Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 16:1 - မြန်မာ

1 တ​ပည့်​တော်​တို့​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငွေ​ရ​တတ်​သော​သူ​တစ်​ယောက်၌ ဘ​ဏ္ဍာ​စိုး​ရှိ၏။ ထို​ဘ​ဏ္ဍာ​စိုး​သည် သ​ခင်၏​ဥ​စ္စာ​များ​ကို ဖျက်​ဆီး​သည်​အ​ကြောင်း​ကို သူ​တစ်​ပါး​တို့​သည် သ​ခင်​ရှေ့၌ အ​ပြစ်​တင်​ကြ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 တစ်​ဖန်​ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``အ ခါ​တစ်​ပါး​၌​သူ​ဌေး​တစ်​ယောက်​မှာ​မန်​နေ​ဂျာ တစ်​ဦး​ရှိ​၏။ ထို​သူ​သည်​သူ​ဌေး​၏​ဥစ္စာ​ပစ္စည်း များ​ကို​ဖြုန်း​တီး​လျက်​နေ​ကြောင်း​ကို လူ​တို့​က သူ​ဌေး​အား​တိုင်​တန်း​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 တ ပည့် တော် တို့ အား လည်း ကိုယ် တော် က သူ ဌေး တစ် ဦး၌ ရှိ သော ဘ ဏ္ဍာ စိုး သည် သ ခင့် ဥ စ္စာ များ ကို အ လွဲ သုံး စား သည် ဟု စွဲ ဆို ချက် ရှိ သော ကြောင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 တ​ပည့်​တော်​တို့​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငွေ​ရ​တတ်​သော​သူ​တစ်​ယောက်၌ ဘ​ဏ္ဍာ​စိုး​ရှိ၏။ ထို​ဘ​ဏ္ဍာ​စိုး​သည် သ​ခင်၏​ဥ​စ္စာ​များ​ကို ဖျက်​ဆီး​သည်​အ​ကြောင်း​ကို သူ​တစ်​ပါး​တို့​သည် သ​ခင်​ရှေ့၌ အ​ပြစ်​တင်​ကြ​သော်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​အား မြွက်ဆို​တော်မူ​သည်မှာ“သူဌေး​တစ်​ဦး​တွင် ဘဏ္ဍာစိုး​တစ်​ယောက်​ရှိ​၏။ ထို​ဘဏ္ဍာစိုး​သည် သူဌေး​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ဖြုန်းတီး​နေ​ကြောင်း တိုင်ကြား​သူ​ရှိ​သဖြင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ယေရှု​သည် တပည့်တော်တို့​အား “တစ်ခါက သူဌေး​တစ်ဦး​တွင် စီမံခန့်ခွဲသူ​တစ်ဦး​ရှိ၏။ ထို​သူ​သည် သူဌေး​၏​ဥစ္စာပစ္စည်းများ​ကို ဖြုန်းတီး​လျက် နေကြောင်း​ကို အခြား​သူများ​က သူဌေး​အား တိုင်ကြားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 16:1
19 ပူးပေါင်းရင်းမြစ်များ  

သ​ခင်​ဘု​ရား​က၊ အိမ်​ရှင်​သည် မိ​မိ​အိမ်​သား​တို့​အား အ​ချိန်​တန်​လျှင် အ​စား​အ​သောက်​တို့​ကို ဝေ​ဖန်​စေ​ခြင်း​ငှာ အ​အုပ်​အ​ချုပ်​ခန့်​ထား၍ သ​စ္စာ​နှင့်​လည်း​ကောင်း၊ သ​တိ​ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော​ကျွန်​ကား အ​ဘယ်​သူ​နည်း။-


ပြည့်​တန်​ဆာ​မိန်း​မ​တို့​နှင့် ပေါင်း​ဖော်၍ မိ​မိ​ဥ​စ္စာ​ကို​ဖြုန်း​သော ဤ​သား​ငယ် ရောက်​လာ​သော​အ​ခါ​မူ​ကား၊ အ​ဘ​သည် ဆူ​အောင်​ကျွေး​သော နွား​က​လေး​ကို သတ်​လေ​ပြီ​တ​ကား​ဟု ဆို၏။-


ထို​နောက်​များ​မ​ကြာ၊ သား​အ​ငယ်​သည် မိ​မိ​ဥ​စ္စာ​များ​ကို သိမ်း​ယူ၍ ဝေး​စွာ​သော​ပြည်​သို့ သွား​ပြီး​လျှင်၊ ထို​ပြည်​မှာ ကာ​မ​ဂုဏ်၌ လွန်​ကျူး​သော​အား​ဖြင့် ဥ​စ္စာ​ပြုန်း​တီး၍၊-


အ​ခြား​သော​သူ​သည် လာ၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် ပ​ဝါ၌​ထုပ်​ထား​သော ကိုယ်​တော်၏ ငွေ​တစ်​ပိဿာ​ရှိ​ပါ၏။ ကိုယ်​တော်​သည် ခဲ​ယဉ်း​သော​သူ​ဖြစ်​သည်​နှင့်၊-


တစ်​ဖန်​တုံ၊ သူ​ဌေး​တစ်​ယောက်​သည် နီ​မောင်း​သော က​မ္ဗ​လာ​နှင့်​ပိတ်​ချော​ကို ဝတ်​ဆင်၍၊ ကာ​မ​ဂုဏ်​စည်း​စိမ်၌ နေ့​တိုင်း ပျော်​မွေ့​လျက်​နေ၏။-


ဟေ​ရုဒ်​မင်း၏​စား​တော်​ကဲ ခု​ဇ၏​မ​ယား​ယော​ဟ​န္န​နှင့် ရှု​ရှ​န္န​မှ​စ၍ မိ​မိ​ဥ​စ္စာ​ကို​လှူ၍ ကိုယ်​တော်​ကို လုပ်​ကျွေး​သော အ​ခြား​မိန်း​မ​အ​များ ပါ​ကြ၏။


ည​အ​ချိန် ရောက်​သော​အ​ခါ စ​ပျစ်​ဥ​ယျာဉ်​ရှင်​က လုပ်​ဆောင်​သော သူ​တို့​ကို ခေါ်​ခဲ့​လော့။ နောက်​ဝင်​သော သူ​မှ​စ၍ အ​ရင်​အ​ဦး​ဝင်​သော သူ​တိုင်​အောင် အ​ခ​ကို​ပေး​လော့​ဟု မိ​မိ​စာ​ရေး​ကို မှာ​လိုက်​လေ၏။-


သ​ခင်​သည် ဘ​ဏ္ဍာ​စိုး​ကို ခေါ်၍၊ သင်၏​အ​မူ​အ​ရာ၌ ငါ​ကြား​ရ​သော​စ​ကား​ကား အ​ဘယ်​သို့​နည်း။ ဘ​ဏ္ဍာ​စိုး​အ​ရာ၌ မှတ်​သား​သော စာ​ရင်း​ကို ပေး​လော့။ ယ​ခု​မှ​စ၍ ဘ​ဏ္ဍာ​စိုး​မ​လုပ်​ရ​ဟု ဆို၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ