ငြိမ်းချမ်းခြင်းကို သင်တို့အတွက် ငါထားခဲ့၏။ ငါ၏ ငြိမ်းချမ်းခြင်းကို သင်တို့အား ငါပေး၏။ သင်တို့အား ငါပေးသောငြိမ်းချမ်းခြင်းသည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။
ဧဖက် 6:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခမည်းတော်ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ငြိမ်းချမ်းခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းတို့သည် ညီအစ်ကိုမောင်နှမတို့အပေါ် သက်ရောက်ပါစေသော။ Common Language Bible အဖဘုရားသခင်နှင့်သခင်ယေရှုခရစ်သည် ညီအစ်ကိုအပေါင်းတို့အားငြိမ်သက်ခြင်း၊ ချစ် ခြင်း၊ ယုံကြည်ခြင်းကိုချပေးတော်မူပါစေ သော။- Garrad Bible ခ မည်း တော် ဘု ရား သ ခင်မှ စ၍ အ ရှင် ယေ ရှု ခ ရစ် အ ထံ တော် မှ ငြိမ် သက် ခြင်း၊ ချစ် ခြင်း၊ ယုံ ကြည် ခြင်း သည် ညီ အစ် ကို တို့၌ တည် ရှိ ပါ စေ သော။ Judson Bible ညီအစ်ကိုတို့၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ် ပေးတော်မူသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာရှိပါစေသော။- မြန်မာ့စံမီသမ္မာကျမ်း အဖဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်ထံမှ ငြိမ်သက်ခြင်း၊ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့သည် ညီအစ်ကိုတို့၌ တည်ရှိပါစေသော။ |
ငြိမ်းချမ်းခြင်းကို သင်တို့အတွက် ငါထားခဲ့၏။ ငါ၏ ငြိမ်းချမ်းခြင်းကို သင်တို့အား ငါပေး၏။ သင်တို့အား ငါပေးသောငြိမ်းချမ်းခြင်းသည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ ယုံကြည်သောသူများအဖြစ် ရွေးကောက်တော်မူခံရသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ကျွန်ုပ်ရေးလိုက်ပါ၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်သည် သင်တို့အားလုံးနှင့်အတူ ရှိတော်မူပါစေသော။ အာမင်။
ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
နိဂုံးချုပ်စကားဆိုရလျှင် ညီအစ်ကိုမောင်နှမတို့… ဝမ်းမြောက်ကြလော့။ သင်တို့၌ အပြစ်ဆိုဖွယ်မရှိသည်အထိ ဘုရားသခင်က ပြုပြင်ပေးတော်မူရန် အခွင့်ပေးကြလော့။ ကျွန်ုပ်၏ နှိုးဆော်ချက်ကို နားထောင်ကြလော့။ တစ်စိတ်တစ်ဝမ်းတည်းရှိလျက် သင့်မြတ်စွာနေကြလော့။ မေတ္တာတရားနှင့် ငြိမ်းချမ်းခြင်းတို့၏ အရှင်ဖြစ်တော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
ဤအခြေခံသဘောတရားကို လက်ခံကျင့်သုံးသောသူတို့အပေါ်သို့ ဘုရားသခင်ထံတော်မှလာသော ငြိမ်းချမ်းခြင်းနှင့် ကရုဏာတော် သက်ရောက်ပါစေသော။ ထိုသူတို့မှာ ဘုရားသခင်၏ လူမျိုးတော်အစ္စရေးလူမျိုးများ ဖြစ်ကြ၏။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို မပျက်ပြယ်သော ချစ်ခြင်းဖြင့် ချစ်သောသူအပေါင်းတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရပါစေသော။ ဧဖက်ဩဝါဒစာ ပြီးပါပြီ။
သို့သော် ကျွန်ုပ်တို့သည် နေ့၏သားသမီးများဖြစ်သောကြောင့် တည်ကြည်လျက် သတိရှိကြစို့။ ယုံကြည်ခြင်းနှင့် ချစ်ခြင်းကို ရင်အုပ်ကာချပ်ဝတ်အဖြစ် ဝတ်ဆင်လျက် ကယ်တင်ခံရမည်ဟူသော မျှော်လင့်ခြင်းကို သံခမောက်အဖြစ် ဆောင်းကြစို့။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် ပြုသင့်သည့်အတိုင်း သင်တို့အတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွားကာ အချင်းချင်းအပေါ် ထားသော ချစ်ခြင်းမေတ္တာသည်လည်း ပွားများလာသောကြောင့် ဖြစ်၏။
ငြိမ်းချမ်းခြင်းအရှင် သခင်ဘုရား ကိုယ်တော်တိုင်သည် သင်တို့ကို နည်းအမျိုးမျိုးဖြင့် ငြိမ်းချမ်းခြင်းကို အစဉ်ပေးတော်မူပါစေသော။ သခင်ဘုရားသည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။
ကျွန်ုပ်တို့၏သခင်ဘုရားသည် အလွန်ကြွယ်ဝသောကျေးဇူးတော်ကို ကျွန်ုပ်အပေါ် သက်ရောက်စေတော်မူ၏။ ကျွန်ုပ်သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လာသောကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကိုလည်း ကိုယ်တော်ထံမှ ရရှိ၏။
မာကေဒေါနိပြည်သို့ ကျွန်ုပ်သွားစဉ် သင့်ကို တိုက်တွန်းနိုးဆော်ခဲ့သည့်အတိုင်း တိုက်တွန်းလို၏။ သင်သည် ဧဖက်မြို့တွင် နေရစ်၍ လွဲမှားသောအယူဝါဒများ သွန်သင်နေသည့် လူတချို့ကို ထိုသို့မသွန်သင်ကြရန်နှင့်
မိမိဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိအိမ်သူအိမ်သားများကို မစောင့်ရှောက်သူသည် ယုံကြည်ခြင်းတရားကို ငြင်းပယ်သဖြင့် မယုံကြည်သူများထက် ပို၍ ဆိုး၏။
မေတ္တာအနမ်းဖြင့် အချင်းချင်း နှုတ်ဆက်ကြလော့။ ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သော သင်တို့အားလုံးအပေါ် ငြိမ်းချမ်းခြင်းသက်ရောက်ပါစေသော။ ရှင်ပေတရုဩဝါဒစာ ပထမစောင် ပြီးပါပြီ။
ထိုအစား သင်နှင့် မကြာမီတွေ့၍ မျက်နှာချင်းဆိုင် စကားပြောနိုင်ရန် ကျွန်ုပ်မျှော်လင့်ထား၏။
ကျွန်ုပ်ယောဟန်သည် အာရှပြည်၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် ဘုရားသခင်ထံမှလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ ရှိသောဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊