Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 16:1 - Common Language Bible

1 တစ်​ဖန်​ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``အ ခါ​တစ်​ပါး​၌​သူ​ဌေး​တစ်​ယောက်​မှာ​မန်​နေ​ဂျာ တစ်​ဦး​ရှိ​၏။ ထို​သူ​သည်​သူ​ဌေး​၏​ဥစ္စာ​ပစ္စည်း များ​ကို​ဖြုန်း​တီး​လျက်​နေ​ကြောင်း​ကို လူ​တို့​က သူ​ဌေး​အား​တိုင်​တန်း​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 တ ပည့် တော် တို့ အား လည်း ကိုယ် တော် က သူ ဌေး တစ် ဦး၌ ရှိ သော ဘ ဏ္ဍာ စိုး သည် သ ခင့် ဥ စ္စာ များ ကို အ လွဲ သုံး စား သည် ဟု စွဲ ဆို ချက် ရှိ သော ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 တ​ပည့်​တော်​တို့​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငွေ​ရ​တတ်​သော​သူ​တစ်​ယောက်၌ ဘ​ဏ္ဍာ​စိုး​ရှိ၏။ ထို​ဘ​ဏ္ဍာ​စိုး​သည် သ​ခင်၏​ဥ​စ္စာ​များ​ကို ဖျက်​ဆီး​သည်​အ​ကြောင်း​ကို သူ​တစ်​ပါး​တို့​သည် သ​ခင်​ရှေ့၌ အ​ပြစ်​တင်​ကြ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​အား မြွက်ဆို​တော်မူ​သည်မှာ“သူဌေး​တစ်​ဦး​တွင် ဘဏ္ဍာစိုး​တစ်​ယောက်​ရှိ​၏။ ထို​ဘဏ္ဍာစိုး​သည် သူဌေး​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ဖြုန်းတီး​နေ​ကြောင်း တိုင်ကြား​သူ​ရှိ​သဖြင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ယေရှု​သည် တပည့်တော်တို့​အား “တစ်ခါက သူဌေး​တစ်ဦး​တွင် စီမံခန့်ခွဲသူ​တစ်ဦး​ရှိ၏။ ထို​သူ​သည် သူဌေး​၏​ဥစ္စာပစ္စည်းများ​ကို ဖြုန်းတီး​လျက် နေကြောင်း​ကို အခြား​သူများ​က သူဌေး​အား တိုင်ကြားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

1 တ​ပည့်​တော်​တို့​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငွေ​ရ​တတ်​သော​သူ​တစ်​ယောက်၌ ဘ​ဏ္ဍာ​စိုး​ရှိ၏။ ထို​ဘ​ဏ္ဍာ​စိုး​သည် သ​ခင်၏​ဥ​စ္စာ​များ​ကို ဖျက်​ဆီး​သည်​အ​ကြောင်း​ကို သူ​တစ်​ပါး​တို့​သည် သ​ခင်​ရှေ့၌ အ​ပြစ်​တင်​ကြ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 16:1
19 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​အား​လုံး​ပင်​လျှင်​ဝိ​ညာဉ်​ဆု​ကျေး​ဇူး တစ်​ပါး​ပါး​ကို​ခံ​ယူ​ရ​ရှိ​ကြ​၏။ သင်​တို့​သည် ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​တော်​အ​မျိုး​မျိုး ကို​ထိန်း​သိမ်း​စောင့်​ရှောက်​ရ​သူ​များ​အ​နေ​ဖြင့် မိ​မိ​တို့​ခံ​ယူ​ရ​ရှိ​သည့်​ဆု​ကျေး​ဇူး​တော်​ကို အ​ချင်း​ချင်း​တို့​၏​အ​ကျိုး​အ​တွက်​အ​သုံး ပြု​ကြ​လော့။-


သ​ခင်​ဘု​ရား​က ``သစ္စာ​ရှိ​၍​လိမ္မာ​သော​အ​စေ​ခံ ကား အ​ဘယ်​သူ​နည်း။ အိမ်​ရှင်​သည်​အ​စေ​ခံ​များ ကို​အုပ်​ချုပ်​ရန်​နှင့်​အ​ချိန်​တန်​လျှင် ရိက္ခာ​များ ထုတ်​ပေး​ရန်​အ​စေ​ခံ​တစ်​ယောက်​ကို​ခန့်​ထား သည်​ဆို​အံ့။-


သင်​တို့​တောင်း​လျှောက်​၍​မ​ရ​ခြင်း​မှာ​ရည်​ရွယ် ချက်​လွဲ​မှား​လျက်​မိ​မိ​တို့​စည်း​စိမ်​ခံ​စား​မှု အ​တွက်​သာ​လျှင်​တောင်း​လျှောက်​တတ်​ကြ​သော ကြောင့်​ဖြစ်​၏။-


အ​သင်း​တော်​ကို​ခေါင်း​ဆောင်​သူ​သည်​ဘု​ရား သ​ခင်​၏​အ​မှု​တော်​ကို​တာ​ဝန်​ယူ​၍ ဆောင်​ရွက် ရ​သူ​ဖြစ်​သ​ဖြင့်​အ​ပြစ်​ဆို​စ​ရာ​မ​ရှိ​သူ ဖြစ်​ရ​မည်။ သူ​သည်​မောက်​မာ​သူ၊ စိတ်​တို​သူ မ​ဖြစ်​စေ​ရ။ သေ​သောက်​ကြူး​သူ၊ ကြမ်း​တမ်း သူ၊ ငွေ​ကို​မက်​မော​သူ​မ​ဖြစ်​စေ​ရ။-


အ​ဖ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ပြည့်​တန်​ဆာ​များ နှင့်​ပျော်​ပါး​ဖြုန်း​တီး​ပစ်​သည့်​သား​ပြန်​လာ သော​အ​ခါ​၌​မူ သူ့​အ​တွက်​ဆူ​ဖြိုး​အောင် ကျွေး​ထား​သော​နွား​က​လေး​ကို​သတ်​ပါ သည်​တ​ကား' ဟု​ဆို​၏။-


ထို​နောက်​ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ သား ငယ်​သည်​မိ​မိ​၏​ဥစ္စာ​ပစ္စည်း​အား​လုံး​ရောင်း​ချ ၍​ရ​သော​ငွေ​ကို​ယူ​ပြီး​လျှင် ဝေး​လံ​ရပ်​ခြား တိုင်း​တစ်​ပါး​သို့​ထွက်​သွား​၏။ သူ​သည်​ထို​ပြည် တွင်​အ​ပျော်​အ​ပါး​လိုက်​စား​ကာ မိ​မိ​၏​ငွေ​ကို ဖြုန်း​တီး​ပစ်​၏။-


အ​ခြား​သော​အ​စေ​ခံ​သည်​လာ​၍ `အ​ရှင်၊ အ​ရှင် ပေး​ခဲ့​သည့်​ရွှေ​ဒင်္ဂါး​ဤ​မှာ​ရှိ​ပါ​၏။ ထို​ငွေ​ကို အ​ကျွန်ုပ်​သည်​အ​ဝတ်​ဖြင့်​ထုပ်​၍​သိမ်း​ဆည်း ထား​ပါ​၏။-


အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။


``အ​ခါ​တစ်​ပါး​၌​သူ​ဌေး​တစ်​ဦး​ရှိ​၏။ သူ​သည် နေ့​စဉ်​ကမ္ဗ​လာ​နီ​နှင့်​ပိတ်​ချော​ထည်​များ​ကို ဝတ်​ဆင်​လျက်​စည်း​စိမ်​ခံ​စား​လျက်​နေ​၏။-


ဟေ​ရုဒ်​မင်း​၏​အိမ်​ထောင်​အုပ်​ချုပ်​ရေး​မှူး​ခု​ဇ​၏ ဇ​နီး​ယော​ဟန္န၊ ရှု​ရှန္န​နှင့်​အ​ခြား​အ​မျိုး​သ​မီး များ​ပါ​၏။ ဤ​အ​မျိုး​သမီး​များ​သည်​မိ​မိ​တို့ စ​ရိတ်​ဖြင့်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​အား လုပ်​ကျွေး​သ​မှု​ပြု​ကြ​၏။


သူ​သည်​ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​ရာ​၌ ပူ​ဇော်​ဆက်​သ​သော​ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ ရွှေ​နှင့်​ငွေ​တို့​ကို​ငါ့​ထံ​မှ​ရ​ရှိ သည်​ဟု​သူ​မ​သိ။-


ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ရာ​ရှိ အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး​စေ တော်​မူ​၏။ လူ​မျိုး​နွယ်​တို့​ကို​အုပ်​ချုပ်​ရ​သူ အ​ရာ​ရှိ​အ​ပေါင်း​နှင့် နိုင်​ငံ​အုပ်​ချုပ်​မှု​တာ​ဝန် ကို​ထမ်း​ဆောင်​ရ​သူ​အ​ရာ​ရှိ​အ​ပေါင်း​သည် လည်း​ကောင်း၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ဘု​ရင်​နှင့်​သား​တော်​များ​၏​ဥစ္စာ​ပစ္စည်း၊ မြည်း၊ နွား​အ​စ​ရှိ​သော​တိရစ္ဆာန်​များ​ကို​ကြီး​ကြပ် ထိန်း​သိမ်း​ရ​ကြ​သူ​တို့​သည်​လည်း​ကောင်း စု​ရုံး​ကြ​၏။ တစ်​နည်း​အား​ဖြင့်​နန်း​တော် အ​ရာ​ရှိ​များ၊ ထင်​ရှား​သော​စစ်​သူ​ရဲ​ကြီး များ​နှင့်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ရှိ သ​မျှ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး ကြ​ကုန်​၏။


သို့​ဖြစ်​၍​သူ​တို့​သည်​အိမ်​တံ​ခါး​ဝ​သို့ ရောက်​သော​အ​ခါ ယော​သပ်​၏​အိမ်​တော်​ဝန်​အား၊-


သို့​ရာ​တွင်​အာ​ဗြံ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​ကျွန်ုပ်​တွင်​သား​မ​ထွန်း​ကား​သ​ဖြင့် ကိုယ် တော်​၏​ဆု​ကို​အ​ဘယ်​သို့​ခံ​စား​ရ​ပါ​မည်​နည်း။ ဒ​မာ​သက်​မြို့​သား​ဧ​လျာ​ဇာ​သည်​သာ​လျှင် အ​ကျွန်ုပ်​၏​အ​မွေ​ခံ​ဖြစ်​ပါ​၏။-


``ည​ချမ်း​အ​ချိန်​ကျ​သော​အ​ခါ​ဥ​ယျာဉ်​ရှင်​သည် မိ​မိ​၏​စီ​မံ​ခန့်​ခွဲ​ရေး​မှူး​အား `အ​လုပ်​သ​မား​များ ကို​ခေါ်​လော့။ နောက်​ဆုံး​အ​လုပ်​ဝင်​သူ​များ​မှ​အ​စ​ပြု ၍​ပ​ထ​မ​ဆုံး​အ​လုပ်​ဝင်​သူ​များ​တိုင်​အောင်​လုပ် အား​ခ​များ​ကို​ပေး​လော့' ဟု​ဆို​၏။-


သူ​ဌေး​သည်​သူ့​ကို​ခေါ်​၍ `သင့်​အ​ကြောင်း​ငါ​ကြား ရ​သည်​မှာ​အ​သို့​နည်း။ သင်​၏​လုပ်​ငန်း​နှင့်​ဆိုင်​သော ငွေ​စာ​ရင်း​များ​ကို​တင်​ပြ​လော့။ သင်​သည်​ဆက်​၍ ငါ​၏​မန်​နေ​ဂျာ​လုပ်​ရ​တော့​မည်​မ​ဟုတ်' ဟု​ဆို​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ