Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 23:35 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 သို့ဖြစ်၍ ဖြောင့်မတ်သူ​အာဗေလ​၏​သွေး​မှစ၍ ယဇ်ပလ္လင်​နှင့် ဗိမာန်တော်​ကြား​၌ သင်တို့​သတ်ခဲ့သည့် ဗာရခိ​သား ဇာခရိ​၏​သွေး​တိုင်အောင် ကမ္ဘာပေါ်​၌ ပရောဖက်​ရှိသမျှတို့ ပေးဆပ်ခဲ့ရသော​သွေးကြွေး​ကို သင်တို့​ပြန်ဆပ်ရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

35 ထို့​ကြောင့်​အ​ပြစ်​ကင်း​သူ​အာ​ဗေ​လ​မှ​စ​၍ သန့် ရှင်း​ရာ​ဌာ​န​တော်​နှင့်​ယဇ်​ပလ္လင်​အ​ကြား​တွင် အ​သတ်​ခံ​ရ​သည့်​ဗာ​ရ​ခိ​၏​သား၊ ဇာ​ခ​ရိ​တိုင် အောင်​အ​ပြစ်​ကင်း​သူ​များ​ကို​သတ်​ဖြတ်​ခဲ့​သည့် အ​တွက်​သင်​တို့​သည်​အ​ပြစ်​ဒဏ်​ခံ​ရ​ပေ​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

35 သူ တော် ကောင်း အာ ဗေ လ အ သွေး က စ၍ သန့် ရှင်း ရာ ဌာ န နှင့် ပူ ဇော် ရာ ပ လ္လင် တော် ကြား တွင် သင် တို့ သတ် ခဲ့ သော ဗာ ရ ခိ သား ဇာ ခ ရိ အ သွေး တိုင် အောင် ဤ မြေ ကြီး ပေါ် တွင် သွန်း သ မျှ သော အ ပြစ် ကင်း သူ ၏ သွေး ပြစ် သည် သင် တို့ အ ပေါ် သို့ သင့် စေ ခြင်း ငှာ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 ထို​ကြောင့် ဖြောင့်​မတ်​သော အာ​ဗေ​လ၏​အ​သွေး​မှ​စ၍၊ အ​တွင်း​ဗိ​မာန်​တော်​နှင့် ယဇ်​ပ​လ္လင်၏​အ​ကြား၌ သင်​တို့​သတ်​ကြ​သော ဗာ​ရ​ခိ​သား ဇာ​ခ​ရိ၏​အ​သွေး​တိုင်​အောင် မြေ​ကြီး​အ​ပေါ်၌ သွန်း​ပြီး​သ​မျှ​သော သူ​တော်​ကောင်း​တို့၏ အ​သွေး​သည် သင်​တို့ ခေါင်း​ပေါ်​သို့​ရောက်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 သို့ဖြစ်၍ ဖြောင့်မတ်​သော​သူ အာဗေလ​၏​သွေး​မှစ၍ ဗိမာန်​တော်​နှင့်​ယဇ်ပလ္လင်​ကြား​တွင် သင်​တို့​သတ်​ခဲ့​သော ဗာရခိ​၏​သား ဇာခရိ​၏​သွေး​တိုင်အောင် မြေကြီး​ပေါ်၌ သွန်းလောင်း​ခြင်း​ခံရ​သည့် ဖြောင့်မတ်​သော​သူ​တို့​၏​သွေး​ကြွေး​ရှိသမျှ​သည် သင်​တို့​အပေါ်သို့ ကျရောက်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

35 ထို​ကြောင့် ဖြောင့်​မတ်​သော အာ​ဗေ​လ၏​အ​သွေး​မှ​စ၍၊ အ​တွင်း​ဗိ​မာန်​တော်​နှင့် ယဇ်​ပ​လ္လင်၏​အ​ကြား၌ သင်​တို့​သတ်​ကြ​သော ဗာ​ရ​ခိ​သား ဇာ​ခ​ရိ၏​အ​သွေး​တိုင်​အောင် မြေ​ကြီး​အ​ပေါ်၌ သွန်း​ပြီး​သ​မျှ​သော သူ​တော်​ကောင်း​တို့၏ အ​သွေး​သည် သင်​တို့ ခေါင်း​ပေါ်​သို့​ရောက်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 23:35
22 ပူးပေါင်းရင်းမြစ်များ  

“ထို​ယေရှု​၏​အမည်​နာမ​ဖြင့် မသွန်သင်​ရန် တင်းကျပ်သော​အမိန့်များ​ကို ငါတို့​ထုတ်ပြန်​သော်လည်း သင်တို့​သည် ဂျေရုဆလင်မြို့ တစ်မြို့လုံး​တွင် သွန်သင်ကြပြီ။ ထို​သူ​၏​သေခြင်း အတွက် ငါတို့​၌ တာဝန်ရှိသည်​ဟု သင်တို့​သည် အပြစ်တင်လိုကြ၏” ဟူ၍ ပြောဆိုလေ၏။


အာဗေလ​သည် ကာဣန​ထက် ပို​၍ မြတ်သော​ယဇ်​ကို ဘုရားသခင်​အား ယုံကြည်ခြင်း​ဖြင့် ပူဇော်၏။ ဘုရားသခင်​သည် အာဗေလ​၏ အလှူ​ကို နှစ်သက်​လက်ခံတော်မူ​ပြီး အာဗေလ​သည် ဖြောင့်မတ်သူ​အဖြစ် သတ်မှတ်တော်မူခြင်း​ခံရ၏။ အာဗေလ​သည် ကွယ်လွန်​သော်လည်း ထို​ယုံကြည်ခြင်း​စံနမူနာ​ဖြင့် ကျွန်ုပ်တို့​အား ဟောပြော​နေဆဲ​ဖြစ်၏။


ပဋိညာဉ်​သစ်​၏ ကြားဝင်​စေ့စပ်သူ ယေရှု​ထံသို့​လည်းကောင်း၊ အာဗေလ​၏ သွေး​ထက် ပို၍ မြတ်သော​အရာ​ကို မိန့်ဆိုသည့် ပက်ဖျန်းထားသော​သွေးတော်​ထံသို့ လည်းကောင်း ရောက်ကြ၏။


ပရောဖက်များ၊ သန့်ရှင်းသောသူများ​နှင့် ကမ္ဘာ​လောက​၌ အသတ်ခံရသူ​အပေါင်းတို့​၏ သွေးတို့​ကို ထို​မြို့​၌ တွေ့ရ၏” ဟူ၍ ပြောလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ