Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 15:2 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ကျွန်ုပ်​ဟောပြောခဲ့သော ထို​သတင်းကောင်း​တရား​ကို သင်တို့​ဆက်လက်​၍ စွဲမြဲ​စွာ ယုံကြည်​လျှင် ထို​သတင်းကောင်း​အားဖြင့် သင်တို့​သည် ကယ်တင်​ခံကြရ၏။ ထိုသို့ မယုံကြည်​လျှင် သင်တို့ ယုံကြည်ခဲ့သည်​မှာ အချည်းနှီး​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ထို​သ​တင်း​ကောင်း​ကား​သင်​တို့​အား​ငါ​ဟော ပြော​သည့်​တ​ရား​ဖြစ်​သည်။ သင်​တို့​သည်​ထို သ​တင်း​ကောင်း​ကို​စွဲ​မြဲ​စွာ​ယုံ​ကြည်​လက်​ခံ လျှင်​ကယ်​တင်​ခြင်း​ကို​ခံ​ကြ​ရ​၏။ သို့​မ​ဟုတ် လျှင်​သင်​တို့​ယုံ​ကြည်​ခဲ့​သည်​မှာ​အ​ချည်း​နှီး ဖြစ်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အ​ထက်​က​ငါ​ဟော​ပြော​သည် အ​ကြောင်း​များ​ကို သင်​တို့​သည် အ​ကျိုး​မဲ့​မ​ယုံ​ဘဲ စိတ်​စွဲ​လမ်း​လျှင်၊ ထို​ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 သင်​တို့​သည် ထို​သတင်း​ကို အကြောင်းမဲ့​မ​ယုံကြည်​ဘဲ သင်​တို့​အား ငါ​ဟောပြော​ခဲ့​သော​တရား​စကား​ကို စွဲကိုင်​ထား​လျှင် ၎င်း​အားဖြင့် ကယ်တင်​ခြင်း​ကို​လည်း​ခံရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:2
31 ပူးပေါင်းရင်းမြစ်များ  

ကျောက်ပေါသော​မြေ​တွင် ကျသော​မျိုးစေ့​မှာ တရားစကား​ကို​ကြား​၍ ဝမ်းမြောက်​စွာ ခံယူ​သော်လည်း စိတ်နှလုံး​တွင် အမြစ်မစွဲဘဲ ခဏ​သာ​ယုံကြည်​၍ စုံစမ်းနှောင့်ယှက်ခြင်း ကြုံလာ​သောအခါ ဖောက်ပြန်တတ်သော​သူ​ကို ဆိုလို၏။


ဘုရားသခင်​ကို ချီးမွမ်း​၍ လူအပေါင်းတို့​၏​ရှေ့တွင် မျက်နှာရကြ၏။ သခင်ဘုရား​သည် ကယ်တင်ခြင်း​ခံရသော​သူတို့​၏​အရေအတွက်​ကို နေ့စဉ်​နှင့်အမျှ တိုးပွားစေတော်မူ၏။


ရှိမုန်​ကိုယ်တိုင်​ပင် ယုံကြည်​သဖြင့် နှစ်ခြင်းမင်္ဂလာ​ခံယူ​ပြီးမှ ဖိလိပ္ပု​ထံ မှီဝဲဆည်းကပ်​၍ နိမိတ်​လက္ခဏာများ​နှင့် ကြီးမားသော​အံ့ဖွယ်တန်ခိုးများ ဖြစ်ပေါ်သည်​ကို မြင်တွေ့ရ​သောအခါ အံ့ဩ​လျက်​ရှိ၏။


ကျွန်ုပ်​သည် ခရစ်တော်​၏ သတင်းကောင်း​အတွက် မရှက်ကြောက်။ အဘယ်ကြောင့်ဆိုသော် ထို​သတင်းကောင်း​သည် ယုံကြည်သောသူများ​ဖြစ်သည့် ဦးစွာ ဂျူး​လူမျိုးများ၊ ထို့နောက် လူမျိုးခြားများ​ကို ကယ်တင်သော ဘုရားသခင်​၏ တန်ခိုးတော်​ဖြစ်​သောကြောင့်​ပင်။


ထို့ကြောင့် ဘုရားသခင်​သည် မည်မျှ​ကျေးဇူးပြု​တော်မူတတ်ကြောင်း​နှင့် မည်မျှ​ပြင်းထန်​စွာ စီရင်​တော်မူတတ်ကြောင်း​ကို သိမှတ်ကြလော့။ မနာခံသော​သူတို့​အပေါ် ပြင်းထန်​စွာ စီရင်တော်မူ၏။ သို့သော် သင်​သည် ဘုရားသခင်​၏ ကျေးဇူးပြုခြင်း​ကို ဆက်​၍ ယုံကြည်​လျှင် သင့်​အပေါ် ကျေးဇူးပြုတော်မူ​လိမ့်မည်။ ဆက်​၍ မယုံကြည်​လျှင်​မူ သင်​သည်လည်း ခုတ်ဖြတ်ခြင်း​ခံရ​လိမ့်မည်။


လက်ဝါးကပ်တိုင်​နှင့်ဆိုင်သော သတင်းစကား​သည် ပျက်စီးမည့်​သူတို့​အတွက် မိုက်မဲသော​သတင်းစကား​ဖြစ်၏။ ကယ်တင်ခြင်း​ခံရသည့် ကျွန်ုပ်တို့​အတွက်​မှာမူ ဘုရားသခင်​၏ တန်ခိုးတော်​ဖြစ်၏။


လူ​၏ ဉာဏ်ပညာ​အားဖြင့် ဘုရားသခင်​ကို မသိနိုင်​စေရန် ဘုရားသခင်​သည် ဉာဏ်တော်​ဖြင့် စီမံ​ခန့်ခွဲ​ထားတော်မူ၏။ ထို့ကြောင့် မိုက်မဲသော​တရား​ဟု လူတို့​ယူဆသည့် ကျွန်ုပ်တို့​ဟောသော​တရား​အားဖြင့် ဘုရားသခင်​သည် ယုံကြည်သော​သူတို့​ကို ကယ်တင်​ရန် အလိုရှိတော်မူ၏။


သင်တို့​သည် ကျွန်ုပ်​ကို အစဉ်​သတိရ​၍ ကျွန်ုပ်​လက်ဆင့်ကမ်းခဲ့သော သွန်သင်ချက်များ​ကို လိုက်နာကြ​သောကြောင့် သင်တို့​ကို ကျွန်ုပ်​ချီးမွမ်း၏။


ခရစ်တော် ရှင်ပြန်​ထမြောက်တော်မမူခဲ့​လျှင် ကျွန်ုပ်တို့​၏ ဟောပြောခြင်း​သည်လည်း အချည်းနှီး​ဖြစ်ပြီး သင်တို့​၏ ယုံကြည်ခြင်း​သည်လည်း အချည်းနှီး​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် ကယ်တင်ခြင်း​ခံရသောသူတို့​ထဲ၌​လည်းကောင်း၊ ဖျက်ဆီးခြင်း​ခံရသောသူတို့​ထဲ၌​လည်းကောင်း ဘုရားသခင်​အတွက် ခရစ်တော်​၏ မွှေးကြိုင်သော​ရနံ့​ဖြစ်ကြ​သောကြောင့်​ပင် ဖြစ်၏။


ဘုရားသခင်​၏ လုပ်ဖော်ကိုင်ဖက်များ​အနေဖြင့် သင်တို့​အား ကျွန်ုပ်တို့​တိုက်တွန်း​နှိုးဆော်လိုသည်​မှာ “သင်တို့​သည် ဘုရားသခင်​၏ ကျေးဇူးတော်​ကို ခံစားရရှိသူများ​ဖြစ်ကြသည်​နှင့်အညီ ထို​ကျေးဇူးတော်​ကို အချည်းနှီး​မဖြစ်စေကြနှင့်” ဟူ၍​ဖြစ်၏။


သင်တို့​သည် ဤမျှလောက်​များသော ဒုက္ခဆင်းရဲတို့​ကို အချည်းနှီး​ခံစား​ခဲ့ရပြီလော။ ထို​အရာတို့​သည် အချည်းနှီး​ဖြစ်ရမည်လော။


သင်တို့​သည် ယုံကြည်ခြင်း​ဖြင့် ကျေးဇူးတော်​ကြောင့် ကယ်တင်ခြင်း​ခံရ၏။ သင်တို့​ကိုယ်တိုင် ပြုသော ကုသိုလ်​ကြောင့် မဟုတ်။ ဘုရားသခင် ပေးတော်မူသော လက်ဆောင်​ဖြစ်၏။


သို့ရာတွင် သင်တို့​သည် သတင်းကောင်း​ကို ကြားနာ​စဉ်က ရရှိသော မျှော်လင့်ခြင်း​မှ မရွေ့လျားဘဲ ကြံ့ကြံ့ခိုင် ရပ်တည်​လျက် ဆက်​၍ ယုံကြည်ရမည်။ ထို​သတင်းကောင်း​ကို မိုးကောင်းကင်​အောက်​၌ ရှိသော သတ္တဝါ​အားလုံး​ကို ဟောပြောနေသည်​ဖြစ်၍ ကျွန်ုပ်​ပေါလု​သည် ထို​သတင်းကောင်း​ကို ဟောပြောသော အမှုဆောင်​ဖြစ်လာ၏။


ထို့ကြောင့် ညီအစ်ကို​မောင်နှမတို့… ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ စကား​ဖြင့်​ဖြစ်စေ၊ စာ​ဖြင့် ဖြစ်စေ သင်တို့​ကို ကျွန်ုပ်တို့ သွန်သင်ခဲ့သည့်​အရာများ​ကို ဆက်လက်​ယုံကြည်ကြလော့။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ကယ်တင်တော်မူ​ပြီး သန့်ရှင်းသော​ဘဝ​၌ အသက်ရှင်​နေထိုင်​ရန် ခေါ်ယူတော်မူသည်​မှာ ကျွန်ုပ်တို့​၏ လုပ်ဆောင်မှု​ကြောင့် မဟုတ်ဘဲ ကိုယ်တော်​၏ အကြံအစည်တော်​နှင့် ကျေးဇူးတော်​ကြောင့် ဖြစ်၏။ ကိုယ်တော်​သည် ရှေးယခင်​မတိုင်မီ​ကပင် ယေရှု​ခရစ်တော်​အားဖြင့် ထို​ကျေးဇူးတော်​ကို ကျွန်ုပ်တို့​အား ပေးသနားတော်မူ၏။


ကတိပေးတော်မူသော​အရှင်​သည် သစ္စာရှိတော်မူ​သောကြောင့် ကျွန်ုပ်တို့​ဝန်ခံသော​မျှော်လင့်ချက်​ကို မယိမ်းယိုင်ဘဲ စွဲကိုင်ကြပါစို့။


ထို့ကြောင့် ကျွန်ုပ်တို့​သည် လမ်းမှား​မရောက်​ရန် ကြားနာရသည့်​တရား​ကို စွဲမြဲ​စွာ ဆုပ်ကိုင်ထား​ကြရမည်။


ကျွန်ုပ်တို့​၏ မူလ​ခံယူချက်​ကို အဆုံး​တိုင်အောင် ခိုင်မြဲစွာ​စွဲကိုင်ထား​လျှင် ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့် သက်ဆိုင်​သူများ​ဖြစ်ကြ၏။


သို့သော် ခရစ်တော်​သည် သားတော်​တစ်ပါး​အဖြစ် ဘုရားသခင်​၏ အိမ်တော်​ကို အုပ်စိုးရာ​တွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့​၏ စိတ်ချယုံကြည်မှု​နှင့်​ဂုဏ်ယူ​ဝင့်ကြွားစရာ မျှော်လင့်ခြင်း​ကို ခိုင်မြဲစွာ​စွဲကိုင်ထား​လျှင် ကျွန်ုပ်တို့​သည် ကိုယ်တော်​၏​အိမ်တော်​ဖြစ်ကြ၏။


ကျွန်ုပ်တို့​အတွက် ကောင်းကင်ဘုံ​သို့ တက်ကြွသွားသည့် ကြီးမြတ်သော​ယဇ်ပုရောဟိတ်မင်း​ရှိ၏။ သူ​သည် ဘုရားသခင်​၏​သားတော် ယေရှု​ခရစ်တော်​ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည်လည်း မိမိတို့​ယုံကြည်​၍ အသိမှတ်ပြု​ဝန်ခံခဲ့သော အရာ​ကို စွဲကိုင်ကြကုန်စို့။


ညီအစ်ကို​မောင်နှမတို့… တစ်စုံတစ်ယောက်​က ငါ့​ထံတွင် ယုံကြည်ခြင်း​ရှိ၏ ဟု ဆိုသော်လည်း လုပ်ဆောင်ခြင်း​မရှိ​လျှင် မည်သည့်​အကျိုး ရှိသနည်း။ ထိုသို့သော​ယုံကြည်ခြင်း​သည် ထို​သူ​ကို ကယ်တင်​နိုင်သလော။


ထို​နည်းတူ​ပင် ယုံကြည်ခြင်း​တစ်ပါးတည်း​သာ​ဖြစ်လျှင် လုပ်ဆောင်ခြင်း​မရှိ​သောကြောင့် အသေ​ဖြစ်၏။


ဝိညာဉ်​မရှိသော ကိုယ်ခန္ဓာ​သည် အသေ​ဖြစ်​သကဲ့သို့ လုပ်ဆောင်ခြင်း​မရှိသော ယုံကြည်ခြင်း​သည် အသေ​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ