ဂလာတိ 3:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း20 ကြားဝင်စေ့စပ်သူဟု ဆိုသော် နှစ်ဖက်နှင့် ဆိုင်၏။ သို့သော် အာဗြဟံနှင့် ပဋိညာဉ်ဖွဲ့ရာတွင် ကတိပြုသူမှာ ဘုရားသခင်တစ်ပါးတည်းဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 သို့ရာတွင်တစ်ဦးတည်းသာပါဝင်ဆောင်ရွက် သောအခါ ကြားဝင်စေ့စပ်သူကိုမလိုတော့ ချေ။ ဘုရားသခင်သည်တစ်ပါးတည်းဖြစ် တော်မူသတည်း။ အခန်းကိုကြည့်ပါ။Garrad Bible20 စေ့ စပ် သူ ဆို သော် တစ် ဖက် တည်း နှင့် မ ဆိုင်။ ဘု ရား သ ခင် ကား တစ် ဆူ တည်း ဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible20 အာမခံမည်သည်ကား၊ တစ်ဖက်နှင့်သာ ဆိုင်သည်မဟုတ်။ ဘုရားသခင်မူကား တစ်ဖက်ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ကြားဝင်စေ့စပ်သူသည် တစ်ဖက်နှင့်သာဆိုင်သည်မဟုတ်။ ဘုရားသခင်မူကား တစ်ပါးတည်းဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့သော် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းယေရှုသည် ယခင်ယဇ်ပုရောဟိတ်များထမ်းဆောင်ရသောအမှုတာဝန်ထက် ပို၍ ကောင်းသောအမှုတာဝန်ကို လက်ခံရရှိသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ပို၍ ကောင်းသောကတိတော်များပေါ်တွင် အခြေခံသည့် ပို၍ ကောင်းသောပဋိညာဉ်ကို ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြားတွင် ကြားဝင်စေ့စပ်ပေးသောကြောင့်ဖြစ်၏။
ထို့နောက် ဟေရုဒ်မင်းသည် တိုင်ရာမြို့သားများနှင့်ဆီဒုန်မြို့သားများကို အမျက်ထွက်လေ၏။ ထို့ကြောင့် ထိုသူတို့သည် ညီညွတ်စွာ လာရောက်ခစား၍ ဗလတ္တုအမည်ရှိသော မင်းကြီး၏အတွင်းဝန်ကို စည်းရုံးကာ ငြိမ်းချမ်းရေးအတွက် တောင်းဆိုကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ပြည်သည် အစာရေစာအတွက် ဟေရုဒ်မင်း၏တိုင်းပြည်ကို အမှီပြုနေရသောကြောင့်ဖြစ်၏။