Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 24:39 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

39 ရေလွှမ်းမိုး​၍ သေကျေ​ပျက်စီးသည့်​အချိန်​တိုင်အောင် သူတို့​သည် သတိကင်းမဲ့​လျက် နေကြ၏။ လူသား​ကြွလာသော​အခါ​၌လည်း ထို​နည်းတူ ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

39 သူ​တို့​သည်​ရေ​လွှမ်း​မိုး​၍​သေ​ကြေ​ပျက်​စီး​ကြ သည့်​အ​ချိန်​တိုင်​အောင်​သ​တိ​မဲ့​လျက်​နေ​ကြ​၏။ လူ​သား​ကြွ​လာ​တော်​မူ​ချိန်​၌​လည်း​ထို​နည်း​တူ ဖြစ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

39 ဘေး ရောက်၍ အ ကုန် မ ပါ မ သွား မီ အ လျှင်း သ တိ မ ရ ကြ သည့် နည်း တူ လူ့ သား ကြွ လာ ခြင်း ဖြစ် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

39 ရေ​လွှမ်း​မိုး​ခြင်း​ရောက်​သ​ဖြင့် လူ​ခပ်​သိမ်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​သည် တိုင်​အောင် သ​တိ​မဲ့​နေ​ကြ​သည် နည်း​တူ၊ လူ​သား​ကြွ​လာ​သော​အ​ခါ၌ ဖြစ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

39 ရေ​လွှမ်းမိုး​ခြင်း​ရောက်လာ​ပြီး သူတို့​အားလုံး​ကို ဖယ်ရှား​သုတ်သင်​သည့်​တိုင်အောင် သတိ​ကင်းမဲ့​လျက်​နေ​ကြ​၏။ လူ့သား​ကြွလာ​သောအခါ​၌​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

39 ရေ​လွှမ်း​မိုး​ခြင်း​ရောက်​သ​ဖြင့် လူ​ခပ်​သိမ်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​သည် တိုင်​အောင် သ​တိ​မဲ့​နေ​ကြ​သည် နည်း​တူ၊ လူ​သား​ကြွ​လာ​သော​အ​ခါ၌ ဖြစ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 24:39
18 ပူးပေါင်းရင်းမြစ်များ  

လူသား​သည် ခမည်းတော်​၏ ဘုန်းတော်​ကို​ဆောင်​၍ ကောင်းကင်တမန်များ ခြံရံ​လျက် ကြွလာ​လိမ့်မည်။ လူ​အပေါင်းတို့​အား သူတို့​ပြုခဲ့သည့်​အကျင့်​အတိုင်း ဆပ်ပေးတော်မူ​လိမ့်မည်။


ထို့နောက် ယေရှု​သည် သံလွင်တောင်​ပေါ်​၌ ထိုင်တော်မူ​စဉ် တပည့်တော်တို့​သည် အခြားသူများ​မပါဘဲ ယေရှု​ထံတော်သို့ ချဉ်းကပ်​၍ “ထို​အရာများ​အားလုံး​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်​နှင့် ကမ္ဘာ​ကုန်ဆုံးချိန်​၌ မည်သည့်​နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့​အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။


ထို​အရာများ​ပြီးမှ နောက်ဆုံး​တွင် လူသား​ကြွလာ​မည့် နိမိတ်​လက္ခဏာ​သည် ကောင်းကင်​၌ ပေါ်လာ​လိမ့်မည်။ ကမ္ဘာ​ပေါ်ရှိ လူမျိုး​အပေါင်းတို့​သည်လည်း ငိုကြွေး​မြည်တမ်းကြ​လိမ့်မည်။ ထိုအခါ လူသား​သည် ကြီးမားသည့်​တန်ခိုးတော်​နှင့် ဘုန်းတော်​တို့​ဖြင့် ကောင်းကင်​မှ မိုးတိမ်​စီး​လျက် ကြွလာသည်​ကို လူတို့​မြင်ကြရ​လိမ့်မည်။


လူသား​သည် ပြန်ကြွလာ​သောအခါ နောဧ လက်ထက်​၌ ဖြစ်ပျက်​သကဲ့သို့ ဖြစ်ပျက်​လိမ့်မည်။


ထိုအခါ လယ်​ထဲတွင် လုပ်သား​နှစ်ဦး​ရှိသည့်​အနက် တစ်ဦး​သည် ခေါ်ဆောင်သွားခြင်း​ခံရ​၍ တစ်ဦး​သည် ကျန်ရစ်ခဲ့​လိမ့်မည်။


သင်​နှင့် သင်​၏​သားသမီးများ​ကို မြေ​ပေါ်တွင် ဖိကြိတ်ကြ​လိမ့်မည်။ ကျောက်​တစ်ချပ်​အပေါ်တွင် တစ်ချပ်​မျှ တင်ကျန်​လိမ့်မည်​မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်​သည် ဘုရားသခင် ကြည့်ရှု​စီရင်တော်မူသော​နေ့​ကို မသိမမှတ်​သောကြောင့်​ဖြစ်သည်” ဟု မိန့်တော်မူ၏။


အကျင့်ဆိုးတို့​ကို ကျင့်သောသူတို့​သည် အလင်း​ကို မုန်းကြ၏။ မိမိတို့​၏ အကျင့်ဆိုးများ ပေါ်လာမည်​ကို စိုး​သောကြောင့် အလင်း​သို့ မချဉ်းကပ်ကြ။


‘အို မထီမဲ့မြင်ပြုသော​သူတို့… ကြည့်ရှု​အံ့ဩ​၍ ပျက်စီးရာ​သို့​ရောက်ကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့​ခေတ်ကာလ​တွင် ငါ​သည် အမှု​တစ်ခု​ပြုမည်​ဖြစ်​သောကြောင့်​ပင်။ တစ်စုံတစ်ယောက်​က ထို​အမှု​ကို သင်တို့​အား ပြောပြ​လျှင်​လည်း လုံးဝ​ယုံကြည်ကြမည်​မဟုတ်’ ဟူ၍ ဖြစ်သည်” ဟု ဟောပြောလေ၏။


ထို့ပြင် ဘုရားသခင်​ကို အသိအမှတ်​ပြုခြင်း​သည် မိုက်မဲသည်​ဟု သူတို့​ထင်မှတ်​သောကြောင့် ဘုရားသခင်​သည် သူတို့​ကို ပညာမဲ့​စွာ​တွေးခေါ်ခြင်း​လက်သို့ အပ်လိုက်တော်မူ၏။ ထို့ကြောင့် သူတို့​သည် မပြုအပ်သော​အမှုတို့​ကို ပြုကြ၏။


သို့သော် ဘုရားသခင်​သည် နှုတ်ကပတ်တော်​အားဖြင့် ကောင်းကင်​ကို ရှေးယခင်​ကပင် တည်ရှိစေပြီး ရေ​ဖြင့် မြေကြီး​ကို ရေ​ထဲမှ ပေါ်ထွက်စေကြောင်း သူတို့ တမင်​မေ့လျော့ထားကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ