Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ယော 1:14 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 ထို​အစား သင်​နှင့် မကြာမီ​တွေ့​၍ မျက်နှာချင်းဆိုင် စကားပြော​နိုင်ရန် ကျွန်ုပ်​မျှော်လင့်ထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ငါ​သည်​သင့်​ထံ​သို့​မ​ကြာ​မီ​ရောက်​၍​သင်​နှင့် မျက်​နှာ​စုံ​ညီ​တွေ့​ဆုံ​ပြော​ဆို​နိုင်​လိမ့်​မည်​ဟု မျှော်​လင့်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 မ ကြာ မီ သင့် ကို ကိုယ် တိုင် တွေ့ မြင် ပြီး လျှင် နှုတ် ခွန်း ဆိုင် လျက် ပြော ဆို မည် ဟု အောက် မေ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 မ​ကြာ​မ​မြင့်​မီ သင့်​ကို ငါ​တွေ့​မြင်​လျှင် အ​ချင်း​ချင်း​နှုတ်​ဆက်၍ စ​ကား​ပြော​မည်​ဟု မျှော်​လ​င့်​လျက်​နေ၏။ သင်၌ ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ​သော။ အ​ဆွေ​တို့​သည် သင့်​ကို​နှုတ်​ဆက်​ကြ၏။ သင်၌​ရှိ​သော အ​ဆွေ​တို့၏​နာ​မည်​ကို ထုတ်၍ နှုတ်​ဆက်​လော့။ ရှင်​ယော​ဟန်​ဩ​ဝါ​ဒ​စာ​တ​တိ​ယ​စောင်​ပြီး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သင်​နှင့်​အလျင်အမြန်​တွေ့​၍ မျက်နှာချင်းဆိုင်​စကား​ပြောဆို​ရန် ငါ​မျှော်လင့်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ယော 1:14
10 ပူးပေါင်းရင်းမြစ်များ  

တံခါးစောင့်​သည် ထို​သူ​ကို တံခါး​ဖွင့်ပေးတတ်၏။ သိုးတို့​သည်လည်း သူ​၏ အသံ​ကို မှတ်မိ​၍ သူ့​ထံသို့ လာကြ၏။ သူ​သည် မိမိ​သိုးတို့​ကို နာမည်​ဖြင့်​ခေါ်​၍ ထုတ်ဆောင်သွားတတ်၏။


တနင်္ဂနွေနေ့​ညနေ​တွင် တပည့်တော်တို့​သည် ဂျူးခေါင်းဆောင်များ​ကို ကြောက်ရွံ့​သဖြင့် အခန်း​တံခါးများ​ကို ပိတ်​၍ စုဝေးနေကြ၏။ ထိုစဉ် ယေရှု​သည် ရုတ်တရက်​ကြွလာ​၍ သူတို့​အလယ်​တွင် ရပ်တော်မူ​လျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။


တစ်ဖန်​ယေရှု​က “ငြိမ်းချမ်းပါစေ။ ခမည်းတော်​သည် ငါ့​ကို စေလွှတ်တော်မူ​သကဲ့သို့ ငါ​သည် သင်တို့​ကို စေလွှတ်၏” ဟု တပည့်တော်တို့​အား မိန့်တော်မူ၏။


ဝိညာဉ်တော်​လမ်းညွှန်မှု​အတိုင်း ပြုမူနေထိုင်ကြ​ရန် သင်တို့​အား ကျွန်ုပ်​ပြောလို၏။ ထိုသို့​ပြုမူနေထိုင်​လျှင် သင်တို့​သည် လူ့​ဗီဇစိတ်​အလို​ကို မလိုက်ဘဲ နေကြ​လိမ့်မည်။


ခမည်းတော်​ဘုရားသခင်​နှင့် သခင်​ယေရှု​ခရစ်တော်​ထံမှ ငြိမ်းချမ်းခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းတို့​သည် ညီအစ်ကို​မောင်နှမတို့​အပေါ် သက်ရောက်ပါစေသော။


မေတ္တာ​အနမ်း​ဖြင့် အချင်းချင်း နှုတ်ဆက်ကြလော့။ ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သော သင်တို့​အားလုံး​အပေါ် ငြိမ်းချမ်းခြင်း​သက်ရောက်ပါစေသော။ ရှင်ပေတရု​ဩဝါဒစာ ပထမစောင် ပြီးပါပြီ။


ကျွန်ုပ်​သည် သင်တို့​ထံ ရေးစရာ​များစွာ ရှိ​သော်လည်း စက္ကူ​ပေါ်၌ မင်​နှင့် မရေးလို။ ထို​အစား ကျွန်ုပ်တို့​အပြည့်အဝ​ဝမ်းမြောက်​နိုင်ရန် သင်တို့​ထံသို့ လာ​၍ မျက်နှာချင်းဆိုင် စကားပြော​ရန် ကျွန်ုပ်​မျှော်လင့်ထား၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ