အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တွင် ညီငါးယောက်ရှိ၏။ ဤပြင်းထန်သောဝေဒနာခံစားရသည့်နေရာသို့ သူတို့ရောက်မလာစေရန် လာဇရုကို သူတို့ထံသို့ သွား၍ သတိပေးစေလိုပါသည်’ ဟု တောင်းပန်ပြောဆိုလေ၏။
ဧဖက် 4:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်ကို မသိသောလူမျိုးခြားများကဲ့သို့ မနေထိုင်ကြရန် သခင်ဘုရား၏ အခွင့်အာဏာဖြင့် သင်တို့ကို ကျွန်ုပ် သတိပေးလို၏။ ထိုသူတို့၏ တွေးခေါ်ကြံဆမှုသည် အကျိုးမရှိပေ။ Common Language Bible သို့ဖြစ်၍သင်တို့သည်ဘုရားမဲ့သူများနည်း တူဆက်လက်မကျင့်ကြံကြရန် သခင်ဘုရား ၏နာမတော်ကိုအမှီပြု၍ငါသတိပေး လို၏။ သူတို့၏အကြံအစည်များကား အချည်းနှီးသာဖြစ်သည်။- Garrad Bible သို့ ဖြစ်၍ အ ချည်း နှီး ကြံ စည် လျက် ပြု ကျင့် လေ့ ရှိ သော လူ မျိုး ခြား တို့ ကဲ့ သို့ သင် တို့ မ ပြု ကျင့် ကြ စေ ရန် အ ရှင် ဘု ရား အား ဖြင့် ငါ ဆုံး မ သ တိ ပေး ၏။ Judson Bible ထိုကြောင့် ကြွင်းသော တစ်ပါးအမျိုးသားတို့သည် လျှပ်ပေါ်သောစိတ်နှင့် ကျင့်သည်နည်းတူ၊ သင်တို့သည် နောက်တစ်ဖန် မကျင့်မည်အကြောင်း သခင်ဘုရားအခွင့်နှင့် ငါမှာလိုက်၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် လူမျိုးခြားတို့သည် သူတို့၏အနှစ်သာရကင်းမဲ့သောစိတ်အားဖြင့် အသက်ရှင်လျှောက်လှမ်းသကဲ့သို့ သင်တို့သည် နောက်ထပ် အသက်ရှင်လျှောက်လှမ်းခြင်းမရှိကြရန် သခင်ဘုရား၌ ငါသတိပေးလို၏။ |
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တွင် ညီငါးယောက်ရှိ၏။ ဤပြင်းထန်သောဝေဒနာခံစားရသည့်နေရာသို့ သူတို့ရောက်မလာစေရန် လာဇရုကို သူတို့ထံသို့ သွား၍ သတိပေးစေလိုပါသည်’ ဟု တောင်းပန်ပြောဆိုလေ၏။
“မိတ်ဆွေတို့… အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ကျွန်ုပ်တို့သည်လည်း သင်တို့ကဲ့သို့ သာမန်လူများပင် ဖြစ်ကြ၏။ သင်တို့သည် ဤအဓိပ္ပာယ်မဲ့သောအရာများကို ကျောခိုင်း၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ထိုအရပ်တို့၌ ရှိသမျှသောအရာများကို ဖန်ဆင်းတော်မူသည့် အသက်ရှင်သောဘုရားသခင်ထံသို့ လှည့်လာကြစေရန် ကျွန်ုပ်တို့သည် သင်တို့ထံ သတင်းကောင်းယူလာရခြင်းဖြစ်၏။
သိလနှင့် တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်လာကြသောအခါ ပေါလုသည် တရားဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ဂျူးတို့အား သက်သေခံ၍ ဟောပြောလေ၏။
ထို့နောက် ပေတရုသည် အခြားစကားများဖြင့် သက်သေခံဟောပြောပြီးနောက် “ပျက်စီးလျက်ရှိသောဤမျိုးဆက်မှ မိမိကိုယ်ကိုယ်ကယ်နုတ်ကြလော့” ဟု တိုက်တွန်းနိုးဆော်လေ၏။
နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြစေရန်နှင့် ကျွန်ုပ်တို့၏သခင်ယေရှုကို ယုံကြည်စေရန် ဂျူးလူမျိုးများနှင့် ဂရိလူမျိုးများကို လေးနက်စွာ ဟောပြောခဲ့၏။
သူတို့သည် ဘုရားသခင်အကြောင်းကို သိကြသော်လည်း ဘုရားအဖြစ် မကိုးကွယ်၊ ကျေးဇူးလည်းမတင်ကြ။ ထို့ပြင် သူတို့သည် ဘုရားသခင်အကြောင်းကို ပညာမဲ့စွာ တွေးခေါ်လာကြသဖြင့် သူတို့၏ အသိတရားမဲ့သောစိတ်နှလုံး၌ အမှောင်ဖုံးလေ၏။
သင်တို့ထဲမှ တချို့က “ငါသည် ပေါလု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် အာပေါလု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် ပေတရု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် ခရစ်တော်၏တပည့်ဖြစ်၏” ဟူ၍ အသီးသီးက ပြောဆိုနေကြသောကြောင့် ဤစကားကို ကျွန်ုပ်ပြောရခြင်းဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ အသွေးအသားဖြင့်ဖွဲ့စည်းထားသောလူ့ခန္ဓာသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံနိုင်ပေ။ ပုပ်ပျက်တတ်သောအရာသည် မပုပ်ပျက်နိုင်သောအဖြစ်ကို အမွေဆက်ခံနိုင်မည်မဟုတ်ပေ။
မျိုးစေ့အနည်းငယ်သာ ကြဲသောသူသည် အနည်းငယ်သာ ရိတ်သိမ်းရလိမ့်မည်။ များစွာကြဲသောသူသည် များစွာ ရိတ်သိမ်းရလိမ့်မည် ဟူသောအချက်ကို သတိပြုလော့။
ကျွန်ုပ်ဆိုလိုသည်မှာ ဤသို့ဖြစ်၏။ ဘုရားသခင်သည် အာဗြဟံနှင့် ပဋိညာဉ်ဖွဲ့ပြီးလျှင် ၎င်းကို အကောင်အထည်ဖော်ရန် ကတိပြုတော်မူ၏။ နှစ်ပေါင်း လေးရာ့သုံးဆယ်ကြာပြီးမှ ပေါ်ပေါက်လာသော ပညတ်တရားသည် ထိုပဋိညာဉ်ကို မပယ်ဖျက်နိုင်သကဲ့သို့ ထိုကတိတော်ကိုလည်း မပျက်ပြယ်စေနိုင်ပေ။
အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသောသူတိုင်းသည် ပညတ်တရားအားလုံးကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျွန်ုပ်ထပ်မံ သတိပေး၏။
ဘုရားသခင်သည် အရာအားလုံးကို ကိုယ်တော်၏ ခြေတော်အောက်၌ ထား၍ အသင်းတော်အတွက် ကိုယ်တော်ကို အရာအားလုံး၏ ဦးခေါင်း ဖြစ်စေတော်မူ၏။
သို့ဖြစ်၍ ဖြားယောင်းတတ်သော အလိုရမ္မက်များကြောင့် ပျက်စီးယိုယွင်းသည့် သင်တို့၏ လူဟောင်း ဖြစ်သော ယခင်ပြုမူနေထိုင်ပုံကို စွန့်လွှတ်ကြလော့။
မိမိကိုယ်ကိုယ် နှိမ့်ချပြခြင်းနှင့် ကောင်းကင်တမန်များကို ကိုးကွယ်ခြင်းတို့ကို အတင်းအကျပ်ပြုစေသောသူ တစ်စုံတစ်ယောက်ကိုမျှ သင်တို့၏ ဆုကို လုယူခွင့် မပေးနှင့်။ ထိုသို့သောသူတို့သည် မိမိတို့မြင်ရသော အထူးရူပါရုံများကြောင့် အခြားသူတို့ထက် သာလွန်သည်ဟု မှတ်ယူ၍ လူ့အတွေးအခေါ်ဖြင့် အကြောင်းမဲ့ ဘဝင်မြင့်တတ်ကြ၏။
ဤအကြောင်းကို သင်တို့အား ပြောရခြင်းမှာ မည်သူမျှ သင်တို့ကို ဖြားယောင်းသောစကားဖြင့် မလှည့်ဖြားစေရန် ဖြစ်၏။
ထို့ပြင် ဤသို့သော ကိစ္စများတွင် မည်သူမျှ မိမိတို့ ညီအစ်ကိုအပေါ် အခွင့်ကောင်းယူ၍ သူ၏ သားမယားနှင့် မပြစ်မှားရ။ သင်တို့ကို ကျွန်ုပ်တို့ သတိပေးပြောဆိုခဲ့သည့်အတိုင်း အထက်ပါအပြစ်တို့ကို ကျူးလွန်သော သူတို့ကို သခင်ဘုရား ပြစ်ဒဏ်ပေးတော်မူလိမ့်မည်။
မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းမရှိဘဲ ဤညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့် ယေရှုခရစ်တော်တို့ ရှေ့၌လည်းကောင်း၊ ရွေးကောက်တော်မူသောကောင်းကင်တမန်တို့ရှေ့၌လည်းကောင်း သင့်ကို ကျွန်ုပ်အလေးအနက် ညွှန်ကြားလို၏။
အရာအားလုံးကိုအသက်ရှင်စေတော်မူသည့်ဘုရားသခင်၏ ရှေ့တော်၌လည်းကောင်း၊ ပုန္တိပိလတ်မင်း၏ ရှေ့၌ ကောင်းသောဝန်ခံချက်ဖြင့် သက်သေခံတော်မူသော ယေရှုခရစ်တော်၏ ရှေ့တော်၌လည်းကောင်း တိုင်တည်၍ ကျွန်ုပ် သင့်ကို ညွှန်ကြားလိုက်၏။
နိုင်ငံတော်တည်ထောင်ရန် ကြွလာပြီး အသက်ရှင်သောသူနှင့် သေသောသူတို့ကို တရားစီရင်မည့်ယေရှုခရစ်တော်၏ ရှေ့တော်၌လည်းကောင်း၊ ဘုရားသခင်ရှေ့တော်၌လည်းကောင်း သင့်အား ကျွန်ုပ်အလေးအနက်တိုက်တွန်းလိုက်ပါ၏။
ဘိုးဘေးများထံမှ ဆက်ခံရရှိသော အချည်းနှီးပြုမူနေထိုင်ခြင်းထဲမှ သင်တို့ကို ဘုရားသခင်ရွေးနုတ်တော်မူကြောင်း သင်တို့သိကြ၏။ ထိုသို့ရွေးနုတ်တော်မူရာတွင် ရွှေ၊ ငွေကဲ့သို့ ပျက်စီးတတ်သည့်အရာများဖြင့် ရွေးနုတ်တော်မူသည်မဟုတ်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အကျိုးမဲ့ ချဲ့ကားကြွားဝါပြောဆိုလျက် မှားယွင်းစွာ ပြုမူနေထိုင်ကြသူတို့ထဲမှ လွတ်မြောက်ခါစဖြစ်သော သူများကို လူ့ဗီဇစိတ်၏တပ်မက်မှုများနှင် ကိလေသာလွန်ကြူးခြင်းတို့ဖြင့် ဆွဲဆောင်ကြသောကြောင့်ဖြစ်၏။