ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိသည့် တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့သိမြင်နိုင်ရန် ဖော်ပြတော်မူပြီ။
ရှင်ယောဟန် 17:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤလောကထဲမှ ရွေးကောက်၍ အကျွန်ုပ်ထံ ပေးအပ်တော်မူသောသူတို့အား ကိုယ်တော်အကြောင်းကို အကျွန်ုပ်ဖော်ပြခဲ့ပါပြီ။ ကိုယ်တော်သည် ထိုသူတို့ကို ပိုင်တော်မူ၍ အကျွန်ုပ်အား ပေးအပ်တော်မူပြီ။ သူတို့သည်လည်း ကိုယ်တော်၏ နှုတ်ကပတ်တရားတော်ကို လိုက်နာကြပါပြီ။ Common Language Bible ``ဤလောကထဲမှရွေးချယ်၍အကျွန်ုပ်လက် သို့ကိုယ်တော်ပေးအပ်တော်မူသောသူတို့အား အကျွန်ုပ်သည်ကိုယ်တော်ရှင့်အကြောင်းကို ကြားသိစေပါပြီ။ ထိုသူတို့ကိုကိုယ်တော် ပိုင်သဖြင့် အကျွန်ုပ်အားပေးအပ်တော်မူပါ ပြီ။ သူတို့သည်ကိုယ်တော်၏နှုတ်ကပတ် တရားတော်ကိုလိုက်နာကြပါပြီ။- Garrad Bible ဤလောကထဲမှ ပေးအပ်တော်မူသောသူတို့အား နာမတော်ကိုအကျွန်ုပ်ဖော်ပြပါပြီ။ ထိုသူတို့သည် ကိုယ်တော်ပိုင်မှန်လျက် အကျွန်ုပ်အားသနားတော်မူသူများ ဖြစ်သည့်အလျောက် ကိုယ်တော်၏တရားတော်ကိုစောင့်ရှောက်ကြပါပြီ။ Judson Bible ဤလောကထဲမှယူ၍ အကျွန်ုပ်၌ အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏ နာမကိုပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည်ပိုင်တော်မူသဖြင့် အကျွန်ုပ်အား ပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ်တရားကို သူတို့သည်စောင့်ကြပါ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤလောကထဲမှ ကိုယ်တော်ရွေးကောက်၍ အကျွန်ုပ်ထံပေးအပ်တော်မူသောသူတို့အား ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်ထင်ရှားစေပါပြီ။ ထိုသူတို့သည် ကိုယ်တော်ပိုင်တော်မူသောသူများဖြစ်ကြ၍ ကိုယ်တော်သည် သူတို့ကို အကျွန်ုပ်ထံပေးအပ်တော်မူ၏။ သူတို့သည်လည်း ကိုယ်တော်၏နှုတ်ကပတ်တရားကို လိုက်နာစောင့်ထိန်းကြပါပြီ။ မြန်မာ ဤလောကထဲမှယူ၍ အကျွန်ုပ်၌ အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏ နာမကိုပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည်ပိုင်တော်မူသဖြင့် အကျွန်ုပ်အား ပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ်တရားကို သူတို့သည်စောင့်ကြပါ၏။- |
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိသည့် တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့သိမြင်နိုင်ရန် ဖော်ပြတော်မူပြီ။
‘အို အဖ… အဖ၏နာမတော်ကို ဘုန်းကြီးစေတော်မူပါ’ ” ဟု မြွက်ဆိုတော်မူ၏။ ထိုအခါ ကောင်းကင်မှ “ငါ၏နာမတော်ကို ဘုန်းကြီးစေပြီ။ ထပ်မံ၍လည်း ဘုန်းကြီးစေဦးမည်” ဟူသော အသံတော်ထွက်ပေါ်လာ၏။
သင်တို့သည် ဤလောကီနှင့် သက်ဆိုင်သူများဖြစ်ပါက လောကီသားတို့သည် မိမိတို့၏မိသားစုဝင်များကဲ့သို့ သင်တို့ကို ချစ်ကြလိမ့်မည်။ သို့သော် သင်တို့သည် ဤလောကနှင့် မသက်ဆိုင်။ ငါသည် သင်တို့ကို ဤလောကမှ ရွေးချယ်ထားသောကြောင့် လောကီသားတို့သည် သင်တို့ကို မုန်းကြ၏။
သို့သော် သင်တို့သည် ငါ၌ တည်၍ ငါ့စကားတို့သည် သင်တို့၌ တည်လျှင် သင်တို့တောင်းလျှောက်သမျှသော အရာတို့ကို ရရှိကြလိမ့်မည်။
အကျွန်ုပ်သည်လည်း ထိုသူတို့နှင့်အတူရှိစဉ် အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသော ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သူတို့ကို ကာကွယ်ခဲ့ပါ၏။ ထိုသူတို့တွင် ပျက်စီးထိုက်သူတစ်ဦးမှလွဲ၍ အခြားမည်သူမျှ မပျက်စီးစေရန်လည်း ကျွန်ုပ်စောင့်ရှောက်ခဲ့ပါ၏။ ထိုသူ ပျက်စီးခြင်းမှာ ကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပျက်လာရန်ဖြစ်၏။
အကျွန်ုပ်သည် အဖ၏နှုတ်ကပတ်တော်ကို သူတို့အား ပေးအပ်ပါပြီ။ အကျွန်ုပ်သည် လောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း လောကနှင့် မသက်ဆိုင်ကြပါ။ ထို့ကြောင့် လောကီသားတို့သည် သူတို့ကို မုန်းကြ၏။
အကျွန်ုပ်သည် ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့် မသက်ဆိုင်ကြပါ။
သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးနိုင်ရန် ကိုယ်တော်သည် သားတော်အား လူသားအားလုံးအပေါ် အုပ်စိုးရသောအခွင့်အာဏာကို ပေးအပ်ထားတော်မူပြီ။
အို အဖ… အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူတို့ကို အကျွန်ုပ်ရှိမည့်အရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ ပေးတော်မူသော ဘုန်းအသရေကို သူတို့တွေ့မြင်ပါလိမ့်မည်။
ကိုယ်တော်အကြောင်းကို သူတို့ထံ၌ အကျွန်ုပ်ဖော်ပြခဲ့ပါပြီ။ ဆက်လက်၍လည်း ဖော်ပြပါမည်။ သို့မှသာ အကျွန်ုပ်အပေါ် ထားသော ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် သူတို့၌ တည်၍ အကျွန်ုပ်သည်လည်း သူတို့၌ တည်လိမ့်မည်” ဟု တောင်းလျှောက်တော်မူ၏။
အကျွန်ုပ်ထံ၌ရှိသမျှသောအရာတို့သည် ကိုယ်တော်ထံမှ ဖြစ်ကြောင်းကို ယခု ထိုသူတို့သိကြပါပြီ။
ဤသို့ မိန့်တော်မူခြင်းမှာ “ကိုယ်တော် အကျွန်ုပ်အား ပေးအပ်တော်မူခဲ့သောသူ တစ်ယောက်မျှ ပျက်စီးခြင်းမရှိပါ” ဟု ယခင်က မိမိမိန့်တော်မူခဲ့သောစကားတော် ဖြစ်လာရန်ပင်ဖြစ်၏။
ငါ့ကို ခမည်းတော်ပေးအပ်တော်မူသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည် ငြင်းပယ်မည်မဟုတ်ပါ။
ဘုရားသခင်၏ အလိုတော်မှာ ငါ့ကို ပေးအပ်ထားတော်မူသောသူများထဲမှ တစ်ဦးတစ်ယောက်ကိုမျှ မဆုံးရှုံးစေဘဲ နောက်ဆုံးသောနေ့တွင် ထိုသူတို့ကို သေရာမှ ထမြောက်စေရန်ဖြစ်၏။
သင်တို့အား ငါအမှန်ဆို၏။ ငါ့သွန်သင်ချက်ကို လိုက်နာသောသူသည် မည်သည့်အခါမျှ မသေရ” ဟု မိန့်တော်မူ၏။
ဂျူးလူမျိုးတို့က “သင်သည် နတ်ဆိုးပူးသောသူဖြစ်ကြောင်း ယခုငါတို့ သိပြီ။ အာဗြဟံနှင့် ပရောဖက်တို့သည်လည်း သေဆုံးကြ၏။ သို့သော်လည်း သင်က ‘ငါ့သွန်သင်ချက်ကို လိုက်နာသောသူသည် မည်သည့်အခါမျှ မသေရ’ ဟု ဆို၏။
ဤစကားကို လူမျိုးခြားများကြားကြသောအခါ ဝမ်းမြောက်၍ သခင်ဘုရား၏နှုတ်ကပတ်တရားတော်ကို ချီးမွမ်းကြ၏။ ထာဝရအသက်ရရန် ဘုရားသခင်ရွေးချယ်တော်မူသောသူရှိသမျှတို့သည် ယုံကြည်သက်ဝင်လာကြ၏။
ဘုရားသခင်သည် ကနဦးကတည်းကပင် ရွေးကောက်ထားတော်မူသော မိမိလူမျိုးတော်ကို စွန့်ပယ်တော်မမူခဲ့ပေ။ ပရောဖက်ဧလိယသည် အစ္စရေးလူမျိုးတို့ကို ဘုရားသခင်ထံ တိုင်တန်းခဲ့၏။ ထိုအကြောင်းနှင့်ပတ်သက်၍ ကျမ်းစာ၌ မည်သို့ဖော်ပြထားသည်ကို သင်တို့မသိကြသလော။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ မျက်နှာတော်၌ ထွန်းလင်းသည့် မိမိဘုန်းတော်ကို သိနိုင်သောဉာဏ်အလင်းကို ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ထွန်းလင်းစေတော်မူ၏။
ခရစ်တော်၏ တရားတော်ကို သင်တို့အထဲ၌ ပြည့်ပြည့်ဝဝတည်စေကြလော့။ တစ်ဦးကိုတစ်ဦး ဉာဏ်ပညာအမျိုးမျိုးဖြင့် သွန်သင်၍ သတိပေးဆုံးမကြလော့။ ကျေးဇူးတင်သောစိတ်နှင့် ဆာလံသီချင်းများ၊ ဓမ္မသီချင်းများ၊ ဝိညာဉ်ရေးရာသီချင်းများကို ဘုရားသခင်ထံ လှိုက်လှိုက်လှဲလှဲသီဆိုကြလော့။
ကျွန်ုပ်ထံမှ ကြားရသည့် မှန်ကန်သောတရားစကားကို စံနမူနာအဖြစ် ခံယူ၍ ခရစ်တော်ကို ဆက်လက်ယုံကြည်လျက် လူတို့ကို ချစ်လော့။ ဤသို့ သင်လုပ်ဆောင်နိုင်သည်မှာ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းရှိသောကြောင့်ဖြစ်၏။
ယေရှုခရစ်တော်က “အကျွန်ုပ်၏ညီအစ်ကိုမောင်နှမများထံ ကိုယ်တော်၏ နာမတော်ကို ပြောကြားပါမည်။ စုဝေးကြသောသူများအလယ်၌ ကိုယ်တော်အား သီချင်းဆို၍ ချီးမွမ်းပါမည်” ဟု မိန့်တော်မူ၏။
သို့သော် ခရစ်တော်သည် သားတော်တစ်ပါးအဖြစ် ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးရာတွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့၏ စိတ်ချယုံကြည်မှုနှင့်ဂုဏ်ယူဝင့်ကြွားစရာ မျှော်လင့်ခြင်းကို ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ တမန်တော်ပေတရုဖြစ်၏။ ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှပြည်၊ ဗိသုနိပြည်တို့တွင် ကွဲလွင့်ပျံ့နှံ့လျက် ဧည့်သည်များအဖြစ် နေထိုင်ကြသည့် ဘုရားသခင်ရွေးချယ်တော်မူသော လူများထံသို့ ကျွန်ုပ်စာရေးလိုက်၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။
သင်သည် စာတန်အုပ်စိုးသည့်နေရာ၌ နေကြောင်းကို ငါသိ၏။ သို့သော် သင်သည် ငါ၏နာမကို စွဲကိုင်နေလျက်ရှိသေး၏။ ငါ၏သစ္စာရှိသောသက်သေခံ အန္တိပသည် ဤစာတန်အုပ်စိုးသည့်နေရာ၌ အသတ်ခံရချိန်၌ပင် သင်သည် ငါ့အပေါ် ထားရှိသော သင်၏ယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ပေ။
သင်သည် ငါသွန်သင်သည့်အတိုင်း သည်းခံလျက်နေခဲ့၏။ ထို့ကြောင့် ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့ကို စစ်ဆေးရန်အတွက် ကမ္ဘာတစ်ဝန်းလုံးအပေါ် ကျရောက်မည့်စုံစမ်းနှောင့်ယှက်ခြင်းကာလမှ သင်တို့ကို ငါကယ်တင်မည်။
သင်၏လုပ်ဆောင်မှုကို ငါသိ၏။ သင်သည် အားနည်းသော်လည်း ငါ၏သွန်သင်ချက်ကို လိုက်နာ၍ ငါ၏တပည့်တော်ဖြစ်ကြောင်းကို မငြင်းပယ်ခဲ့။ ထို့ကြောင့် သင့်ရှေ့မှာ တံခါးကို ငါဖွင့်ထားပြီ။ ထိုတံခါးကို မည်သူမျှမပိတ်နိုင်။