Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 9:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 မောရှေ​သည် လူ​အပေါင်းတို့​အား ဘုရားသခင်​၏ ပညတ်ချက်​တစ်ခု​စီတိုင်း​ကို ကြေညာ​ပြီးလျှင် နွားသငယ်တို့​၏ အသွေး၊ ဆိတ်သွေး​ကို ရေ​နှင့်​ရော​ကာ ဟုဿုပ်ပင်​၏ အညွန့်​နှင့် နီသော​သိုးမွေး​ကို အသုံးပြု​၍ ကျမ်းစာလိပ်​နှင့်တကွ လူအပေါင်း​တို့ကို ဖျန်းလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 မော​ရှေ​သည်​ပညတ်​တ​ရား​တော်​တွင်​ပါ​ရှိ​သည့် ပ​ညတ်​ရှိ​သ​မျှ​တို့​ကို​လူ​အ​ပေါင်း​တို့​အား ကြေ​ညာ​ပြီး​သော​အ​ခါ သိုး​မွေး​နီ​နှင့်​ဟု​ဿုတ် ပင်​ခက်​ကို​အ​သုံး​ပြု​ကာ​ရေ​နှင့်​ရော​သော​နွား သွေး၊ ဆိတ်​သွေး​ဖြင့်​ပ​ညတ်​ကျမ်း​စာ​လိပ်​ကို လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ပက်​ဖျန်း​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 မော ရှေ သည် ပ ညတ် တ ရား တော် အ တိုင်း ပ ညတ် ဟူ သ မျှ ကို လူ ပ ရိ သတ် အား ပြန် ကြား ပြီး နောက် နွား သွေး၊ ဆိတ် သွေး ကို ရေ၊ သိုး မွေး နီ၊ ဟုဿုပ် ညွန့် များ နှင့် တ ကွ ယူ၍ ထို ကျမ်း နှင့် လူ ပ ရိ သတ် ရှိ သ မျှ အ ပေါ် တွင် သွန်း ပက် လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 တ​ရား​တော်၌ ပါ​သ​မျှ​သော ပ​ညတ်​တို့​ကို မော​ရှေ​သည် လူ​အ​ပေါင်း​တို့​အား ဟော​ပြော​ပြီး​မှ၊ ရေ​နှင့်​ရော​နှော​သော​နွား၊ ဆိတ်၏​အ​သွေး​ကို​ယူ၍၊ အ​နီ​ဆိုး​သော သိုး​မွေး​တပ်​သော ဟုဿုပ်​ပင်​ညွန့်​နှင့်၊ ကျမ်း​စာ​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဖျန်း​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 အကြောင်းမူကား မောရှေ​သည် ပညတ်​တရား​ကျမ်း​၌​ပါ​သမျှ​သော​ပညတ်​ချက်​တို့​ကို လူ​အပေါင်း​တို့​အား​ကြေညာ​ပြီးလျှင် ရေ​နှင့်​ရောနှော​သော နွားသငယ်​နှင့်​ဆိတ်​တို့​၏​သွေး​ကို​ယူ​၍ ထို​ကျမ်း​မှစ၍ လူ​အပေါင်း​တို့​ကို နီမြန်း​သော​သိုးမွေး​နှင့်​ဟုဿုပ်​ညွန့်​ဖြင့် ပက်ဖျန်း​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 9:19
26 ပူးပေါင်းရင်းမြစ်များ  

သူတို့​သည် ကိုယ်တော်​၏ အဝတ်တော်​ကို ချွတ်​၍ ဝတ်ရုံနီ​ကို ခြုံပေးကြ၏။


သူတို့​သည် ယေရှု​ကို ခရမ်းရောင်​ဝတ်ရုံ ခြုံပေးကြ၏။ ထို့နောက် ဆူးခက်​ဖြင့် ရက်ထားသော​သရဖူ​တစ်ခု​ကိုလည်း ဦးခေါင်းတော်​၌ ဆောင်းပေးကြ၏။


ထိုသို့ ပြက်ရယ်ပြုကြ​ပြီးနောက် ခရမ်းရောင်​ဝတ်ရုံ​ကို ချွတ်​၍ အဝတ်တော်​ကို ပြန်ဝတ်ပေးကြ၏။ ထို့နောက် လက်ဝါးကပ်တိုင်​ပေါ်တွင် သတ်​ရန် ခေါ်ဆောင်သွားကြ၏။


စစ်သားများ​သည် ဆူးခက်​ကို သရဖူ​အဖြစ် ရစ်ခွေ​ပြီး ယေရှု​၏ ဦးခေါင်းတော်​၌ ဆောင်းစေ​၍ ခရမ်းရောင်​ဝတ်ရုံ​ကိုလည်း ခြုံစေကြ၏။


ထိုအခါ ယေရှု​သည် ဆူးရစ်​သရဖူ​ကို ဆောင်း​၍ ခရမ်းရောင်​ဝတ်ရုံ​ကို ခြုံ​လျက် ထွက်ကြွလာ၏။ ပိလတ်မင်း​က “သူ့​ကို ကြည့်ကြလော့” ဟု ဆို၏။


ရှေး​ကာလ​၌ ဘုရားသခင်​သည် ကျွန်ုပ်တို့​၏ ဘိုးဘေးများ​ကို ပရောဖက်များ​မှတစ်ဆင့် အကြိမ်ကြိမ် နည်းလမ်း​အမျိုးမျိုး​ဖြင့် စကားပြောတော်မူ၏။


သို့ဖြစ်၍ ကျွန်ုပ်တို့​၏​စိတ်နှလုံးသား​ကို အပြစ်ရှိကြောင်း​ထင်မှတ်သော​အသိစိတ်​မှ ရှင်းလင်း​စေရန် ကိုယ်တော်​၏​အသွေးတော်​ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာ​ကိုလည်း သန့်စင်သော​ရေ​ဖြင့် ဆေးကြောခြင်းတို့​ကို ခံယူ​လျက် စစ်မှန်သော​စိတ်နှလုံး​နှင့် ယုံကြည်ခြင်း​ကြောင့် ဖြစ်တည်သော စိတ်ချမှု​အပြည့်​ဖြင့် ဘုရားသခင်​ထံ ချဉ်းကပ်ကြပါစို့။


အဘယ်ကြောင့်ဆိုသော် နွားထီး​နှင့် ဆိတ်တို့​၏ သွေး​သည် အပြစ်​ကို မဖယ်ရှားနိုင်​သောကြောင့်​ဖြစ်၏။


ပဋိညာဉ်​သစ်​၏ ကြားဝင်​စေ့စပ်သူ ယေရှု​ထံသို့​လည်းကောင်း၊ အာဗေလ​၏ သွေး​ထက် ပို၍ မြတ်သော​အရာ​ကို မိန့်ဆိုသည့် ပက်ဖျန်းထားသော​သွေးတော်​ထံသို့ လည်းကောင်း ရောက်ကြ၏။


ထို​အသန့်ရှင်းဆုံး​ဌာနတော်​သို့ ဝင်ရာ​တွင် ကိုယ်တော်​သည် ဆိတ်​နှင့် နွားသငယ်တို့​၏ အသွေး​ဖြင့် မဟုတ်ဘဲ မိမိ​ကိုယ်တိုင်​၏ အသွေးတော်​ဖြင့် တစ်ကြိမ်တည်း​နှင့် အပြီး​ပူဇော်​၍ ကျွန်ုပ်တို့​အား ထာဝရ​ရွေးနုတ်ခြင်း​အကျိုး​ကို ခံစားစေခဲ့၏။


လူတို့​၏ ခန္ဓာ​အပြင်ပန်း​ကို စင်ကြယ်​စေရန် ဆိတ်သွေး၊ နွားထီး​၏​သွေး​နှင့် နွားမတမ်း​၏​ပြာ​တို့​ကို ညစ်ညမ်းသော​သူတို့​အပေါ် ဖျန်း​ကြ၏။


ထို့ကြောင့် ပထမ​ပဋိညာဉ်​ကို တိရစ္ဆာန်တို့​၏ သွေး​နှင့်ပင် အတည်​ဖြစ်စေခဲ့၏။


ထို​သူတို့​မှာ ခမည်းတော်​ဘုရားသခင်​၏ ကြိုတင်​သိမြင်သော​ဉာဏ်တော်​အရ ဝိညာဉ်တော်​၏ သန့်ရှင်းစေခြင်း​အားဖြင့် ရွေးချယ်တော်မူခြင်း​ခံထားရသူများ​ဖြစ်ကြ၏။ ဤသို့​ရွေးချယ်တော်မူခြင်း​မှာ ယေရှု​ခရစ်တော်​ကို သင်တို့​နာခံ​စေရန်​နှင့် သင်တို့​ကို အသွေးတော်​ဖြင့် ပက်ဖျန်း​၍ စင်ကြယ်​စေရန်​ဖြစ်၏။ ဘုရားသခင်​၏ ကျေးဇူးတော်​နှင့် ငြိမ်းချမ်းခြင်း​ကို သင်တို့​ကြွယ်ဝ​စွာ ခံစားရပါစေသော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ