ညချမ်းအချိန်ရောက်သောအခါ စပျစ်ခြံပိုင်ရှင်သည် သူ၏စီမံခန့်ခွဲရေးမှူးအား ‘လုပ်သားများကို ခေါ်ကာ နောက်ဆုံးအလုပ်ဝင်သူမှစ၍ အဦးဆုံးအလုပ်ဝင်သူအထိ လုပ်အားခကိုပေးလော့’ ဟု ဆို၏။
လုကာ 16:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် တပည့်တော်တို့အား “တစ်ခါက သူဌေးတစ်ဦးတွင် စီမံခန့်ခွဲသူတစ်ဦးရှိ၏။ ထိုသူသည် သူဌေး၏ဥစ္စာပစ္စည်းများကို ဖြုန်းတီးလျက် နေကြောင်းကို အခြားသူများက သူဌေးအား တိုင်ကြားကြ၏။ Common Language Bible တစ်ဖန်ကိုယ်တော်ကတပည့်တော်တို့အား ``အ ခါတစ်ပါး၌သူဌေးတစ်ယောက်မှာမန်နေဂျာ တစ်ဦးရှိ၏။ ထိုသူသည်သူဌေး၏ဥစ္စာပစ္စည်း များကိုဖြုန်းတီးလျက်နေကြောင်းကို လူတို့က သူဌေးအားတိုင်တန်းကြ၏။- Garrad Bible တ ပည့် တော် တို့ အား လည်း ကိုယ် တော် က သူ ဌေး တစ် ဦး၌ ရှိ သော ဘ ဏ္ဍာ စိုး သည် သ ခင့် ဥ စ္စာ များ ကို အ လွဲ သုံး စား သည် ဟု စွဲ ဆို ချက် ရှိ သော ကြောင့်၊ Judson Bible တပည့်တော်တို့အား တစ်ဖန် မိန့်တော်မူသည်ကား၊ ငွေရတတ်သောသူတစ်ယောက်၌ ဘဏ္ဍာစိုးရှိ၏။ ထိုဘဏ္ဍာစိုးသည် သခင်၏ဥစ္စာများကို ဖျက်ဆီးသည်အကြောင်းကို သူတစ်ပါးတို့သည် သခင်ရှေ့၌ အပြစ်တင်ကြသော်၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မြွက်ဆိုတော်မူသည်မှာ“သူဌေးတစ်ဦးတွင် ဘဏ္ဍာစိုးတစ်ယောက်ရှိ၏။ ထိုဘဏ္ဍာစိုးသည် သူဌေး၏ဥစ္စာပစ္စည်းများကိုဖြုန်းတီးနေကြောင်း တိုင်ကြားသူရှိသဖြင့် မြန်မာ တပည့်တော်တို့အား တစ်ဖန် မိန့်တော်မူသည်ကား၊ ငွေရတတ်သောသူတစ်ယောက်၌ ဘဏ္ဍာစိုးရှိ၏။ ထိုဘဏ္ဍာစိုးသည် သခင်၏ဥစ္စာများကို ဖျက်ဆီးသည်အကြောင်းကို သူတစ်ပါးတို့သည် သခင်ရှေ့၌ အပြစ်တင်ကြသော်၊- |
ညချမ်းအချိန်ရောက်သောအခါ စပျစ်ခြံပိုင်ရှင်သည် သူ၏စီမံခန့်ခွဲရေးမှူးအား ‘လုပ်သားများကို ခေါ်ကာ နောက်ဆုံးအလုပ်ဝင်သူမှစ၍ အဦးဆုံးအလုပ်ဝင်သူအထိ လုပ်အားခကိုပေးလော့’ ဟု ဆို၏။
ထိုအခါ သခင်ဘုရားက “သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောစီမံခန့်ခွဲသူသည် မည်သူနည်း။ ထိုသူသည် အစေခံများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူဖြစ်၏။
ရက်အနည်းငယ်ကြာသော် သားငယ်သည် မိမိပိုင်ဆိုင်သမျှကို ထုပ်ပိုးကာ ဝေးသောတိုင်းပြည်သို့ ထွက်သွား၏။ ထိုပြည်သို့ ရောက်သောအခါ သူသည် ပျော်ပါးသောက်စား၍ အသက်ရှင်လျက် ယူဆောင်လာသမျှ စည်းစိမ်များကို ဖြုန်းတီးလေ၏။
သို့သော် အဖေ့ထံမှ ဥစ္စာများကို ယူလျက် မိန်းမရွှင်များနှင့် ပျော်ပါးဖြုန်းတီးပြီးမှ ပြန်လာသောသားငယ်အတွက် ဆူဖြိုးသောနွားကလေးကို သတ်ပေးပါပြီ’ ဟု ပြောလေ၏။
တစ်ခါက သူဌေးတစ်ဦးရှိ၏။ သူသည် အဖိုးတန် ခရမ်းရောင်ပိတ်ချောအဝတ်ကို ဝတ်ဆင်ကာ စည်းစိမ်ခံစား၍ နေ့တိုင်း ပျော်ပါးလျက်နေ၏။
ထိုအခါ သူဌေးသည် သူ့ကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည်မှာ မည်သို့နည်း။ သင်မှတ်ထားသော ငွေစာရင်းများကို ငါ့အားပေးလော့။ သင့်ကို စီမံခန့်ခွဲသူနေရာတွင် ဆက်၍ ခန့်ထားနိုင်တော့မည်မဟုတ်’ ဟု ပြောလေ၏။
အခြားသောအစေခံသည်လာ၍ ‘သခင်… သခင်၏ငွေတစ်ပိဿာကို ကြည့်တော်မူပါ။ သခင်သည် ခက်ထန်သောသူဖြစ်၍ ကိုယ်ရင်းနှီးမြုပ်နှံမထားသောအရာကို သိမ်းယူတတ်ပြီး ကိုယ်မစိုက်သောအရာကိုလည်း ရိတ်သိမ်းတတ်သောကြောင့် သခင့်ကို အကျွန်ုပ်ကြောက်ရွံ့၍ ဤပဝါထဲ၌ သိမ်းထားပါ၏’ ဟု လျှောက်လေ၏။
ဟေရုဒ်၏အိမ်တော်ထိန်းခုဇ၏ဇနီး ယောဟန္နနှင့် ရှုရှန္နအပါအဝင် ယေရှုနှင့် တပည့်တော်တို့အား မိမိတို့ဥစ္စာများဖြင့် ကူညီထောက်ပံ့သော အခြားအမျိုးသမီးများလည်း ပါကြ၏။
သင်းအုပ်သည် ဘုရားသခင်၏ အမှုတော်တွင် စီမံခန့်ခွဲသူဖြစ်၏။ ထို့ကြောင့် သူသည် အပြစ်ကင်းသူဖြစ်ရမည်။ သူသည် ထင်ရာစိုင်းသူ၊ စိတ်တိုလွယ်သူ၊ သောက်စားမူးယစ်သူ၊ ရန်လိုသူ၊ မသမာနည်းဖြင့် ငွေရှာသူ မဖြစ်ရ။
တောင်းလျှောက်သောအခါ၌လည်း အပျော်အပါးလိုက်စားနိုင်ရန်အတွက် လွဲမှားစွာ တောင်းလျှောက်သောကြောင့် မရကြ။
သင်တို့တစ်ဦးစီသည် ဘုရားသခင်ထံမှ ဆုကျေးဇူးအသီးသီးကို လက်ခံရရှိကြ၏။ စီမံခန့်ခွဲသူကောင်းအဖြစ် ထိုဆုကျေးဇူးတို့ကို အသုံးပြု၍ အချင်းချင်း ကူညီဆောင်ရွက်ကြလော့။