လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
လုကာ 17:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူသားကြွလာသောနေ့ရက်၌လည်း ထိုကဲ့သို့ပင် ဖြစ်လိမ့်မည်။ Common Language Bible လူသားပေါ်ထွန်းတော်မူသောနေ့၌လည်းဤ ကဲ့သို့ပင်ဖြစ်လိမ့်မည်။'' Garrad Bible လူ့ သား ပေါ် တော် မူ သည့် နေ့ တွင် ဖြစ် လိမ့် မည်။ Judson Bible လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း လူ့သားပေါ်ထွန်းသောနေ့ရက်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။ မြန်မာ လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။ |
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ထိုင်တော်မူစဉ် တပည့်တော်တို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍ “ထိုအရာများအားလုံးသည် မည်သည့်အချိန်၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်နှင့် ကမ္ဘာကုန်ဆုံးချိန်၌ မည်သည့်နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။
ရေလွှမ်းမိုး၍ သေကျေပျက်စီးသည့်အချိန်တိုင်အောင် သူတို့သည် သတိကင်းမဲ့လျက် နေကြ၏။ လူသားကြွလာသောအခါ၌လည်း ထိုနည်းတူ ဖြစ်လိမ့်မည်။
ယေရှုက “သင်ပြောသည့်အတိုင်း မှန်ပါ၏။ နောင်တွင် လူသားသည် တန်ခိုးရှင်၏လက်ယာတော်ဘက်၌ ထိုင်၍ ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို သင်တို့မြင်ကြရလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူ၏။
ထိုအခါ လူသားသည် ကြီးမားသည့်တန်ခိုးတော်နှင့် ဘုန်းတော်တို့ဖြင့် ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို လူတို့မြင်ကြရလိမ့်မည်။
လျှပ်စီးလက်သောအခါ မိုးကောင်းကင်တစ်ဖက်မှ အခြားတစ်ဖက်သို့ ထွန်းလင်းသကဲ့သို့ လူသားကြွလာသောနေ့ရက်၌လည်း ထိုသို့ဖြစ်လိမ့်မည်။
သို့သော် လောတသည် သောဒုံမြို့မှ ထွက်ခွာသည့် နေ့ရက်၌ ကောင်းကင်မှ ကန့်နှင့်ရောသောမိုးမီး ရွာကျသဖြင့် သူတို့အားလုံးသည် သေကျေပျက်စီးကြ၏။
အဘယ်ကြောင့်ဆိုသော် ဤနေ့ရက်များသည် ဘုရားသခင် ပြစ်ဒဏ်စီရင်သည့်နေ့ရက်များ ဖြစ်ပြီး ကျမ်းစာတွင်ရေးသားထားသော အရာများသည် ဖြစ်ပျက်လာရမည်ဖြစ်သောကြောင့်ပင်။
ထိုအခါ လူသားသည် ကြီးမားသည့်တန်ခိုးတော်နှင့် ဘုန်းတော်တို့ဖြင့် မိုးတိမ်စီးလျက်ကြွလာသည်ကို လူတို့မြင်ကြရလိမ့်မည်။
သင်တို့သည် ဝိညာဉ်ဆုကျေးဇူးတိုင်းကို ရရှိထားပြီး ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် ပြန်လည်ကြွလာမည်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြ၏။
ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော် ပြန်လည်ကြွလာတော်မူမည့်နေ့တွင် သင်တို့၌ အပြစ်ကင်းနေစေရန်အတွက် ကိုယ်တော်သည် သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
သင်တို့၏ အသက်ဖြစ်သော ခရစ်တော် ပြန်ကြွလာ၍ ထင်ရှားသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလိမ့်မည်။
ဆင်းရဲဒုက္ခရောက်နေသော သင်တို့နှင့်အတူ ကျွန်ုပ်တို့ကိုလည်း စိတ်သက်သာရာရစေတော်မူလိမ့်မည်။ သခင်ယေရှုသည် မီးလျှံကြားက တန်ခိုးကြီးသော ကောင်းကင်တမန်များခြံရံလျက် ကောင်းကင်ဘုံမှ ပေါ်ထွက်လာသောအခါ
ထို့ကြောင့် သင်တို့၏ စိတ်နှလုံးကို အသင့်ပြင်၍ တည်ကြည်စေကြလော့။ ယေရှုခရစ်တော် ပြန်လည်ကြွလာသောအခါ သင်တို့ခံစားရမည့် ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့်ကြလော့။
ဤဆင်းရဲဒုက္ခအမျိုးမျိုးကို ခံရခြင်းသည် သင်တို့၏ စစ်မှန်သည့် ယုံကြည်ခြင်းကို ဖော်ပြရန်ဖြစ်၏။ ပျက်စီးနိုင်သည့်ရွှေကိုပင်လျှင် မီးဖြင့် သန့်စင်၍စစ်ဆေးရ၏။ စစ်မှန်သည့်ယုံကြည်ခြင်းသည် ထိုရွှေထက် အဖိုးတန်၏။ သို့ဖြစ်၍ သင်တို့၏ ယုံကြည်ခြင်းစစ်မှန်လျှင် ယေရှုခရစ်တော် ကြွလာသောအချိန်တွင် သင်တို့သည် ချီးမွမ်းခံရလျက် ဘုန်းအသရေနှင့် ဂုဏ်အသရေကို ရရှိကြလိမ့်မည်။
ခရစ်တော်၏ ဆင်းရဲဒုက္ခကို မျှဝေခံစားကြရသည့်အတွက် ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်၏ ဘုန်းတော်ထင်ရှားသောအခါ သင်တို့အလွန်ဝမ်းမြောက်ရလိမ့်မည်။
သားသမီးတို့… ကိုယ်တော်ကြွလာတော်မူသောအခါ ကျွန်ုပ်တို့သည် ရှေ့တော်၌ ရှက်ကြောက်နေစရာမလိုဘဲ စိတ်ချယုံကြည်မှုရှိနိုင်ရန်အတွက် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းရှိကြလော့။
ချစ်ရသောသူတို့… ယခု ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အနာဂတ်တွင် မည်သို့ဖြစ်မည်ကို သေချာစွာ မသိရသေးပေ။ သို့သော် ခရစ်တော်ကြွလာသောအခါ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်း ဖူးမြင်ကြရမည်ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်တူကြလိမ့်မည်ကို သိကြ၏။
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့် ကြွလာတော်မူမည် ဖြစ်ပြီး ကိုယ်တော်ကို လှံနှင့် ထိုးဖောက်ခဲ့သူများအပါအဝင် လူတိုင်းက မြင်ကြရလိမ့်မည်။ ကမ္ဘာလောကရှိ လူမျိုးအပေါင်းတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ထိုအရာသည် အမှန်ပင်ဖြစ်၏။ အာမင်။