ခမည်းတော်သည် သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို ရှင်စေ၏။
ရှင်ယောဟန် 6:63 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဝိညာဉ်တော်ကသာ အသက်ရှင်စေ၏။ လူ့အားထုတ်မှုမှာမူ မည်သည့်အရာကိုမျှ မဖြစ်မြောက်စေနိုင်ပါ။ သင်တို့ကို ငါပြောသော စကားတို့သည် ဝိညာဉ်နှင့် အသက်ဖြစ်၏။ Common Language Bible ဘုရားသခင်၏ဝိညာဉ်တော်ကသာလျှင် အသက်ကိုရှင်စေနိုင်၏။ လူတို့၏တန်ခိုး စွမ်းရည်မူကားမည်သို့မျှမတတ်နိုင်။ သင် တို့အားငါပြောသောစကားသည်အသက် ရှင်စေသည့်ဝိညာဉ်တော်နှင့်သက်ဆိုင်၏။- Garrad Bible အသက်ရှင်ရာရှင်ကြောင်းကား နာမ်တည်း။ ရုပ်မှာမူမည်သည့်အကျိုးကိုမျှမပေးနိုင်။ သင်တို့အား ငါပြောသောစကားသည် နာမ်နှင့်အသက်ဖြစ်၏။ Judson Bible ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ဝိညာဉ်တော်ကသာ အသက်ရှင်စေ၏။ ကိုယ်ကာယသည် မည်သည့်အကျိုးကိုမျှမပေး။ ငါဟောပြောသောစကားတို့သည် ဝိညာဉ်ဖြစ်ပြီး အသက်လည်းဖြစ်၏။ မြန်မာ ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။- |
ခမည်းတော်သည် သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို ရှင်စေ၏။
ရှိမုန်ပေတရုက “သခင်… အကျွန်ုပ်တို့သည် မည်သူ့ထံသို့ သွားရပါမည်နည်း။ ထာဝရအသက်ကို ပေးသောစကားသည် သခင့်ထံ၌သာရှိ၏။
“ဗိမာန်တော်သို့ သွား၍ အသက်ရှင်ခြင်းတရားစကားအားလုံးကို လူတို့အား ပြောပြကြလော့” ဟု ဆိုလေ၏။
ထို့ကြောင့် ယုံကြည်ခြင်းသည် သတင်းကောင်းဟူသော ခရစ်တော်၏ အကြောင်းကို ကြားနာခြင်းမှ ဖြစ်လာ၏။
ဘုရားသခင်၏ ပညတ်တရားကို သင်လိုက်နာကျင့်သုံးလျှင် ဂျူးဓလေ့ထုံးတမ်းဖြစ်သော အရေပြားလှီးခြင်းမင်္ဂလာသည် အကျိုးရှိ၏။ သို့သော် ပညတ်တရားကို ချိုးဖောက်ပါက သင်၏ အရေပြားလှီးခြင်းသည် အရေပြားမလှီးသကဲ့သို့ပင်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အသက်ပေးပိုင်တော်မူသော ဝိညာဉ်တော်၏ တရားသည် ယေရှုခရစ်တော်အားဖြင့် သင့်ကို အပြစ်တရားနှင့် သေခြင်းတရား၏ လက်မှ လွတ်မြောက်စေသောကြောင့် ဖြစ်၏။
ကျမ်းစာ၌ “ပထမဆုံးလူအာဒံသည် အသက်ရှင်သောသူဖြစ်လာ၏” ဟု ရေးသားထား၏။ နောက်ဆုံးအာဒံသည် အသက်ရှင်စေသော ဝိညာဉ်ဖြစ်၏။
ဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို အသက်ရှင်စေသည်ဖြစ်လျှင် ဝိညာဉ်တော်လမ်းညွှန်မှုအတိုင်း အသက်ရှင်ကြစို့။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည့်အချက်မှာ အသစ်ဖန်ဆင်းခံရခြင်း ဖြစ်၏။
သင်တို့သည် ကျွန်ုပ်တို့ထံမှ ကြားနာသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် လက်ခံသောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်အမြဲကျေးဇူးတင်ကြ၏။ ထိုနှုတ်ကပတ်တော်သည် အမှန်ပင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသင်တို့အထဲတွင် သက်ဝင်လှုပ်ရှားတော်မူ၏။
ကိုယ်ကာယလေ့ကျင့်ခန်းသည် အနည်းငယ်သာ အကျိုးရှိသော်လည်း ဘုရားတရားကိုင်းရှိုင်းခြင်းမှာမူ အရာရာ၌ အကျိုးရှိ၏။ သင်တို့သည် ယခုဘဝ၊ နောင်ဘဝတွင် ဘုရားသခင်ကတိပြုတော်မူသော အကျိုးကို ရရှိမည်။
ထူးဆန်းသည့် အယူဝါဒအမျိုးမျိုး ဆွဲဆောင်ရာ နောက်သို့ မလိုက်ကြနှင့်။ စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေရာတွင် အစားအစာအားဖြင့် မဟုတ်ဘဲ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံစေလျှင် အကျိုးရှိ၏။ အစားအစာနှင့် ပတ်သက်သောပညတ်များကို လိုက်နာသောသူတို့မှာမူ မည်သည့်အကျိုးကိုမျှ မရရှိ။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထိရောက်ကာ သန်လျက်တကာတို့ထက် ထက်၏။ ထိုနှုတ်ကပတ်တော်သည် အသက်နှင့် စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးအဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ထိုးဖောက်ကာ ပိုင်းခြားနိုင်ပြီး လူတို့၏ စိတ်အတွင်းမှ တွေးတောကြံစည်မှုတို့ကို သိမြင်နိုင်၏။
ကိုယ်တော်သည် မိမိအလိုတော်နှင့်အညီ သမ္မာတရားစကားအားဖြင့် ကျွန်ုပ်တို့ကို ဖြစ်ပွားစေတော်မူ၏။ ဤအရာမှာ ဖန်ဆင်းတော်မူသမျှသောအရာတို့တွင် ကျွန်ုပ်တို့အား အဦးဆုံးသောအသီးကဲ့သို့ ဖြစ်စေရန် ဖြစ်၏။
သင်တို့သည် ပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောမျိုးစေ့ဖြစ်သည့် အသက်ရှင်၍ ထာဝရတည်မြဲသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားလာကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူသောကြောင့်ဖြစ်၏။ သင်တို့ကို ဘုရားသခင်ထံ ပို့ဆောင်ရန် ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာအားဖြင့် သေသော်လည်း ဝိညာဉ်အားဖြင့် ပြန်ရှင်တော်မူ၏။
ဤအရာသည် ယခုသင်တို့ကို ကယ်တင်သည့်နှစ်ခြင်းမင်္ဂလာကို ပုံဆောင်၏။ နှစ်ခြင်းမင်္ဂလာသည် ကိုယ်ခန္ဓာအညစ်အကြေးကို ဖယ်ရှားခြင်းမဟုတ်။ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းမှတစ်ဆင့် ကယ်တင်တော်မူခြင်းခံရကြောင်း လိပ်ပြာသန့်နိုင်ရန် ဘုရားသခင်ထံ တောင်းလျှောက်ခြင်းဖြစ်၏။