် သော နေ့ တွင် ရှင် ပြန် ထ မြောက် တော် မူ ကြောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 သင်္ဂြိုဟ်​ပြီး​မှ၊ ကျမ်း​စာ​လာ​သည်​အ​တိုင်း သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထို့နောက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​တော်မူ​ပြီး ကျမ်းစာ​နှင့်အညီ သုံး​ရက်​မြောက်​သော​နေ့​၌ ထမြောက်​တော်မူ​ခဲ့​ကြောင်း​နှင့်

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:4
35 ပူးပေါင်းရင်းမြစ်များ  

ယောန​သည် ငါး​ကြီး​၏ ဝမ်းတွင်း​၌ သုံးရက်​နှင့် သုံးည​တိုင် နေရ​သကဲ့သို့ လူသား​သည် မြေကြီး​ထဲ​၌ သုံးရက်​နှင့် သုံးည နေရ​လိမ့်မည်။


ထို​အချိန်​မှစ၍ ယေရှု​က မိမိ​သည် ဂျေရုဆလင်မြို့​သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​လက်​တွင် ဒုက္ခ​များစွာ ခံရမည်။ အသေသတ်ခြင်း​ကိုလည်း ခံရ​၍ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ​ထမြောက်တော်မူမည်​ဟူသော​အကြောင်းအရာများ​ကို တပည့်တော်တို့​အား စတင်​ဖော်ပြတော်မူ၏။


လူသား​ကို လူမျိုးခြားတို့​၏​လက်​သို့ အပ်နှံ​၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်​တွင် သတ်ခြင်း စသည်တို့​ကို​ပြု​စေ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် တပည့်တော်တို့​ကို သွန်သင်တော်မူ​လျက် ရှိသောကြောင့်​ဖြစ်၏။ ကိုယ်တော်​က “လူသား​သည် လူတို့​လက်​သို့ အပ်နှံခံရ​လိမ့်မည်။ သူတို့​သည် လူသား​ကို သတ်ကြ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။


ခရစ်တော်​သည် ဤ​ဒုက္ခများ​ကို ခံ​၍ မိမိ​၏​ဘုန်းတော်​သို့ စံမြန်း​ရမည်​မဟုတ်လော” ဟု မိန့်တော်မူ၏။


ယေရှု​က “ကျမ်းစာတော်​တွင် ဤသို့ ရေးသားထား၏။ ခရစ်တော်​သည် အသေခံ​၍ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူမည်။


“လူသား​သည် ပြင်းစွာသော​ဒုက္ခ​ဝေဒနာ​ကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့​၏​ငြင်းပယ်ခြင်း​နှင့် အသေသတ်ခြင်း​ကိုလည်း ခံရမည်။ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ ထမြောက်မည်” ဟု မိန့်တော်မူ၏။


ထို့နောက် အရိမဿဲမြို့သား​ယောသပ်​သည် ယေရှု​၏​အလောင်းတော်​ကို လက်ဝါးကပ်တိုင်​မှ ယူသွားခွင့်​ပြု​ရန် ပိလတ်မင်း​ထံ ခွင့်တောင်း၏။ ယောသပ်​သည် ဂျူးခေါင်းဆောင်များ​ကို ကြောက်ရွံ့​သဖြင့် ယေရှု​၏​တပည့်​အဖြစ် လူသိ​မခံရဲပေ။ ပိလတ်မင်း​သည်လည်း ခွင့်ပြု​သဖြင့် ယောသပ်​သည် လာ​၍ အလောင်းတော်​ကို ယူဆောင်သွား၏။


အသေခံတော်မူ​ပြီးနောက် ယေရှု​သည် မိမိ​အသက်ရှင်​လျက်​ရှိကြောင်း ခိုင်မာသော​သက်သေ​အထောက်အထားများ​ဖြင့် ရက်ပေါင်း​လေးဆယ်​အတွင်း တမန်တော်တို့​အား ကိုယ်ထင်ပြ​၍ ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​ကို ဟောပြောတော်မူ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မိမိ​ခန့်အပ်သော အရှင်​အားဖြင့် လောက​ကို မှန်ကန်​စွာ တရားစီရင်​ရန် နေ့​တစ်နေ့​ကို သတ်မှတ်ထား​တော်မူ​သောကြောင့်​ဖြစ်၏။ ထို​အရှင်​ကိုလည်း သေရာ​မှ ထမြောက်စေတော်မူခြင်း​ဖြင့် ထိုသို့​ဖြစ်မည့်​အကြောင်း​ကို ကျွန်ုပ်တို့​အား သက်သေပြတော်မူပြီ” ဟု ဟောပြောလေ၏။


ထိုသို့ ကျွန်ုပ်တို့​သည် နှစ်ခြင်းမင်္ဂလာ​ခံယူခြင်း​ဖြင့် ခရစ်တော်​နှင့်အတူ အသေခံ​၍ သင်္ဂြိုဟ်ခံခဲ့ကြ၏။ ဤသို့​ပြုရသည်​မှာ ခရစ်တော်​သည် ခမည်းတော်​၏ ဘုန်းတန်ခိုးတော်​အားဖြင့် သေခြင်း​မှ ရှင်ပြန်ထမြောက်တော်မူ​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း ဘဝသစ်​၌ အသက်ရှင်​နေထိုင်​နိုင်ရန်​ဖြစ်၏။


သင်တို့​သည် နှစ်ခြင်း​မင်္ဂလာ​ခံယူခြင်း​ဖြင့် ထို​သခင်​နှင့်အတူ သင်္ဂြိုဟ်ခံရကြ၏။ ခရစ်တော်​ကို သေခြင်း​မှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်​၏ တန်ခိုးတော်​ကို ယုံကြည်​သဖြင့် သင်တို့​သည် ခရစ်တော်​နှင့်အတူ ထမြောက်စေတော်မူခြင်း​ကို ခံကြရ၏။


ထာဝရ​ပဋိညာဉ်တရား​၏ သွေးတော်​အားဖြင့် သိုးတို့​၏ သိုးထိန်းကြီး​ဖြစ်တော်မူသည့် ကျွန်ုပ်တို့​သခင်​ယေရှု​ကို သေခြင်း​မှ ထမြောက်စေတော်မူသော ငြိမ်းချမ်းခြင်း​၏​အရှင် ဘုရားသခင်​သည်


ထို​ပရောဖက်တို့​ထဲ၌ ရှိသော ခရစ်တော်​၏​ဝိညာဉ်​သည် ခရစ်တော်​၏ ဆင်းရဲဒုက္ခများ​အကြောင်း​ကို​လည်းကောင်း၊ ထို​ဆင်းရဲဒုက္ခ​ခံရ​ပြီးနောက် စံစားရမည့်​ဘုန်းအသရေ​အကြောင်း​ကို​လည်းကောင်း ကြိုတင်​သက်သေခံ​သောအခါ မည်သည့်​အချိန်​နှင့် မည်သည့်​အခြေအနေ​၌​ဖြစ်ပျက်မည်​ကို ရည်ညွှန်းကြောင်း ထို​ပရောဖက်တို့​က စူးစမ်းခဲ့ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ