ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသောသူအား သင်တို့ပြုစုကြသမျှသည် ငါ့အား ပြုစုခြင်းပင်ဖြစ်သည်’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။
ဟေဗြဲ 2:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သန့်ရှင်းစေတော်မူသော ယေရှုခရစ်တော်နှင့် သန့်ရှင်းခြင်းခံရသူတို့သည် တစ်ပါးတည်းသောဖခင်ထံမှ ဖြစ်သောကြောင့် ယေရှုခရစ်တော်သည် ထိုသူတို့ကို ညီအစ်ကိုမောင်နှမများဟု ခေါ်ရန် ရှက်တော်မမူ။ Common Language Bible သခင်ယေရှုသည်လူတို့အားအပြစ်များမှ သန့်စင်စေတော်မူ၏။ ကိုယ်တော်နှင့်ကိုယ်တော် သန့်စင်စေတော်မူသောသူတို့တွင် အဖတစ်ဦး တည်းရှိသဖြင့် ကိုယ်တော်သည်ထိုသူတို့အား မိမိ၏ညီများဟုခေါ်ဆိုရန်ရှက်တော်မမူ။- Garrad Bible သီး သန့် ထား တော် မူ သော အ ရှင် နှင့် ထား သူ တို့ ပါ တစ် မျိုး တည်း ဖြစ် သည့် အ ကြောင်း ကြောင့် ထို အ ရှင် သည် ထို သူ တို့ ကို ညီ ဟူ၍ ခေါ် ခြင်း ငှာ ရှက် တော် မ မူ ဘဲ၊ Judson Bible သန့်ရှင်းစေတတ်သောသူနှင့် သန့်ရှင်းစေအပ်သောသူများတို့သည် တစ်ပါးတည်းသော ပကတိရှိကြ၏။ ထိုကြောင့်၊ သန့်ရှင်းစေတတ်သောသူသည် သန့်ရှင်းစေအပ်သောသူတို့ကို ညီအစ်ကိုဟူ၍ ခေါ်ခြင်းငှာ ရှက်ကြောက်တော်မမူ။ ထိုသို့ခေါ်သောအချက် ဟူမူကား၊- မြန်မာ့စံမီသမ္မာကျမ်း အမှန်စင်စစ် သန့်ရှင်းစေတော်မူသောအရှင်ဖြစ်စေ၊ သန့်ရှင်းစေခြင်းခံရသောသူတို့ဖြစ်စေ အားလုံးသည် တစ်ပါးတည်းထံမှဖြစ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည် ထိုသူတို့ကို ညီအစ်ကိုများဟုခေါ်ရန် ရှက်တော်မမူဘဲ |
ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသောသူအား သင်တို့ပြုစုကြသမျှသည် ငါ့အား ပြုစုခြင်းပင်ဖြစ်သည်’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။
ယေရှုက “မကြောက်ကြနှင့်။ သွား၍ ငါ့တပည့်တို့အား ဂါလိလဲပြည်သို့ သွားရန် ပြောကြလော့။ သူတို့သည် ထိုနေရာ၌ ငါ့ကိုတွေ့မြင်ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့နောက် မိမိဘေးပတ်လည်တွင် ထိုင်နေကြသောသူများကို ကြည့်တော်မူပြီးလျှင် “ဤသူတို့သည် ငါ့မိခင်နှင့် ငါ့ညီများ ဖြစ်ကြ၏။
ဘုရားသခင်ကို မယုံကြည်၍ အပြစ်ကျူးလွန်သော ဤခေတ်ကာလတွင် တစ်စုံတစ်ဦးသည် ငါနှင့် ငါ့စကားအတွက် ရှက်လျှင် လူသားသည် သန့်ရှင်းသောကောင်းကင်တမန်များခြံရံလျက် ခမည်းတော်၏ဘုန်းအသရေကိုဆောင်ကာ ကြွလာသောအခါ ထိုသူအတွက် ရှက်တော်မူမည်” ဟု မိန့်တော်မူ၏။
တစ်စုံတစ်ဦးသည် ငါနှင့် ငါ့စကားအတွက် ရှက်လျှင် လူသားသည် မိမိဘုန်းအသရေ၊ ခမည်းတော်၏ဘုန်းအသရေ၊ သန့်ရှင်းသောကောင်းကင်တမန်များ၏ဘုန်းအသရေနှင့် ကြွလာသောအခါ ထိုသူအတွက် ရှက်တော်မူမည်။
သူတို့သည်လည်း သမ္မာတရားအားဖြင့် သန့်ရှင်းလာစေရန် အကျွန်ုပ်သည် သူတို့အတွက် မိမိကိုယ်ကို သန့်ရှင်းသောယဇ်အဖြစ် ဆက်ကပ်ပါ၏။
အို အဖ… အကျွန်ုပ်နှင့် ကိုယ်တော်သည် တစ်သားတည်းဖြစ်သကဲ့သို့ သူတို့သည် တစ်သားတည်းဖြစ်ရန် ဆုတောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၌ တည်တော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ တည်သကဲ့သို့ သူတို့ကို အကျွန်ုပ်တို့၌ တည်စေတော်မူပါ။ ဤသည်မှာ အကျွန်ုပ်အား ကိုယ်တော်စေလွှတ်တော်မူကြောင်းကို လောကီသားတို့ ယုံကြည်လာနိုင်စေရန်ဖြစ်၏။
ယေရှုက “ငါသည် ခမည်းတော်ထံသို့ မတက်ရသေးသဖြင့် ငါ့ကို မထိနှင့်ဦး။ ငါ့တပည့်တို့ထံ သွား၍ ‘ငါ့အဖဟူသော သင်တို့၏အဖ၊ ငါ့ဘုရားသခင်ဟူသော သင်တို့၏ ဘုရားသခင်ထံသို့ ငါတက်သွားရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် လူတစ်ဦးကို ဖန်ဆင်းပြီး ထိုလူမှ လူမျိုးရှိသမျှကို တိုးပွားစေ၍ ကမ္ဘာမြေကြီးတစ်ခုလုံးတွင် နေထိုင်ပျံ့နှံ့စေတော်မူ၏။ ထိုသူတို့နေထိုင်ရာ အချိန်ကာလနှင့် နယ်နိမိတ်များကိုလည်း သတ်မှတ်ပိုင်းခြားတော်မူ၏။
ကျွန်ုပ်တို့သည် ဘုရားသခင်အားဖြင့် ရှင်သန်လှုပ်ရှား၍ ဖြစ်တည်ကြ၏။ သင်တို့အထဲမှ လင်္ကာဆရာတချို့ကလည်း ‘ကျွန်ုပ်တို့မှာ ဘုရားမျိုးသာ ဖြစ်ကြပါ၏’ ဟု စပ်ဆိုခဲ့ကြ၏။
ဘုရားသခင်သည် မိမိလူတို့ကို ကြိုတင်သိတော်မူ၍ ထိုသူတို့ကို မိမိသားတော်ကဲ့သို့ ဖြစ်လာစေရန် ရွေးချယ်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာ ညီအစ်ကိုမောင်နှမများစွာထဲတွင် ခရစ်တော်ကို သားဦးဖြစ်စေရန်ပင် ဖြစ်၏။
သို့သော် အချိန်စေ့သောအခါ ဘုရားသခင်သည် မိမိသားတော်ကို စေလွှတ်တော်မူ၏။ ထိုသားတော်သည် အမျိုးသမီးတစ်ဦးထံမှ မွေးဖွားလာတော်မူပြီး ပညတ်တရား၏ လက်အောက်ခံအဖြစ် နေထိုင်တော်မူ၏။
ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းဖြင့် ကျွန်ုပ်တို့သည် စင်ကြယ်စေခြင်းခံကြရ၏။
ကိုယ်တော်သည် စင်ကြယ်စေခြင်းခံရသောသူတို့အား တစ်ခုတည်းသော ပူဇော်စရာဖြင့် ထာဝရပြီးပြည့်စုံစေတော်မူ၏။
သို့သော် ထိုသူတို့သည် ပို၍ ကောင်းသောပြည်ဖြစ်သည့် ကောင်းကင်ဘုံ၌ ရှိသော ပြည်ကို တောင့်တကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ ဘုရားဟု ခေါ်ဝေါ်ခံရခြင်းကို ရှက်တော်မမူသည့်အပြင် သူတို့နေထိုင်ရန် မြို့ကိုပင် တည်တော်မူပြီ။
ထိုနည်းတူ ယေရှုသည် လူတို့ကို မိမိအသွေးအားဖြင့် စင်ကြယ်စေရန် မြို့တံခါးအပြင်၌ အသေခံတော်မူ၏။
ထိုသားသမီးတို့သည် အသွေးအသားရှိသဖြင့် ကိုယ်တော်သည် အသွေးအသားကို ခံယူတော်မူ၏။ ဤသို့ဖြင့် ကိုယ်တိုင်အသေခံ၍ သေခြင်းကို အစိုးရသော မာရ်နတ်၏တန်ခိုးကို ဖျက်ဆီးကာ
ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်တော်မူခြင်းခံရသူတို့ထဲတွင် ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းနှင့် အထူးတမန်တော်အဖြစ် ကျွန်ုပ်တို့ဝန်ခံသော ယေရှုခရစ်တော်ကို ဆင်ခြင်အောက်မေ့ကြလော့။