Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 2:25 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ဘုရားသခင်​၏ ပညတ်တရား​ကို သင်​လိုက်နာကျင့်သုံး​လျှင် ဂျူးဓလေ့ထုံးတမ်း​ဖြစ်သော အရေပြားလှီးခြင်း​မင်္ဂလာ​သည် အကျိုး​ရှိ၏။ သို့သော် ပညတ်တရား​ကို ချိုးဖောက်​ပါက သင်​၏ အရေပြား​လှီးခြင်း​သည် အရေပြား​မလှီး​သကဲ့သို့​ပင်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 သင်​သည်​ပညတ်​တ​ရား​ကို​စောင့်​ထိန်း​သူ​ဖြစ် ပါ​မူ သင်​၏​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​သည် အ​ဋ္ဌိပ္ပါယ်​ရှိ​၏။ သို့​ရာ​တွင်​အ​ကယ်​၍​ပ​ညတ် တ​ရား​ကို​ချိုး​ဖောက်​သူ​ဖြစ်​ပါ​က အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂလာ​မ​ခံ​ခဲ့​လျှင်​ပို​၍​ကောင်း​လိမ့် မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 သင် သည် ပ ညတ် တ ရား အ တိုင်း ပြု ကျင့် လျှင် လှီး ဖြတ် ခြင်း မင်္ဂ လာ အား ဖြင့် အ ကျိုး ရှိ သည် မှန်၏။ ပ ညတ် တ ရား ကို ကျူး လွန် သူ ဖြစ် မူ သင် ခံ သော မင်္ဂ လာ သည် မ ခံ သ ကဲ့ သို့ ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 သင်​သည် ပ​ညတ်​တ​ရား​ကို ကျင့်​လျှင်၊ အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် အ​ကျိုး​ရှိ၏။ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​လျှင်၊ သင်၏​အ​ရေ​ဖျား​လှီး​ခြင်း​သည် အ​ရေ​ဖျား​မ​လှီး​ဘဲ ဖြစ်​ပြန်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သင်​သည် ပညတ်​တရား​ကို​ကျင့်သုံး​လျှင် အရေဖျား​လှီး​ခြင်း​သည် အမှန်ပင်​အကျိုး​ရှိ​၏။ သို့သော် သင်​သည် ပညတ်​တရား​ကို​ဖောက်ဖျက်​ကျူးလွန်​သူ​ဖြစ်​ပါက သင်​၏​အရေဖျား​လှီး​ခြင်း​သည် အရေဖျား​မ​လှီး​ခြင်း​ဖြစ်​သွား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 2:25
16 ပူးပေါင်းရင်းမြစ်များ  

ခေါင်းမာသော​လူမျိုး​တို့… သင်တို့​၏​နားများ​သည် မည်သည့်​အခါမျှ နားမထောင်။ သင်တို့​၏​စိတ်နှလုံး​သည်လည်း မည်သည့်​အခါမျှ နောင်တ​မရ။ သင်တို့​သည် သင်တို့​၏​ဘိုးဘေးများ ပြုခဲ့သည့်​အတိုင်း သန့်ရှင်းသော​ဝိညာဉ်တော်​ကို အမြဲတစေ ဆန့်ကျင်​လျက်​ရှိ၏။


အဘယ်ကြောင့်ဆိုသော် ပညတ်တရား​ကို ကြားနာ​ရုံမျှ​ကြားနာသောသူ​သည် ဘုရားသခင်​ရှေ့တော်​၌ မဖြောင့်မတ်ဘဲ ပညတ်တရား​ကို လိုက်နာ​ကျင့်သုံးသောသူ​သာလျှင် ဖြောင့်မတ်​သောကြောင့်​ဖြစ်၏။


သင်​သည် ပညတ်တရား​ကို သိသည်​ဟူ၍ အလွန်​ကြွားဝါ​လျက်နှင့် ထို​တရား​ကို ချိုးဖောက်ခြင်း​အားဖြင့် ဘုရားသခင်​ကို မရိုမသေ​ပြုသလော။


အရေပြားလှီးခြင်း​မင်္ဂလာ​ကို​မခံယူသော လူမျိုးခြားတို့​သည် ပညတ်တရား​၏​ပြဋ္ဌာန်းချက်တို့​ကို လိုက်နာကျင့်သုံး​ပါက သူတို့​၏ အရေပြား​မလှီးခြင်း​ကို အရေပြားလှီးခြင်း​အဖြစ် ဘုရားသခင်​မှတ်ယူတော်မူမည်​မဟုတ်လော။


သင်​သည် ပညတ်ကျမ်း​နှင့် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ရရှိ​ခံယူထား​လျက်နှင့် ထို​ပညတ်တရား​ကို​ချိုးဖောက်၏။ သို့ဖြစ်လျှင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို မခံယူ​သော်လည်း ပညတ်တရား​ကို လိုက်နာကျင့်သုံးသော​လူမျိုးခြားတို့​သည် သင်တို့​ကို အပြစ်တင်ကြ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် ဂျူးလူမျိုး​မိဘများ​မှ မွေးဖွား​ရုံနှင့် ဂျူးလူမျိုး​အစစ်​ဖြစ်သည်​မဟုတ်​သောကြောင့်​ပင်။ အပြင်ပန်း​လက္ခဏာ​အားဖြင့် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ကျင့်ထုံး​နှင့်အညီ ခံယူ​ထားရုံ​နှင့်လည်း အရေပြားလှီးခြင်း အစစ်​ဖြစ်သည်​မဟုတ်။


အဘယ်ကြောင့်ဆိုသော် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသည်​ဖြစ်စေ မခံယူဘဲ​နေသည်​ဖြစ်စေ ထို​အရာ​သည် အဓိက​မကျ။ ဘုရားသခင်​၏ ပညတ်တော်​ကို လိုက်နာဆောင်ရွက်ခြင်း​သည်သာ အဓိက​ကျ၏။


အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသော​သူတို့​ပင်လျှင် ကိုယ်တိုင် ပညတ်တရား​ကို လိုက်နာ​ကျင့်သုံးကြသည်​မဟုတ်။ ထို​သူတို့​သည် သင်တို့​၏ အသွေးအသား​၌ အရေပြားလှီးခြင်း​အပေါ် ကြွားဝါ​နိုင်ရန် သင်တို့​အား အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူ​စေလိုကြခြင်း ဖြစ်၏။


အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသည်​ဖြစ်စေ၊ မခံယူဘဲနေသည်​ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည့်​အချက်မှာ အသစ်​ဖန်ဆင်းခံရခြင်း ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ