Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 20:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ယေရှု​က “ငါ​သည် ခမည်းတော်​ထံသို့ မတက်ရသေး​သဖြင့် ငါ့​ကို မထိနှင့်ဦး။ ငါ့​တပည့်တို့​ထံ သွား​၍ ‘ငါ့​အဖ​ဟူသော သင်တို့​၏​အဖ၊ ငါ့​ဘုရားသခင်​ဟူသော သင်တို့​၏ ဘုရားသခင်​ထံသို့ ငါ​တက်သွား​ရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 သ​ခင်​ယေ​ရှု​က ``ငါ့​ကို​ကိုင်​ဆွဲ​၍​မ​ထား​နှင့်။ ငါ​သည်​ခ​မည်း​တော်​၏​ထံ​သို့​မ​တက်​ရ​သေး။ သို့​သော်​ငါ​၏​ညီ​များ​ထံ​သို့​သွား​၍​ငါ့​အ​ဖ တည်း​ဟူ​သော​သင်​တို့​၏​ဘု​ရား​သ​ခင်​ထံ​တော် သို့​ငါ​တက်​သွား​ရ​မည့်​အ​ကြောင်း​ကို​ပြော​ကြား လော့'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ယေရှုကလည်း ငါ့ကိုမကိုင်နှင့်ဦး။ ခမည်းတော်ထံသို့ငါမတက်သေး။ ငါသည် ငါ့အဘနှင့်သင်တို့အဘ၊ ငါ့ဘုရားနှင့် သင်တို့ဘုရားအထံတော်သို့ တက်သွားတော့မည်ဟူ၍ ငါ့ညီများထံသွားရောက်ကြားပြောလော့ဟုမိန့် တော်မူသည့်အတိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ယေ​ရှု​က​လည်း၊ ငါ့​ကို​မ​ဖက်​နှင့်​ဦး။ ငါ​သည် ငါ့​ခ​မည်း​တော်​ထံ​သို့ မ​တက်​ရ​သေး။ ငါ့​ညီ​တို့​ရှိ​ရာ​သို့ သွား​လော့။ ငါ၏​ခ​မည်း​တော်​တည်း​ဟူ​သော သင်​တို့၏​ခ​မည်း​တော်၊ ငါ၏​ဘု​ရား​သ​ခင်​တည်း​ဟူ​သော သင်​တို့၏ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ငါ​တက်​ရ​မည်​အ​ကြောင်း​အ​ရာ​ကို ကြား​ပြော​လော့​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ယေရှု​က​လည်း“ငါ​သည် ခမည်းတော်​ထံသို့ မ​တက်​သွား​ရ​သေး​သဖြင့် ငါ့​ကို​မ​ထိ​နှင့်​ဦး။ ငါ့​ညီအစ်ကို​တို့​ထံသို့​သွား​၍ ‘ငါ့​ခမည်းတော်​တည်းဟူသော သင်​တို့​၏​ခမည်းတော်၊ ငါ့​ဘုရားသခင်​တည်းဟူသော သင်​တို့​၏​ဘုရားသခင်​ထံသို့ ငါ​တက်​သွား​တော့မည်’​ဟူ၍ ပြောကြား​လော့”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

17 ယေ​ရှု​က​လည်း၊ ငါ့​ကို​မ​ဖက်​နှင့်​ဦး။ ငါ​သည် ငါ့​ခ​မည်း​တော်​ထံ​သို့ မ​တက်​ရ​သေး။ ငါ့​ညီ​တို့​ရှိ​ရာ​သို့ သွား​လော့။ ငါ၏​ခ​မည်း​တော်​တည်း​ဟူ​သော သင်​တို့၏​ခ​မည်း​တော်၊ ငါ၏​ဘု​ရား​သ​ခင်​တည်း​ဟူ​သော သင်​တို့၏ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ငါ​တက်​ရ​မည်​အ​ကြောင်း​အ​ရာ​ကို ကြား​ပြော​လော့​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 20:17
48 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်ဘုံ​၌​ရှိတော်မူသော​ငါ့​ခမည်းတော်​၏ အလိုတော်​အတိုင်း ဆောင်ရွက်သော​သူ​သည် ငါ့​ညီ၊ ငါ့​နှမ၊ ငါ့​မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။


ရှင်ဘုရင်​ကလည်း ‘သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​၏ ညီအစ်ကို​မောင်နှမများ​ထဲမှ အသေးနုပ်ဆုံးသော​သူ​အား သင်တို့​ပြုစုကြသမျှ​သည် ငါ့​အား ပြုစုခြင်းပင်​ဖြစ်သည်’ ဟု ပြန်​၍ မိန့်တော်မူ​လိမ့်မည်။


ထို့နောက် အမြန်​ပြန်​၍ ‘ယေရှု​သည် သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူပြီ။ သူ​သည် သင်တို့​ထက်​ဦးစွာ ဂါလိလဲပြည်​သို့ ကြွတော်မူမည်။ သင်တို့​သည် သူ့​ကို ထို​နေရာ​၌ တွေ့မြင်ကြရ​လိမ့်မည်’ ဟူ၍ တပည့်တော်တို့​အား ပြောကြလော့။ ငါ​ပြောသော​စကား​ကို မမေ့ကြနှင့်” ဟု ဆိုလေ၏။


သေလွန်သော​သူတို့​ပြန်ရှင်ခြင်း​နှင့်​ပတ်သက်၍ အာဗြဟံ၊ ဣဇာက်​နှင့် ယာကုပ်​တို့ သေလွန်​ပြီးနောက် အချိန်​ကြာမြင့်​ပြီးမှ​လည်း ဘုရားသခင်​က ‘ငါ​သည် အာဗြဟံ​၏​ဘုရား၊ ဣဇာက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား​ဖြစ်၏’ ဟု မိန့်တော်မူ၏။ ၎င်း​ကို မီးလောင်နေသော​ချုံပုတ်​အကြောင်း​တွင် မောရှေ ရေးထားသည်​ကို သင်တို့ မဖတ်ဖူးကြသလော။


ယေရှု​သည် တပည့်တော်တို့​ကို ထိုသို့​မိန့်တော်မူပြီး​သောအခါ ကောင်းကင်​သို့ ဆောင်ယူခြင်း​ကို​ခံတော်မူ​၍ ဘုရားသခင်​၏ လက်ယာတော်ဘက်​၌ ထိုင်တော်မူ၏။


ပိုက်ဆံအိတ်၊ ခရီးဆောင်အိတ်၊ ဖိနပ်​အပို​စသည်တို့​ကို ယူမသွားကြနှင့်။ လမ်း​တွင် မည်သူ​ကို​မျှ နှုတ်မဆက်ကြနှင့်။


ထို​အချိန်​သည် ပသခါပွဲတော်​မတိုင်မီ​တစ်ရက် ဖြစ်၏။ ယေရှု​သည် ဤ​လောက​မှ ထွက်ခွာ​၍ မိမိ​၏​ခမည်းတော်​ထံသို့ ပြန်ကြွတော်မူ​ရမည့် အချိန်​ရောက်ပြီ​ဖြစ်ကြောင်း​ကို သိတော်မူ၏။ ကိုယ်တော်​သည် ဤ​လောက​၌ ရှိသော မိမိ​တပည့်တို့​ကို ချစ်တော်မူ၏။ သူတို့​ကို အဆုံး​တိုင်အောင် ချစ်တော်မူ၏။


ယေရှု​သည် မိမိ​ထံ​၌ ခမည်းတော်​က အခွင့်အာဏာ​အားလုံး​ကို အပ်နှံထားသည်​ကို​လည်းကောင်း၊ မိမိ​သည် ဘုရားသခင်​ထံမှ ကြွလာ​၍ ဘုရားသခင်​ထံသို့ ပြန်ကြွတော့မည်​ကို​လည်းကောင်း သိတော်မူ၏။


ငါ့​ခမည်းတော်​၏ အိမ်တော်​တွင် နေစရာ​အခန်း​များစွာ ရှိ၏။ ထိုသို့ မရှိ​လျှင် ငါ​သည် သင်တို့​နေရမည့်​နေရာ​ကို သွား​၍ ပြင်ဆင်မည်​ဟု ပြောမည်လော။


‘ယခု ငါ​သွားမည်။ သို့သော် သင်တို့​ထံသို့ ပြန်လာ​ဦးမည်’ ဟူ၍ ငါ​ပြောခဲ့သော​စကား​ကို သင်တို့​ကြားခဲ့ပြီ။ သင်တို့​သည် ငါ့​ကို အမှန်တကယ်​ချစ်​လျှင် ငါ့​ထက် ပို​၍ ကြီးမြတ်သော​ခမည်းတော်​ထံသို့ ငါ​သွားသည့်​အတွက် ဝမ်းမြောက်ကြ​လိမ့်မည်။


ယေရှု​က “ငါ​သည် လမ်းခရီး​ဖြစ်၏။ သမ္မာတရား​လည်း ဖြစ်၏။ အသက်​လည်း ဖြစ်၏။ ငါ့​ကို အမှီ​မပြု​လျှင် မည်သူ​မျှ ခမည်းတော်​ထံသို့ မရောက်ရ။


ငါ​သည် ခမည်းတော်​ထံမှ ဤ​လောက​သို့ လာခဲ့၏။ ယခု ဤ​လောက​မှ ထွက်ခွာ​၍ ခမည်းတော်​ထံသို့ ငါ​ပြန်မည်” ဟု မိန့်တော်မူ၏။


ယခု အကျွန်ုပ်​သည် ဤ​လောက​မှ ထွက်ခွာ​၍ ကိုယ်တော်​ထံသို့ လာပါတော့မည်။ ထို​သူတို့​သည် ဤ​လောက​၌ ကျန်ရစ်ခဲ့မည်။ သန့်ရှင်းတော်မူသော​အဖ… ကိုယ်တော်​နှင့် အကျွန်ုပ်​သည် တစ်သားတည်း​ဖြစ်သကဲ့သို့ ထို​သူတို့​သည် တစ်သားတည်း​ဖြစ်​စေရန် အကျွန်ုပ်​ထံ ပေးအပ်တော်မူသော ကိုယ်တော်​၏​တန်ခိုးတော်​အားဖြင့် ထို​သူတို့​ကို ကာကွယ်​စောင့်ရှောက်တော်မူပါ။


တရားမျှတတော်မူသော​အဖ… လောကီသားတို့​သည် ကိုယ်တော်​ကို မသိကြ​သော်လည်း အကျွန်ုပ်​သိပါ၏။ ကိုယ်တော်​သည် အကျွန်ုပ်​အား စေလွှတ်တော်မူကြောင်း​ကို ဤ​တပည့်တော်တို့​သိကြပါ၏။


အို အဖ… ကမ္ဘာ​မတည်ရှိ​မီက ကိုယ်တော်​နှင့်အတူ အကျွန်ုပ်​ရရှိသော ဘုန်းအသရေ​ဖြင့် အကျွန်ုပ်​ကို ရှေ့တော်​၌ ယခု​ဘုန်းကြီးစေတော်မူပါ။


ထို့နောက် ယေရှု​သည် သောမ​အား “သင့်​လက်ညှိုး​ဖြင့် ဤ​နေရာ​ကို စမ်း​၍ ငါ့​လက်တို့​ကို ကြည့်လော့။ သင့်​လက်​ဖြင့် ငါ့​နံဘေး​ရှိ ဒဏ်ရာ​ကိုလည်း စမ်းကြည့်လော့။ သံသယ​မဖြစ်နှင့်။ ယုံကြည်လော့” ဟု မိန့်တော်မူ၏။


သို့သော် ယေရှု​က “ငါ​သည် သင်တို့​နှင့်အတူ ခဏ​သာ နေရ​လိမ့်မည်။ ထို့နောက် ငါ့​ကို စေလွှတ်တော်မူသော​အရှင်​ထံသို့ ပြန်ရမည်။


ဘုရားသခင်​သည် မိမိ​လူတို့​ကို ကြိုတင်​သိတော်မူ​၍ ထို​သူတို့​ကို မိမိ​သားတော်​ကဲ့သို့ ဖြစ်လာ​စေရန် ရွေးချယ်တော်မူ၏။ ဤသို့​ပြုတော်မူသည်​မှာ ညီအစ်ကို​မောင်နှမ​များစွာ​ထဲတွင် ခရစ်တော်​ကို သားဦး​ဖြစ်​စေရန်​ပင် ဖြစ်၏။


ငါ​သည် သင်တို့​၏ အဖ​ဖြစ်မည်။ သင်တို့​သည် ငါ​၏ သားသမီးများ​ဖြစ်ကြ​လိမ့်မည်” ဟု အနန္တ​တန်ခိုးရှင် ထာဝရဘုရား​မိန့်တော်မူ၏။


သင်တို့​အားလုံး​သည် ယေရှု​ခရစ်တော်​ကို ယုံကြည်ကြ​သောကြောင့် ဘုရားသခင်​၏ သားသမီးများ ဖြစ်ကြ၏။


သို့သော် ထို​သူတို့​သည် ပို​၍ ကောင်းသော​ပြည်​ဖြစ်သည့် ကောင်းကင်ဘုံ​၌ ရှိသော ပြည်​ကို တောင့်တကြ၏။ ထို့ကြောင့် ဘုရားသခင်​သည် သူတို့​၏ ဘုရား​ဟု ခေါ်ဝေါ်ခံရခြင်း​ကို ရှက်တော်မမူသည့်​အပြင် သူတို့​နေထိုင်​ရန် မြို့​ကိုပင် တည်တော်မူပြီ။


ထာဝရဘုရား​မိန့်တော်မူသည်​မှာ ထို​ကာလ​ပြီးနောက် ငါ​သည် အစ္စရေး​လူမျိုးတို့​နှင့် ပဋိညာဉ်​ဖွဲ့မည်။ ငါ့​ပညတ်တရား​ကို သူတို့​အသိဉာဏ်​၌ ထည့်သွင်း​၍ သူတို့​၏ နှလုံးသား​၌ ရေးထားမည်။ ငါ​သည် သူတို့​၏​ဘုရား​ဖြစ်​ပြီး သူတို့​သည် ငါ​၏​လူများ​ဖြစ်ကြ​လိမ့်မည်။


ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဘုရားသခင်​ကို ချီးမွမ်းကြလော့။ ဘုရားသခင်​သည် မိမိ​၏​ကြီးမြတ်သော​ကရုဏာတော်​ကြောင့် သခင်​ယေရှု​ခရစ်တော်​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို အသစ်​တစ်ဖန်​မွေးဖွား​စေပြီး ခိုင်မြဲသော​မျှော်လင့်ချက်​ရှိစေတော်မူ၏။


ချစ်ရသော​သူတို့… ယခု ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြပြီး အနာဂတ်​တွင် မည်သို့​ဖြစ်မည်​ကို သေချာ​စွာ မသိရသေးပေ။ သို့သော် ခရစ်တော်​ကြွလာ​သောအခါ ကိုယ်တော်​ဖြစ်တော်မူသည်​အတိုင်း ဖူးမြင်ကြရမည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် ကိုယ်တော်​နှင့်​တူကြ​လိမ့်မည်​ကို သိကြ၏။


ထို့နောက် ရာဇပလ္လင်တော်​မှ ကျယ်လောင်သော​အသံ​ကို ကျွန်ုပ်​ကြားရ၏။ ထို​အသံ​မှာ “ကြည့်လော့။ ဘုရားသခင် စံမြန်းရာ​နေရာ​သည် လူတို့​တွင် ရှိ​၍ သူတို့​နှင့်အတူ စံမြန်းတော်မူမည်။ သူတို့​သည် ကိုယ်တော်​၏​လူများ​ဖြစ်ကြပြီး ဘုရားသခင်​ကိုယ်တိုင် သူတို့​နှင့်အတူ ရှိနေ​၍ သူတို့​၏​ဘုရားသခင် ဖြစ်တော်မူ​လိမ့်မည်။


အောင်မြင်သော​သူ​သည် ဤ​အရာများ​ကို အမွေခံရ​လိမ့်မည်။ ငါ​သည် သူ​၏​ဘုရားသခင်​ဖြစ်မည်။ သူတို့​သည် ငါ​၏​သားသမီးများ​ဖြစ်ကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ