သို့ဖြစ်၍ ဖြောင့်မတ်သူအာဗေလ၏သွေးမှစ၍ ယဇ်ပလ္လင်နှင့် ဗိမာန်တော်ကြား၌ သင်တို့သတ်ခဲ့သည့် ဗာရခိသား ဇာခရိ၏သွေးတိုင်အောင် ကမ္ဘာပေါ်၌ ပရောဖက်ရှိသမျှတို့ ပေးဆပ်ခဲ့ရသောသွေးကြွေးကို သင်တို့ပြန်ဆပ်ရလိမ့်မည်။
ဟေဗြဲ 12:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပဋိညာဉ်သစ်၏ ကြားဝင်စေ့စပ်သူ ယေရှုထံသို့လည်းကောင်း၊ အာဗေလ၏ သွေးထက် ပို၍ မြတ်သောအရာကို မိန့်ဆိုသည့် ပက်ဖျန်းထားသောသွေးတော်ထံသို့ လည်းကောင်း ရောက်ကြ၏။ Common Language Bible သင်တို့သည်ပဋိညာဉ်တော်သစ်ကိုစီရင် တော်မူသောသခင်ယေရှု၏ထံတော်သို့ လည်းကောင်း၊ အာဗေလ၏သွေးထက်သာ ၍မြတ်သောအရာကိုမျှော်လင့်ချက်ပေး သည့်ပက်ဖျန်းသောသွေးတော်၏ထံသို့ လည်းကောင်းရောက်ရှိနေကြ၏။ Garrad Bible ပ ဋိ ညာဉ် တော် သစ်၏ စေ့ စပ် သော အ ရှင် ဖြစ် သော ယေ ရှု အ ထံ တော် သို့ လည်း ကောင်း၊ အာ ဗေ လ အ သွေး ထက် ကောင်း မြတ် စွာ မြွက် ဆို သော ဖျန်း ပက် ခြင်း အ သွေး တော် ရှိ ရာ သို့လည်း ကောင်း ရောက် ကြ လေ ပြီ။ Judson Bible ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုထံတော်သို့လည်းကောင်း၊ အာဗေလ၏အသွေး ပြောဆိုသောအရာထက် သာ၍ မြတ်သောအရာကို ပြောဆိုသော ဖျန်းဆွတ်ခြင်း၏ အသွေးထံသို့လည်းကောင်း ရောက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ပဋိညာဉ်သစ်၏ကြားဝင်စေ့စပ်သူ ယေရှုထံသို့လည်းကောင်း၊ အာဗေလ၏သွေးထက် သာ၍မြတ်သောအရာကိုမြွက်ဆိုသည့် ပက်ဖျန်းသောသွေးတော်ထံသို့လည်းကောင်း ချဉ်းကပ်ကြ၏။ |
သို့ဖြစ်၍ ဖြောင့်မတ်သူအာဗေလ၏သွေးမှစ၍ ယဇ်ပလ္လင်နှင့် ဗိမာန်တော်ကြား၌ သင်တို့သတ်ခဲ့သည့် ဗာရခိသား ဇာခရိ၏သွေးတိုင်အောင် ကမ္ဘာပေါ်၌ ပရောဖက်ရှိသမျှတို့ ပေးဆပ်ခဲ့ရသောသွေးကြွေးကို သင်တို့ပြန်ဆပ်ရလိမ့်မည်။
ဤစပျစ်ရည်သည် လူများစွာတို့၏ အပြစ်များကို ဖြေလွှတ်ရန်အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြားဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။
ယေရှုက “ဤစပျစ်ရည်သည် လူများစွာတို့အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြား ဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။
ညစာစားပြီးနောက် စပျစ်ရည်ခွက်ကိုလည်းယူ၍ “ဤခွက်သည် သင်တို့အတွက် သွန်းလောင်းသော ငါ၏သွေးကို ပုံဆောင်၏။ ငါ၏သွေးသည် ဘုရားသခင်နှင့် လူများအကြား ဖွဲ့သော ပဋိညာဉ်သစ်ကို သက်သေပြု၏။
ကြားဝင်စေ့စပ်သူဟု ဆိုသော် နှစ်ဖက်နှင့် ဆိုင်၏။ သို့သော် အာဗြဟံနှင့် ပဋိညာဉ်ဖွဲ့ရာတွင် ကတိပြုသူမှာ ဘုရားသခင်တစ်ပါးတည်းဖြစ်တော်မူ၏။
ဘုရားသခင် တစ်ဆူတည်း ရှိတော်မူပြီး ဘုရားသခင်နှင့် လူတို့ကြားတွင် ကြားဝင်စေ့စပ်သူလည်း တစ်ပါးတည်း ရှိတော်မူ၏။ ထိုအရှင်သည် လူသားဖြစ်သော ယေရှုခရစ်တော်ပင် ဖြစ်တော်မူ၏။
သို့ဖြစ်၍ ကျွန်ုပ်တို့၏စိတ်နှလုံးသားကို အပြစ်ရှိကြောင်းထင်မှတ်သောအသိစိတ်မှ ရှင်းလင်းစေရန် ကိုယ်တော်၏အသွေးတော်ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာကိုလည်း သန့်စင်သောရေဖြင့် ဆေးကြောခြင်းတို့ကို ခံယူလျက် စစ်မှန်သောစိတ်နှလုံးနှင့် ယုံကြည်ခြင်းကြောင့် ဖြစ်တည်သော စိတ်ချမှုအပြည့်ဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ကြပါစို့။
သားဦးတို့ကို သတ်သောသူသည် အစ္စရေးလူမျိုးတို့၏ သားဦးတို့ကို မထိခိုက်စေရန် မောရှေသည် ယုံကြည်ခြင်းဖြင့် ပသခါပွဲကျင်းပ၍ အသွေးဖျန်းလေ၏။
အာဗေလသည် ကာဣနထက် ပို၍ မြတ်သောယဇ်ကို ဘုရားသခင်အား ယုံကြည်ခြင်းဖြင့် ပူဇော်၏။ ဘုရားသခင်သည် အာဗေလ၏ အလှူကို နှစ်သက်လက်ခံတော်မူပြီး အာဗေလသည် ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူခြင်းခံရ၏။ အာဗေလသည် ကွယ်လွန်သော်လည်း ထိုယုံကြည်ခြင်းစံနမူနာဖြင့် ကျွန်ုပ်တို့အား ဟောပြောနေဆဲဖြစ်၏။
ထာဝရပဋိညာဉ်တရား၏ သွေးတော်အားဖြင့် သိုးတို့၏ သိုးထိန်းကြီးဖြစ်တော်မူသည့် ကျွန်ုပ်တို့သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသော ငြိမ်းချမ်းခြင်း၏အရှင် ဘုရားသခင်သည်
ဘုရားသခင်သည် ပဋိညာဉ်သစ် ရှိမည်ဟု မိန့်တော်မူသောကြောင့် ပထမပဋိညာဉ်ကို အသုံးမပြုတော့ပေ။ အသုံးပြုခြင်းမခံရတော့သည့်အရာသည် မကြာမီ ပျောက်ကွယ်သွားလိမ့်မည်။
သို့သော် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းယေရှုသည် ယခင်ယဇ်ပုရောဟိတ်များထမ်းဆောင်ရသောအမှုတာဝန်ထက် ပို၍ ကောင်းသောအမှုတာဝန်ကို လက်ခံရရှိသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ပို၍ ကောင်းသောကတိတော်များပေါ်တွင် အခြေခံသည့် ပို၍ ကောင်းသောပဋိညာဉ်ကို ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြားတွင် ကြားဝင်စေ့စပ်ပေးသောကြောင့်ဖြစ်၏။
သို့ရာတွင် ဘုရားသခင်သည် မိမိလူတို့ကို အပြစ်တင်လျက် မိန့်တော်မူသည်မှာ “အစ္စရေးလူမျိုးနှင့်လည်းကောင်း၊ ယုဒလူမျိုးနှင့်လည်းကောင်း ပဋိညာဉ်သစ်ကို ငါဖွဲ့မည့် အချိန်ရောက်လာမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ဤသို့ဖြင့် ရွေးချယ်ခြင်းခံရသူများသည် ဘုရားသခင် ကတိပြုတော်မူသော ထာဝရအမွေကို ရရှိနိုင်ရန် ခရစ်တော်သည် ပဋိညာဉ်သစ်၏ ကြားဝင်စေ့စပ်သူဖြစ်တော်မူ၏။ အကြောင်းမှာ ခရစ်တော်သည် ထိုပထမပဋိညာဉ်အောက်တွင် လူတို့ကျူးလွန်ခဲ့သော အပြစ်များကို လွတ်မြောက်စေရန် အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။
မောရှေသည် လူအပေါင်းတို့အား ဘုရားသခင်၏ ပညတ်ချက်တစ်ခုစီတိုင်းကို ကြေညာပြီးလျှင် နွားသငယ်တို့၏ အသွေး၊ ဆိတ်သွေးကို ရေနှင့်ရောကာ ဟုဿုပ်ပင်၏ အညွန့်နှင့် နီသောသိုးမွေးကို အသုံးပြု၍ ကျမ်းစာလိပ်နှင့်တကွ လူအပေါင်းတို့ကို ဖျန်းလေ၏။
ထိုနည်းအတိုင်း တဲတော်နှင့် ဝတ်ပြုရာအသုံးအဆောင်အားလုံးကိုလည်း သွေးဖြင့် ဖျန်းလေ၏။
ထိုသူတို့မှာ ခမည်းတော်ဘုရားသခင်၏ ကြိုတင်သိမြင်သောဉာဏ်တော်အရ ဝိညာဉ်တော်၏ သန့်ရှင်းစေခြင်းအားဖြင့် ရွေးချယ်တော်မူခြင်းခံထားရသူများဖြစ်ကြ၏။ ဤသို့ရွေးချယ်တော်မူခြင်းမှာ ယေရှုခရစ်တော်ကို သင်တို့နာခံစေရန်နှင့် သင်တို့ကို အသွေးတော်ဖြင့် ပက်ဖျန်း၍ စင်ကြယ်စေရန်ဖြစ်၏။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းကို သင်တို့ကြွယ်ဝစွာ ခံစားရပါစေသော။