Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 1:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 သင်တို့​သည် ဝိညာဉ်​ဆုကျေးဇူး​တိုင်း​ကို ရရှိထား​ပြီး ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော် ပြန်လည်​ကြွလာမည်​ကို စိတ်အားထက်သန်​စွာ စောင့်မျှော်နေကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 သို့​ဖြစ်​၍​အ​ရှင်​ယေ​ရှု​ခ​ရစ်​ကြွ​လာ​တော်​မူ မည်​ကို​စောင့်​မျှော်​လျက်​နေ​စဉ် သင်​တို့​မ​ခံ​စား ကြ​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ​ဟူ​၍​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထို​ကြောင့်​သင်​တို့​သည် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ပေါ်​ထွန်း​တော်​မူ​ခြင်း​ကို မျှော်​လ​င့်၍​နေ​စဉ်၊ ဆု​တော် တစ်​စုံ​တစ်​ခု​မျှ မ​လျော့​ဘဲ စုံ​လင်​လျက်​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ထို့ကြောင့် သင်​တို့​သည် ဆု​ကျေးဇူး​တစ်စုံတစ်ခု​မျှ လစ်ဟင်း​နေ​သည်​ဟူ၍​မ​ရှိ​ဘဲ ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ပေါ်ထွန်း​တော်မူ​ခြင်း​ကို စောင့်မျှော်​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 1:7
25 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်​နိုင်ငံတော်​၏ သဘောသဘာဝ​သည် ဤ​အဖြစ်အပျက်​နှင့် တူ၏။ အပျိုရံ​ဆယ်ဦးတို့​သည် ဆီမီးခွက်များ​ကို ကိုင်ဆောင်​လျက် သတို့သား​အား ကြိုဆို​ရန် ထွက်သွားကြ၏။


မိမိ​သခင်​သည် မင်္ဂလာဆောင်​ပွဲ​မှ ပြန်လာ​၍ တံခါးခေါက်​လျှင် ချက်ချင်း​ဖွင့်ပေး​နိုင်ရန် အသင့်​စောင့်နေသော အစေခံ​ကဲ့သို့ ဖြစ်ကြလော့။


လူသား​ကြွလာသော​နေ့ရက်​၌​လည်း ထို​ကဲ့သို့​ပင် ဖြစ်​လိမ့်မည်။


ဘုရားသခင်​၏ သားသမီးများ​မှာ မည်သူတို့​ဖြစ်ကြောင်း ဖော်ပြတော်မူမည့်​နေ့ရက်​ကို ဖန်ဆင်းခံ​လောက​သည် အလွန်​တောင့်တ​မျှော်လင့်​လျက် ရှိ၏။


ဖန်ဆင်းခံ​လောက​သာ ညည်းတွား​နေသည်​မဟုတ်။ ဘုရားသခင်​၏ အဦးဆုံး​ဆုကျေးဇူး​ဖြစ်သည့် ဝိညာဉ်တော်​ကို ရရှိသော ကျွန်ုပ်တို့​သည်လည်း ခန္ဓာ​ရွေးနုတ်ခြင်း​ဟူသော သားသမီး​ဖြစ်ခွင့်​ကို စောင့်မျှော်​၍ ညည်းတွား​နေကြ၏။


ထို့ကြောင့် သခင်ဘုရား ပြန်လည်​ကြွလာတော်မမူ​မီ မည်သူ့​ကိုမျှ ကြိုတင်​၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်​၌ ဝှက်ထားသော​အရာများ​ကို ကိုယ်တော်​သည် အလင်း​သို့ ယူလာ​၍ ကျွန်ုပ်တို့​၏ အတွင်း​စိတ် အကြံအစည်များ​ကို ဖော်ထုတ်မည်​ဖြစ်​သောကြောင့်​ဖြစ်၏။ ထို့နောက်​တွင်မူ ဘုရားသခင်​သည် လူ​အသီးသီးတို့​ကို ချီးမွမ်းတော်မူ​လိမ့်မည်။


ကျွန်ုပ်​အား ငွေကြေး​ထောက်ပံ့ရသော ဝန်ထုပ်ဝန်ပိုး​ကို သင်တို့​အား မပေးခဲ့ခြင်း​မှလွဲ၍ သင်တို့​သည် အခြား​အသင်းတော်များ​ထက် ဂုဏ်ငယ်​စရာ​အကြောင်း​မရှိ။ ဤသို့ မမျှမတ​ပြုခဲ့သည့်​အတွက် ကျွန်ုပ်​ကို ခွင့်လွှတ်ကြပါလော့။


ကျွန်ုပ်တို့​မှာမူ ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​ကတိပြုတော်မူသော ဖြောင့်မတ်ခြင်း​ကို လက်ခံရရှိမည်​ဟု မျှော်လင့်​၍ ဝိညာဉ်တော်​ကို အမှီပြု​လျက် စောင့်မျှော်​နေကြ၏။


သို့သော် ကျွန်ုပ်တို့​သည် ကောင်းကင်​နိုင်ငံသားများ​ဖြစ်ကြပြီး ထို​ကောင်းကင်ဘုံ​မှ ကြွလာတော်မူမည့် ကယ်တင်ရှင် သခင်​ယေရှု​ခရစ်တော်​ကို စောင့်မျှော်နေကြ၏။


သင်တို့​၏ အသက်​ဖြစ်သော ခရစ်တော် ပြန်ကြွလာ​၍ ထင်ရှား​သောအခါ သင်တို့​သည်လည်း ကိုယ်တော်​နှင့်အတူ ဘုန်းကြီး​၍ ထင်ရှားကြ​လိမ့်မည်။


ထို့ပြင် ကောင်းကင်းဘုံ​မှ ကြွလာမည့် သားတော်​ကို သင်တို့​မည်သို့ မျှော်လင့်ကြောင်း​ကိုလည်း သူတို့​ပြောပြကြ၏။ ဘုရားသခင်​သည် ထို​သားတော်​ကို သေခြင်း​မှ ထမြောက်စေတော်မူ​ပြီး ထို​သားတော်​သည် ကျရောက်လာမည့်​ဘုရားသခင်​၏ အမျက်တော်​မှ ကျွန်ုပ်တို့​ကို ကယ်တင်တော်မူသော ယေရှု​ဖြစ်၏။


ဆင်းရဲ​ဒုက္ခရောက်​နေသော သင်တို့​နှင့်အတူ ကျွန်ုပ်တို့​ကိုလည်း စိတ်သက်သာရာ​ရစေတော်မူ​လိမ့်မည်။ သခင်​ယေရှု​သည် မီးလျှံ​ကြား​က တန်ခိုးကြီးသော ကောင်းကင်တမန်များ​ခြံရံ​လျက် ကောင်းကင်ဘုံ​မှ ပေါ်ထွက်လာ​သောအခါ


ယခု​မှစ၍ ဖြောင့်မတ်ခြင်း​ဆုသရဖူ​သည် ကျွန်ုပ်​အတွက် အသင့်​ရှိနေ၏။ ဖြောင့်မတ်​စွာ တရားစီရင်သူ​ဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်​နေ့တွင် ထို​ဆုသရဖူ​ကို ကျွန်ုပ်​အား ပေးတော်မူ​လိမ့်မည်။ ကျွန်ုပ်​တစ်ဦးတည်း​သာမက ကိုယ်တော်​၏​ပြန်လည်ကြွလာခြင်း​ကို တောင့်တသူ​အားလုံး​တို့​အားလည်း ပေးတော်မူ​လိမ့်မည်။


တစ်ချိန်တည်း​မှာပင် ကျွန်ုပ်တို့​သည် ကြီးမြတ်သည့်​ဘုရားသခင်​ဖြစ်တော်မူသော ကယ်တင်ရှင် ယေရှု​ခရစ်တော် ဘုန်းအသရေ​နှင့် ကြွလာမည့် မင်္ဂလာ​ရက်မြတ်​ကို စောင့်မျှော်နေကြ၏။


ခရစ်တော်​သည် လူ​များစွာတို့​၏ အပြစ်များ​ကို ဖြေလွှတ်​ရန် မိမိ​ကိုယ်ကိုယ် တစ်ကြိမ်တည်း​သာ ပူဇော်တော်မူ၏။ ထို့နောက် အပြစ်များ​ကို ဖယ်ရှား​ရန် မဟုတ်ဘဲ ကိုယ်တော်​ကို စောင့်မျှော်နေ​သူတို့​အား ကယ်တင်​ရန် ဒုတိယ​အကြိမ်​ပေါ်ထွန်းတော်မူ​လိမ့်မည်။


ထို့ကြောင့် သင်တို့​၏ စိတ်နှလုံး​ကို အသင့်ပြင်​၍ တည်ကြည်​စေကြလော့။ ယေရှု​ခရစ်တော် ပြန်လည်​ကြွလာ​သောအခါ သင်တို့​ခံစားရမည့် ကျေးဇူးတော်​ကို အပြည့်အဝ​မျှော်လင့်ကြလော့။


ခရစ်တော်​၏ ဆင်းရဲဒုက္ခ​ကို မျှဝေ​ခံစားကြရသည့်​အတွက် ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်​၏ ဘုန်းတော်​ထင်ရှား​သောအခါ သင်တို့​အလွန်​ဝမ်းမြောက်ရ​လိမ့်မည်။


သို့ပြုလျှင် သိုးထိန်းကြီး​ပေါ်ထွန်းတော်မူ​သောအခါ မမှေးမှိန်သော​ဘုန်းအသရေ​ရှိသည့် ဆုသရဖူ​ကို သင်တို့​ရရှိကြ​လိမ့်မည်။


ဘုရားသခင်​၏ နေ့ရက်​ကို စောင့်မျှော်​၍ ထို​နေ့ရက်​ကို အလျင်အမြန်​လာစေ​သင့်၏။ ထို​နေ့​၌ ကောင်းကင်​သည် မီးလောင်ကျွမ်း​၍ ပျက်ပြယ်သွား​လိမ့်မည်။ လောကဓာတ်တို့​သည်လည်း ပြင်းထန်သော အပူရှိန်​၌ အရည်ပျော်​သွား​လိမ့်မည်။


ချစ်ရသော​သူတို့… ယခု ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြပြီး အနာဂတ်​တွင် မည်သို့​ဖြစ်မည်​ကို သေချာ​စွာ မသိရသေးပေ။ သို့သော် ခရစ်တော်​ကြွလာ​သောအခါ ကိုယ်တော်​ဖြစ်တော်မူသည်​အတိုင်း ဖူးမြင်ကြရမည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် ကိုယ်တော်​နှင့်​တူကြ​လိမ့်မည်​ကို သိကြ၏။


ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​ကို ဆက်လက်​ခံစား​၍ ထာဝရ​အသက်​ကို ရရှိစေမည့် ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကရုဏာတော်​ကို စောင့်မျှော်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ