Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 17:31 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 ထို​နေ့​တွင် လသာဆောင်​ပေါ်တွင်​ရှိသော​သူ​သည် မိမိ​အိမ်​ထဲမှ ပစ္စည်းများ​ကို မယူဘဲ အောက်​သို့ ဆင်း​၍ ထွက်ပြေး​ရမည်။ လယ်​၌ ရှိသော​သူ​သည်လည်း အိမ်​သို့​မပြန်ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 ``ထို​နေ့​ရက်​၌​အိမ်​မိုး​ပေါ်​တွင်​ရှိ​သော​သူ​သည် မိ​မိ​အိမ်​ထဲ​မှာ​ရှိ​သည့်​ဥစ္စာ​ပစ္စည်း​ကို​ယူ​ရန် မ​ဆင်း​စေ​နှင့်။ ထို​နည်း​တူ​လယ်​ကွင်း​သို့​ရောက် နေ​သူ​သည်​လည်း​အိမ်​ကို​မ​ပြန်​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 ထို နေ့၌ အိမ် မိုး ပေါ် တွင် ရှိ နေ သူ သည် အိမ် တွင်း ရှိ ပ စ္စည်း ကို ယူ ရန် ဆင်း သက် ခြင်း၊ လယ် တွင် ရှိ နေ သူ သည် ပြန် ခြင်း ကို မ ပြု စေ လင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ထို​နေ့​ရက်၌ အိမ်​မိုး​ပေါ်​မှာ​ရှိ​သော​သူ​သည် မိ​မိ အိမ်​ထဲ​မှာ​ရှိ​သော​ဥ​စ္စာ​ကို ယူ​ခြင်း​ငှာ မ​ဆင်း​စေ​နှင့်။ ထို​အ​တူ၊ လယ်၌​ရှိ​သော​သူ​သည် နောက်​သို့​လှည့်၍ မ​ပြန်​လာ​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ထို​နေ့ရက်​၌ လေသာဆောင်​ပေါ်တွင်​ရှိ​သော​သူ​သည် အိမ်​ထဲ၌ မိမိ​ဥစ္စာ​ပစ္စည်း​များ​ရှိ​လျှင် ၎င်း​တို့​ကို​ယူ​ရန် အောက်သို့​မ​ဆင်း​စေ​နှင့်။ ထိုနည်းတူ လယ်​၌​ရှိ​သော​သူ​သည်​လည်း နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

31 ထို​နေ့​ရက်၌ အိမ်​မိုး​ပေါ်​မှာ​ရှိ​သော​သူ​သည် မိ​မိ အိမ်​ထဲ​မှာ​ရှိ​သော​ဥ​စ္စာ​ကို ယူ​ခြင်း​ငှာ မ​ဆင်း​စေ​နှင့်။ ထို​အ​တူ၊ လယ်၌​ရှိ​သော​သူ​သည် နောက်​သို့​လှည့်၍ မ​ပြန်​လာ​စေ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 17:31
8 ပူးပေါင်းရင်းမြစ်များ  

လူ​သည် ကမ္ဘာလောက​တစ်ခုလုံး​ကို ပိုင်ဆိုင်ရ​သော်လည်း မိမိ​အသက်​ကို ဆုံးရှုံး​လျှင် မည်သည့်​အကျိုး ရှိမည်နည်း။ မိမိ​အသက်ဝိညာဉ်​ကို မည်သည့်​အရာ​နှင့် လဲလှယ်​နိုင်မည်နည်း။


ထို့ကြောင့် သင်တို့​အား ငါ​ပြောဆိုသည်​မှာ သင်တို့​အသက်ရှင်​ရန်အတွက် မည်သည့်​အရာ​စားသောက်ရမည်​ကို​လည်းကောင်း၊ သင်တို့​ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ဝတ်ရမည်​ကို​လည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်​သည် အစာ​ထက်​မြတ်သည် မဟုတ်လော။ ကိုယ်​ခန္ဓာ​သည် အဝတ်​ထက်​မြတ်သည် မဟုတ်လော။


ထိုအခါ ယုဒပြည်​တွင်​ရှိသော​သူတို့​သည် တောင်များ​ပေါ်သို့ ပြေးကြ​ရမည်။ မြို့တွင်း​၌​ရှိသော​သူများ​သည် မြို့ထဲ​မှ ထွက်ခွာကြ​ရမည်။ မြို့ပြင်​တွင်​ရှိသော​သူတို့​အား မြို့​ထဲသို့ မဝင်ကြစေနှင့်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ