သို့သော် ယေရှုက “မစိုးရိမ်နှင့်။ ငါပင်ဖြစ်၏။ မကြောက်ရွံ့ကြနှင့်” ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။
လုကာ 12:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့၏အဖသည် သင်တို့အား နိုင်ငံတော်ကို ပေးရန် အလိုတော်ရှိတော်မူ၏။ Common Language Bible ``သိုးစုငယ်၊ မကြောက်နှင့်။ သင်တို့၏အဖ သည်သင်တို့အားနိုင်ငံတော်ကိုပေးရန် အလိုရှိတော်မူ၏။- Garrad Bible အို သိုး အုပ် ငယ်၊ မ ကြောက် နှင့်။ သင် တို့ အ ဘ သည် နိုင် ငံ တော် ကို ပေး ခြင်း ငှာ အ လို ရှိ တော် မူ၏။ Judson Bible သိုးစုငယ်၊ သင်တို့သည် မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အား နိုင်ငံကိုပေးခြင်းငှာ အလိုရှိတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သိုးစုငယ်၊ မကြောက်နှင့်။ အကြောင်းမူကား သင်တို့အဖသည် သင်တို့အား နိုင်ငံတော်ပေးရသည်ကို နှစ်သက်တော်မူ၏။ မြန်မာ သိုးစုငယ်၊ သင်တို့သည် မကြောက်ကြနှင့်။ သင်တို့အဘသည် သင်တို့အား နိုင်ငံကိုပေးခြင်းငှာ အလိုရှိတော်မူ၏။- |
သို့သော် ယေရှုက “မစိုးရိမ်နှင့်။ ငါပင်ဖြစ်၏။ မကြောက်ရွံ့ကြနှင့်” ဟု သူတို့အား ချက်ချင်းမိန့်တော်မူ၏။
ထို့ကြောင့် ယခု အကြီးမြတ်ဆုံးသောသူတို့သည် အသေးနုပ်ဆုံးဖြစ်လိမ့်မည်။ ယခုအသေးနုပ်ဆုံးသောသူတို့သည် အကြီးမြတ်ဆုံးဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့နောက် ရှင်ဘုရင်က သူ၏ လက်ယာတော်ဘက်၌ ရှိသောသူတို့အား ‘ငါ့ခမည်းတော်၏ ကောင်းချီးမင်္ဂလာကို ခံစားရသူတို့… လာကြလော့။ ကမ္ဘာတည်ကတည်းကပင် သင်တို့အဖို့ ပြင်ဆင်ထားသော နိုင်ငံတော်ကို အမွေဆက်ခံကြလော့။
ပရောဖက်အတုအယောင်များကို သတိပြုကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံ လာသော်လည်း အတွင်း၌မူ ကြမ်းကြုတ်သောဝံပုလွေများကဲ့သို့ ဖြစ်ကြ၏။
ထိုအချိန်၌ ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရွှင်လန်းလျက် “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။ မှန်ပါ၏အဖ။ ဤသည်မှာ အဖခမည်းတော် နှစ်သက်တော်မူသောအရာပင် ဖြစ်၏။
ယေရှုက “ငါ့နိုင်ငံသည် လောကီနိုင်ငံမဟုတ်။ ဟုတ်လျှင် ဂျူးခေါင်းဆောင်များ၏ဖမ်းဆီးခြင်းကို ငါမခံရစေရန် ငါ့တပည့်တို့က တိုက်ခိုက်ကြလိမ့်မည်။ သို့ရာတွင် ငါ့နိုင်ငံသည် ဤကမ္ဘာလောကမှ မဟုတ်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်၏အသွေးတော်နှင့် ရွေးဝယ်ထားသောဘုရားသခင်၏အသင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ထိုသိုးစုများကို ကြည့်ရှုပြုစုသူများအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခန့်ထားတော်မူ၏။
ကျွန်ုပ်ထွက်သွားသည့်နောက် သိုးစုကိုမညှာမတာ ကိုက်ဖြတ်စားတတ်သောဝံပုလွေတို့သည် သင်တို့အထဲ၌ ဝင်လာလိမ့်မည်ကို ကျွန်ုပ်သိ၏။
အပြစ်၏အဖိုးအခသည် သေခြင်းဖြစ်၏။ ဘုရားသခင် အခမဲ့ပေးတော်မူသောဆုကျေးဇူးမှာ ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်အားဖြင့် ရရှိသောထာဝရအသက်ဖြစ်၏။
လူ၏ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကို မသိနိုင်စေရန် ဘုရားသခင်သည် ဉာဏ်တော်ဖြင့် စီမံခန့်ခွဲထားတော်မူ၏။ ထို့ကြောင့် မိုက်မဲသောတရားဟု လူတို့ယူဆသည့် ကျွန်ုပ်တို့ဟောသောတရားအားဖြင့် ဘုရားသခင်သည် ယုံကြည်သောသူတို့ကို ကယ်တင်ရန် အလိုရှိတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်နှစ်သက်စေမည့်အရာကို ဆောင်ရွက်လိုသောစိတ်ဆန္ဒရှိရန်နှင့် ဆောင်ရွက်နိုင်စွမ်းရှိရန် သင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသောအရှင်သည် ဘုရားသခင်ဖြစ်တော်မူသောကြောင့်ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့ဘုရားသခင်သည် သင်တို့ကို ခေါ်တော်မူခြင်းနှင့် ထိုက်တန်သူများဖြစ်စေတော်မူရန် သင်တို့အတွက် ကျွန်ုပ်တို့အစဉ် ဆုတောင်းကြ၏။ သင်တို့သည် ကိုယ်တော်၏ တန်ခိုးတော်ကြောင့် ကောင်းမှုပြုလိုသောဆန္ဒနှင့် ယုံကြည်ခြင်းက လှုံ့ဆော်သောအမှုကို ပြီးမြောက်စေတော်မူရန် ကျွန်ုပ်တို့ဆုတောင်း၏။
ဤအရာသည် ဘုရားသခင်၏ တရားစီရင်တော်မူခြင်းက တရားမျှတကြောင်း ပေါ်လွင်သည့် အထောက်အထားဖြစ်ပြီး ထိုသို့ ဘုရားသခင်၏ နိုင်ငံတော်အတွက် ဆင်းရဲဒုက္ခခံရသောကြောင့် ထိုနိုင်ငံတော်နှင့် ထိုက်တန်သည်ဟု သတ်မှတ်ခံရရန် ရည်ရွယ်၏။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် မတုန်လှုပ်နိုင်သောနိုင်ငံကို ရရှိသဖြင့် ဘုရားသခင်ကို ကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့သည် ကြောက်ရွံ့ရိုသေလျက် ဘုရားသခင်နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကြစို့။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။
ထို့နောက် ဘုရားသခင်သည် သင်တို့အား ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်ရောက်ခွင့်ကို အပြည့်အဝပေးသနားတော်မူလိမ့်မည်။
ကိုယ်တော်သည် ကျွန်ုပ်တို့ကို လူမျိုးတော်ဖြစ်လာစေလျက် ခမည်းတော်ဘုရားသခင်ကို အစေခံသည့် ယဇ်ပုရောဟိတ်များဖြစ်စေတော်မူ၏။ ကိုယ်တော်၌ ဘုန်းအသရေနှင့်ဘုန်းတန်ခိုး အစဉ်ထာဝရ ရှိတော်မူပါစေသော။ အာမင်။
ညဟူ၍ ရှိတော့မည်မဟုတ်။ ဘုရားသခင်သည် အလင်းကို ပေးတော်မူမည်ဖြစ်၍ သူတို့သည် ဆီမီး၏အလင်းနှင့် နေ၏အလင်းကို လိုအပ်တော့မည်မဟုတ်။ သူတို့သည် အစဉ်ထာဝရ အုပ်စိုးကြလိမ့်မည်။