ရှင်ယောဟန် 13:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အားလုံးကို ရည်ညွှန်း၍ ငါပြောသည်မဟုတ်။ ငါရွေးချယ်ထားသောသူတို့ကို ငါသိ၏။ သို့ရာတွင် ‘ငါနှင့်အတူ လက်ဆုံစားသောသူသည် ငါ့ကို ပုန်ကန်လေပြီ’ ဟု ကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်လာရမည်။ Common Language Bible ``သင်တို့အားလုံးကိုရည်မှတ်၍ငါပြောသည် မဟုတ်။ ငါရွေးကောက်ထားသူများကိုငါသိ ၏။ သို့သော်ကျမ်းစာတော်တွင်`ငါ၏ထမင်းကို စားသူသည်ငါ့ကိုခြေနှင့်ကျောက်လေပြီ' ဟု ပါရှိသည်အတိုင်းဖြစ်ပျက်ရမည်။- Garrad Bible သင်တို့သိသမျှနှင့်စပ်၍ထိုသို့ငါပြောသည်မဟုတ်။ ငါသိလျက်နှင့် လူတို့ကိုရွေးကောက်သည်မှာ ငါ့ထမင်းကိုစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်ကန်လေပြီဟူသော ကျမ်းချက်အတိုင်းပြည့်စုံစေခြင်းငှါတည်း။ Judson Bible သင်တို့ရှိသမျှကို ငါရည်မှတ်၍ ပြောသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ ကျမ်းစာချက် ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အားလုံးကို ငါရည်ညွှန်းပြောဆိုသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ သို့သော် ‘ငါ့မုန့်ကိုစားသောသူသည် ငါ့ကို ဖနောင့်နှင့်ပေါက်လေ၏’ဟူသောကျမ်းချက်သည် ပြည့်စုံရမည်။ မြန်မာ သင်တို့ရှိသမျှကို ငါရည်မှတ်၍ ပြောသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ ကျမ်းစာချက် ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်သတည်း။- |
သူတို့သည် စားသောက်နေကြစဉ် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုက “ငါ့နှင့်အတူ ပန်းကန်တွင် မုန့်ကို တို့စားသောသူသည် ငါ့ကိုသစ္စာဖောက်လိမ့်မည်။
ညနေချမ်းအချိန် ရောက်သောအခါ ကိုယ်တော်သည် တပည့်တော် ဆယ့်နှစ်ပါးနှင့်အတူ ကြွလာတော်မူ၏။
သူတို့သည် စားပွဲ၌ ထိုင်လျက် စားသောက်နေကြစဉ် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ ငါနှင့်အတူ စားနေသော သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ကိုယ်တော်က “ထိုသူသည် သင်တို့ဆယ့်နှစ်ပါးထဲမှ ဖြစ်၍ ငါ့နှင့်အတူ ပန်းကန်တွင် မုန့်ကို တို့စားသောသူဖြစ်၏။
ဤအကြောင်းအရာများကို ပြောဆိုပြီးနောက် ယေရှုသည် အလွန်စိတ်ပူပန်တော်မူလျက် “သင်တို့အား ငါအမှန်ဆို၏။ သင်တို့အထဲမှ တစ်ယောက်သည် ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
မည်သူကို ရည်ညွှန်း၍ မိန့်တော်မူသည်ကို တပည့်တော်တို့သည် တွေးတောလျက် အချင်းချင်းတစ်ဦးကိုတစ်ဦး ကြည့်ကြ၏။
ယေရှုက “ဤမုန့်တစ်ဖဲ့ကို ပန်းကန်တွင် ငါနှစ်၍ ပေးမည့်သူသည် ထိုသူဖြစ်သည်” ဟု ဖြေတော်မူ၏။ ထို့နောက် ယေရှုသည် မုန့်တစ်ဖဲ့ကို ပန်းကန်တွင် နှစ်၍ ရှိမုန်ရှကာရုတ်၏သား ယုဒအား ပေးတော်မူ၏။
သင်တို့သည် ငါ့ကို ရွေးချယ်ခဲ့သည်မဟုတ်။ ငါသည် သင်တို့ကို ရွေးချယ်၏။ တည်မြဲမည့်အသီးကို သင်တို့သီးစေရန် ငါခန့်ထား၏။ သို့ဖြစ်၍ ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ သင်တို့တောင်းသမျှကို ခမည်းတော်မှ ပေးတော်မူရန် ဖြစ်၏။
သင်တို့သည် ဤလောကီနှင့် သက်ဆိုင်သူများဖြစ်ပါက လောကီသားတို့သည် မိမိတို့၏မိသားစုဝင်များကဲ့သို့ သင်တို့ကို ချစ်ကြလိမ့်မည်။ သို့သော် သင်တို့သည် ဤလောကနှင့် မသက်ဆိုင်။ ငါသည် သင်တို့ကို ဤလောကမှ ရွေးချယ်ထားသောကြောင့် လောကီသားတို့သည် သင်တို့ကို မုန်းကြ၏။
ဤအရာသည် ကျမ်းစာတွင် ‘သူတို့သည် ငါ့ကို အကြောင်းမဲ့ မုန်းကြ၏’ ဟု ဖော်ပြထားသည့်အတိုင်း ဖြစ်လာရန်ဖြစ်၏။
အကျွန်ုပ်သည်လည်း ထိုသူတို့နှင့်အတူရှိစဉ် အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသော ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သူတို့ကို ကာကွယ်ခဲ့ပါ၏။ ထိုသူတို့တွင် ပျက်စီးထိုက်သူတစ်ဦးမှလွဲ၍ အခြားမည်သူမျှ မပျက်စီးစေရန်လည်း ကျွန်ုပ်စောင့်ရှောက်ခဲ့ပါ၏။ ထိုသူ ပျက်စီးခြင်းမှာ ကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ပျက်လာရန်ဖြစ်၏။
ဤသည်မှာ မိမိမည်သို့အသေခံရမည်ကို ကြိုတင်ဟောခဲ့သော ယေရှု၏စကားတော်အတိုင်း ဖြစ်ပျက်လာခြင်းဖြစ်၏။
ထို့ကြောင့် သူတို့က “ဤအင်္ကျီကို မဆုတ်ဖြဲဘဲ မည်သူရမည်ကို မဲနှိုက်ကြစို့” ဟု အချင်းချင်းပြောဆိုကြ၏။ ပြောဆိုသည့်အတိုင်းလည်း ပြုကြ၏။ ဤသို့ပြုကြခြင်းသည် “ငါ၏ အဝတ်တို့ကို ခွဲဝေ၍ အတွင်းအင်္ကျီကိုမူ မဲနှိုက်ယူကြ၏” ဟု ကျမ်းစာ၌ ဖော်ပြထားသောအချက်အတိုင်း ဖြစ်လာခြင်းဖြစ်၏။
ဤသို့ဖြစ်ပျက်ရခြင်းမှာ “သူ၏ အရိုးတစ်ချောင်းမျှ မကျိုးစေရ” ဟူ၍ ကျမ်းစာတွင် ဖော်ပြထားသည့်အရာ ဖြစ်လာရန်ပင်ဖြစ်၏။
ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မေးတော်မူ၏။ ဤသို့ “သင်သည် ငါ့ကို ချစ်သလော” ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသဖြင့် ပေတရုသည် စိတ်ထိခိုက်၍ “သခင်… သခင်သည် အရာအားလုံးကို သိတော်မူ၏။ အကျွန်ုပ်သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့။
ထိုအခါ ယေရှုက “သင်တို့ ဆယ့်နှစ်ဦးကို ငါရွေးချယ်ခဲ့ပြီ။ သို့ရာတွင် သင်တို့အနက် တစ်ဦးသည် မာရ်နတ်ဖြစ်၏” ဟု မိန့်တော်မူ၏။
“ညီအစ်ကိုမောင်နှမတို့… ယေရှုကို ဖမ်းဆီးသောသူတို့အား ဦးဆောင်လာသည့် ယုဒအကြောင်းနှင့်ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်က ဒါဝိဒ်မင်းကြီး၏နှုတ်အားဖြင့် ကြိုတင်ဟောပြောသော ကျမ်းချက်သည် ဖြစ်လာရမည်။
ကျွန်ုပ်တို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်တော်သည် သခင်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့သည် ယေရှုအတွက် သင်တို့၏ အစေအပါးများဖြစ်ကြောင်းကို ဟောပြောကြခြင်းဖြစ်၏။
ဖန်ဆင်းတော်မူသောအရာမှန်သမျှသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှား၏။ ဘုရားသခင်၏ မျက်မှောက်တော်တွင် မထင်ရှားသည့်အရာ တစ်စုံတစ်ခုမျှ မရှိပေ။ ကျွန်ုပ်တို့သည် မိမိတို့၏လုပ်ဆောင်ချက်များအတွက် ထိုအရှင်ထံ ဝန်ခံကြရမည်။
ငါသည် သူ၏သားသမီးများကို အသက်ဆုံးစေမည်။ ငါသည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်ကိုဆန်းစစ်သောသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့သည် သိကြလိမ့်မည်။ သင်တို့အသီးသီး၏အကျင့်နှင့်အညီ ထိုက်သင့်သည့်အတိုင်း ငါပေးဆပ်မည်။